ထိုင်ဝမ်ဗန်ဒါ

အပင်သရုပ်
အခေါက်
ပန်းခိုင်နှင့် အရွက်
ပန်းပွင့်
အသီး
အစေ့

မြန်မာအမည် – ထိုင်ဝမ်ဗန်ဒါ

အင်္ဂလိပ်အမည် – Madagascar Almond

ရုက္ခဗေဒအမည် Terminalia mantaly L.

မျိုးရင်း – Combretaceae

ပြန်နှံ့ပေါက်ရောက်ပုံ – မူရင်းဒေသအဖြစ် အာဖရိကတိုက်တွင်ပေါက်ရောက်ပြီး ရွက်ကြွေတောများနှင့် အပူပိုင်း ဒေသများတွင်ပေါက်ရောက်သည်။

အပင်သရုပ် – အပင်အမြင့် ၁၅ မီတာ ခန့်ရှိနိုင်ပြီး အပင်လတ် အမျိုးအစား ဖြစ်သည်။ လုံးဝန်းသော ရွက်အုပ်ရှိသည်။

အခေါက် – အပင်ငယ်စဉ်တွင် ချောမွေ့ပြီး အသက်ရင့်လာသည်နှင့်အမျှ ကြမ်းတမ်း၍ အညိုရင့်ရောင် ရှိသည်။

အရွက် – ရွက်လွဲထွက်သည့် ရွက်ထီးအမျိုးအစားဖြစ်သည်။ အရွက်မှာ ဘဲဥပုံသဏ္ဍာန်ရှိပြီး စိမ်းရင့် ရောင်ရှိ၍ ချောမွေ့သော မျက်နှာပြင် ရှိသည်။

ပန်းခိုင် – ထိပ်ထွက်ကြားထွက်အဆုံးရှိပန်းခိုင်အမျိုးအစားဖြစ်ပြီး အဝါရောင်သန်းသည်။

ပန်းပွင့် – သေးငယ်ပြီး အဝါရောင်သန်းသည်။ ပွင့်ချပ် ၅ ခုပါရှိပြီး ဝတ်စုံတိုင်များစွာပါရှိ၍ လိင်စုံ ပန်းပွင့် အမျိုးအစားဖြစ်သည်။

အသီးနှင့်အစေ့ – အတွင်းအခွံမာသီး ဖြစ်ပြီးအစေ့ တစ်စေ့ပါရှိ၍ ရင့်မှည့်လျှင် နီညိုရောင်သန်းသည်။

ပွင့်သီးချိန် – အောက်တိုဘာလမှ ဒီဇင်ဘာလအထိပန်းပွင့်ပြီး ဇန်နဝါရီလမှ ဇွန်လအထိ အသီးသီးချိန် ဖြစ်သည်။

အသုံးဝင်မှု – အလှစိုက်အပင်အဖြစ် စိုက်ပျိုးကြပြီး တိုင်းရင်းဆေးတွင် အခေါက်ကို ဝမ်းကိုက်ရောဂါ ကုသရာတွင်အသုံးပြုသည်။

Habit
Bark
Inflorescence and Leaf
Flowers
Fruits
Seeds

Myanmar Name – Taiwan Banda

Common Name – Madagascar Almond

Botanical Name – Terminalia mantaly L.

Family Name – Combretaceae

Habitat – Native to from Africa, where it typically grows in various types of forest habitats, including dry deciduous forests and scrublands. It is often found in regions with a tropical climate.

Habit – Medium-sized tree, typically reaching heights of up to 15 meters. It has a rounded crown and a somewhat spreading habit.

Bark – Grayish-brown and becomes rough and fissured with age.

Leaves – Simple, alternate, and typically elliptic to oblong in shape. They are dark green in color, with a smooth texture and slightly wavy margins.

Inflorescence – Small clusters of yellowish-green flowers. These flowers are arranged in terminal or axillary spikes.

Flower – Small and yellowish-green in color. They have five petals and are typically bisexual.

Fruit – A drupe, which is a fleshy fruit with a single seed enclosed by a hard, woody endocarp. The fruit is usually ovoid or ellipsoid in shape and turns reddish-brown when ripe.

Seed – A single seed enclosed within a hard, woody shell. The seed is typically ovoid or ellipsoid in shape and may have a smooth or textured surface.

Flowering and Fruiting Time – Flowering time from October to December and fruiting time from January to June.

Usage – The plant is used for ornamental purpose.

FD-APFNet (IFEM) Project

Scroll to Top