




မြန်မာအမည် – မုယားကြီး
အင်္ဂလိပ်အမည် – Malabar Nut, adulsa
ရုက္ခဗေဒအမည် – Justicia adhatoda L.
မျိုးရင်း – Acanthaceae
ပြန်နှံ့ပေါက်ရောက်ပုံ – မူရင်းဒေသမှာ အာရှဒေသဖြစ်သည်။ အိန္ဒိယတိုက်ရှိ အာသံ၊ ဘင်္ဂလား ဒေ့ရှ်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ လာအိုနှင့်မြန်မာနိင်ငံများတွင် ပျံ့နှံ့ ပေါက်ရောက်ကြသည်။
အပင်သရုပ် – ထောင်မတ်၍ အမြဲစိမ်းကာ အကိုင်းအခက်များရှိသည့် ချုံပင်အမျိုးအစား ဖြစ်သည်။ အရွယ်အားဖြင့်အဖွဲ့အစည်းရှိသည်။
အရွက် – ရွက်ထီးအမျိုးအစားဖြစ်ပြီး၊ ရွက်စွယ်မဲ့သည်။ ဘဲဥပုံလှံသွားရှည်ပုံရှိသည်။ ရွက်နားညီပြီးရွက်ထိပ်ချွန်သည်။ ယှက်ဖြာလျက်ရှိသည့် ဘေးရွက်ကြော များရှိကာ အစိးနုရောင်ရှိသည်။
ပန်းခိုင် – ကြားထွက် အဆုံးမရှိပန်းခိုင်အမျိုးအစားဖြစ်သည်။
ပန်းပွင့် – ပန်းပွင့်သည် ပွင့်ခံရွက်ရှိပြီး လိင်စုံပန်းပွင့်ဖြစ်သည်။ နှစ်ခြမ်းညီ၍ အထက်တည်မပန်းပွင့်အမျိုးအစားဖြစ်သည်။ ငါးအင်္ဂါစပ်ဖြစ်ပြီး အဖြူ ရောင် ပွင့်ချပ်များရှိကြသည်။ ပွင့်ဖတ်အုံသည် အဖြူရောင်ရှိသည်။
အသီး – အသီးသည် အမွေးနုများပါရှိပြီး ခွက်ပုံရှိကာ၊ capsule အသီး ပုံဖြစ်သည်။ အလျားလိုက် အမြောင်းများရှိပြီး ၁.၉-၂.၂ စင်တီမီတာရှည်၍ ၀.၈ စင်တီမီတာအကျယ်ရှိသည်။ အသီးတစ်သီးတွင် အစေ့ ၁-၂ စေ့ပါရှိသည်။
အစေ့ – ပြားအချပ်လုံးဝိုင်းသည့် အစေ့ ၁-၂ စေ့ပါရှိသည်။ အစေ့သည်ပြားချပ်၍ ချောမွေ့သည်။
ပွင့်သီးချိန် – ဒီဇင်ဘာလမှ ဇွန်လအထိ ပွင့်သီးကြသည်။
အသုံးဝင်မှု – ချောင်းဆိုး၊ ရက်ကြပ်ပန်းနာ၊ အသက်ရှုလမ်းကြောင်းရောဂါ၊ အရေပြား ရောဂါများကုသရာတွင်အသုံးပြုသည်။





Myanmar Name – Muya-gyi
Common Name – Malabar Nut, adulsa
Botanical Name – Justicia adhatoda L.
Family Name – Acanthaceae
Habitat – The plant’s native to Asia. Plants native range is the Indian subcontinent.(Assam, Bangladesh, India, Nepal and Sri Lanka, Laos and Myanmar.) From there it has been introduced in other parts of the world.
Habit – an erect, evergreen, shrub with few branches to many branches. It usually grows up to 2.5 metres tall with taproot system.
Bark – yellow coloured bark
Leaves – Ramal and cauline, simple exstipulate, petiolate, lanceolate to ovate, entire, acute unicostate reticulate venation, pale green
Inflorescence – Axilliary racemose spike.
Flower – Flower are Bracteate complete, hermaphrodite, zygomorphic, pentamerous, hypogynous, large, white Calyx made up of 5 sepals, polysepalous. Corolla made up of 5 petals, gamopetalous.
Fruit – Fruits are pubescent, and are with club-shaped Capsules, clavate, longitudinally channeled, 1.9-2.2 cm long and 0.8 cm wide.
Seed – Seeds 1 or 2, 5-6mm, sub orbicular, compressed glabrous, non- endospermic and provided with hooks (Jaculators). There are four seeds in fruit.
Flowering and
Flowering and Fruiting Time – December – June.
Usage – Medicinal plant used for a cough, asthma, breathing trouble, nasal congestion, bleeding disorders allergic conditions, upper respairatory infections, excessive uterine bleeding, epistaxis (nosebleed). The main used parts of the plant is its leg.