မန်ကျည်း

အပင်သရုပ်
အခေါက်
ပန်းခိုင်နှင့် ပန်းပွင့်
အရွက်
အသီး
အစေ့

မြန်မာအမည် – မန်ကျည်း

အင်္ဂလိပ်အမည် – Tamarind

ရုက္ခဗေဒအမည် Tamarindus indica L.

မျိုးရင်း – Fabaceae

ပြန်နှံ့ပေါက်ရောက်ပုံ – မူရင်းဒေသအဖြစ်  အာဖရိကတိုက် အရှေ့ပိုင်းတွင်တွေ့ရပြီး အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့၌ ပေါက် ရောက်ကြသည်။

အပင်သရုပ် – အမြင့် ၂၅ မီတာကျော်ခန့်မြင့်၍  ခိုင်ခံ့သော ပင်စည်နှင့် အပင်ထက် တွင် အုပ်ဆိုင်းဝေဆာ လှပပြီး ကြီးမားသော ရွက်အုပ် ရှိသည်။

အခေါက် – အပင်ငယ်စဉ်တွင် အညိုရောင်သန်း၍ အသက်ရင့်လာ သည်နှင့် အမျှ ထွန်သွားကဲ့သို့ အကြေးခွံပုံသဏ္ဍာန်များ ဒေါင်လိုက်အစင်းကြောင်းများ ဖြစ်ပေါ်လာသည်။

အရွက် – ငှက်မွေးပုံ ရွက်ပေါင်းဖြစ်ပြီး ရွက်လွှဲထွက်ကြသည်။ အရွက်နု ရွက်မြွှာများသည် သေးငယ်၍ နူးညံ့ပြီး မျက်နှာချင်းဆိုင် ထွက်သည်။

ပန်းခိုင် – ပန်းများသည် သေးငယ်၍ ပွင့်ဖတ် အဝါရောင် ပေါ်တွင် အနီ စက်များ ပါရှိကြသည်။  အဆုံးမရှိပန်းခိုင် အမျိုးအစားဖြစ် သည်။ 

ပန်းပွင့် – လိင်စုံပန်းပွင့်အမျိုးအစားဖြစ်ပြီး အခိုင်တစ်ခိုင်တွင် ပန်းပွင့် ၁၀ ပွင့် မှ ၁၅ ပွင့် အထိပါရှိသည်။ အဆုံးမရှိပန်းခိုင် အမျိုး အစား ဖြစ်သည်။

အသီးနှင့်အစေ့ – အသီးတောင့်ရှည်မျိုး ဖြစ်ပြီးအသီးတောင့်သည် ၃ လက်မမှ ၆ လက်မခန့် ရှည်ပြီး အသားထူသည်။ အညိုရောင်ရှိသော အစေ့ပြားများသည် အသီးတောင့် အလယ်၌ တန်းစီ၍ပါ ရှိကြသည်။

ပွင့်သီးချိန် – နိုဝင်ဘာလမှ ဒီဇင်ဘာလ အထိပန်းပွင့်ပြီး  ဖေဖော်ဝါရီလမှ မတ်လ အထိအသီးသီးချိန်ဖြစ်သည်။

အသုံးဝင်မှု – စားသုံးကုန်များ၊ စင်းနီတုံး၊ လှေ၊ လှည်း နှင့် ဆောက်လုပ်ရေးတွင်လည်းအသုံးပြုသည်။

Habit
Bark
Inflorescence and Flowers
Leaf
Fruits
Seeds

Myanmar Name – Magyi

Common Name – Tamarind

Botanical Name – Tamarindus indica L.

Family Name – Fabaceae

Habitat – Tropical climate and are often found in regions with a distinct dry season. They can tolerate a range of soil types, including sandy, loamy, and clay soils, as long as there is good drainage. Tamarind trees are commonly grown in tropical countries in Asia, Africa, and the Americas.

Habit – Medium to large-sized trees, reaching heights of up to 25 meters (82 feet). They have a long, spreading canopy with dense foliage.

Bark – Bark brown to brownish-black, rough with vertical fissures; branchlets warty, tomentose.

Leaves – Paripinnate, alternate; stipules lateral, minute, cauducous; rachis 8-13 cm long, slender, glabrous, pulvinate; leaflets 20-34, opposite, sessile, estipellate; lamina 1.5-4 x 0.4-1.3 cm, oblong, base unequal, apex obtuse, margin entire, glabrous, chartaceous; lateral nerves 10-15 pairs, pinnate, slender, obscure, looped at the margin forming intramarginal nerve; intercostae reticulate, obscure.

Inflorescence – Small cluster, inconspicuous flowers ,pale yellow to light brown in color.

Flower – Bisexual, 1 cm across, yellow with reddish-pink dots, in lax terminal racemes; bracts and bracteoles ovate-oblong, coloured, cauducous; pedicels upto 5 mm; calyx tube narrowly turbinate, lined by disc; lobes 4, subequal, oblong, imbricate; petals 3, outer one, 1 x 0.3 cm, rolled up, pink dotted, lateral 2, 1-1.5 x 0.7-1 cm, clawed, subequal, oblong-lanceolate, lower pair scaly; stamens 9 monadelphous, only 3 fertile, others reduced to bristle, base pubescent; anthers versatile.

Fruit– Pod 10-15 x 1-2 cm, oblong, fruit wall crustaceous, mesocarp pulpy, endocarp septate, leathery, indehiscent.

Seed – Seeds 3-8 or more, obovoid-orbicular, compressed, brown.

Flowering and Fruiting Time – Flowering in May to June and fruiting in July to October.

Usage – Consumer goods red stripe boat Also used in carts and construction.

FD-APFNet (IFEM) Project

Scroll to Top