





မြန်မာအမည် – ပနားမားငု
အင်္ဂလိပ်အမည် – American Cassia, Popcorn Tree, Weeping Cassia, Drooping Cassia, Popcorn Bush, Golden Wonder Tree, Spectacular Cassia, Yellow Cassia
ရုက္ခဗေဒအမည် – Senna spectabilis (DC.) Irwin & Barneby
မျိုးရင်း – Fabaceae
ပြန်နှံ့ပေါက်ရောက်ပုံ – မူရင်းဒေသမှာ အမေရိကတောင်ပိုင်းနှင့်အလယ်ပိုင်းဒေသများ ဖြစ်ကြ ပြီး၊ နွေကာလတွင် လှပ၍ စွဲဆောင်မှုရှိသော အဝါရောင်အဆင်း ရှိသည့် ပန်းများပွင့်ကြသဖြင့် ၎င်းကို ဥယျာဉ်ခြံများ၊ မြေယာရှု့ခင်း များ၊ အပန်းဖြေဥယျာဉ်များ၊ အိမ်ဝိုင်းများတွင် စိုက်ပျိုးကြသည်။
အပင်သရုပ် – ရွက်ကြွေအပင်မျိုးဖြစ်ပြီး နေရာမရွေးပေါက်ရောက်နိုင်ကာ အမြင့် ၄-၆ မီတာနှင့် ရွက်အုပ်အကျယ် ၄-၆ မီတာရှိကြသည်။ ရွက်အုပ်သည် ကြီးမားကျယ်ပြန့်ပြီး ပန်းအိုးပုံသဏ္ဍာန်ရှိကာ အချိုးညီသည်။
အခေါက် – မီးခိုးရောင်ရှိကာ ချောမွတ်သော အခေါက်ရှိသည်။ အပင်ကြီးရင့်လာ သည်နှင့်အမျှ အခေါက်မျက်နှာပြင်တွင် အဖုအများအပြားနှင့် ကျယ် ပြန့်သောဒေါင်လိုက် ကွင်းဆက်များ ပေါက်ဖွားလာပါသည်။ ကြီးထွား မှုပထမနှစ်တွင် ပင်စည်သည် အမွှေးအမျှင်များရှိသည်။
အရွက် – အရွက်သည် ထိပ်ရွက်တစ်ရွက်ပါရှိသည့် ငှက်မွေးရွက်ပေါင်း အမျိုးအစားဖြစ်ပြီး ငှက်မွေးပုံရွက်ကြောဖြာသည့် ရွက်မွှာများ ၄-၁၅ စုံပါရှိသခုဖြင့်တည်ဆေညက်ထားည်။ ရွက်မွှာများသည် အရွယ်၇.၅ စင်တီမီတာရှိကြသည်။ အရွက်များသည် အစိမ်းရောင်နှင့် အဝါရောင် ရှိကြကာ တစ်နှစ်ပတ်လုံးရှိကြသည်။
ပန်းခိုင် – တောက်ပသည့်အဝါရောင်ရှိသည့် ပန်းခိုင်သည် ၁၀-၁၅ စင်တီမီတာ အရှည်ရှိသည်။
ပန်းပွင့် – ပန်းပွင့်တွင် ပွင့်ချပ်အုံအချင်း ၃.၅-၄ စင်တီမီတာရှိကာ အရွယ်မတူ သည့် လှပ၍ အဝါရောင်ရှိသော ပွင့်ချပ် ၅ ခုပါရှိသည်။
အသီးနှင့်အစေ့– အသီးတောင့်ရှည်အမျိုးအစားဖြစ်သည်။
ပွင့်သီးချိန် – ဇန်နဝါရီမှဖေဖော်ဝါရီလအထိ ပန်းပွင့်ပြီး၊ စက်တင်ဘာလမှ အောက်တိုဘာလအထိ အသီးသီးချိန်ဖြစ်သည်။
အသုံးဝင်မှု – သစ်သားအား ကရိယာအသေးများ၊ လက်ကိုင်ကရိယာများနှင့် သေတ္တာများပြုလုပ်ရာတွင် အသုံးပြုသည်။ အလှစိုက်ပင်အဖြစ် စိုက်ပျိုးကြသည်။ အရွက်ကို ဘက်တီးရီးယား၊ ပိုးသတ်ဆေး၊ မှိုသတ် ဆေးနှင့် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများကဲ့သို့သော ဘက်တီးရီး ယားပိုးမွှားများနှင့် အရေပြားရောဂါများအတွက် အသုံးပြုသည်။






Myanmar Name – Panama-ngu
Common Name – American Cassia, Popcorn Tree, Weeping Cassia, Drooping Cassia, Popcorn Bush, Golden Wonder Tree, Spectacular Cassia, Yellow Cassia
Botanical Name – Senna spectabilis (DC.) Irwin & Barneby
Family Name – Fabaceae
Habitat – native to South and Central America. They are often grown as an ornamental in front yards, parks, gardens, buildings etc. due to their bright yellow flowers that bloom during the summer months.
Habit – A shrub or deciduous tree that can grow anywhere from 4 to 6 meters in height and 4–6 meters. ft in width. S. spectabilis have a rounded vase-shaped crown, which is dense and symmetrical.
Bark – Bark is smooth grey bark. As the plant matures it develops many warts and broad vertical bands of lenticels. In the first year of development the stem is finely hairy.
Leaves – The leaf type is odd-pinnately compound with pinnate leaf venation and 4–15 pairs of leaflets each growing to as large as 7.5 cm. The leaves are green and yellow in colour and remains as so year around.
Inflorescence – Bright yellow inflorescence 10–50 cm long containing a corolla 3.5–4 cm in diameter with five unequal petals.Flower – The flowers are very showy producing elongated pod shaped fruits about 6–12 inches in length.
Flower – The flowers are very showy producing elongated pod shaped fruits about 6–12 inches in length.
Fruit – the fruit is a dry dehiscent
Seed – black/brownish in colour containing numerous flat brown seeds, 0.5 cm in diameter.
Flowering and Fruiting Time – flowering occurs from January to February, and fruits ripen in September or October.
Usage – it is only used for small implements, tool handles, boxes etc.
often grown as an ornamental in front yards, parks, gardens, buildings etc, leaves used for ringworm and skin diseases, such as antibacterial, antibiofilm, antifungal and antioxidant properties.