ဆပ်ပြာသီးပင်/နွားပုတီးသီး

အပင်သရုပ်
အခေါက်
ပန်းပွင့်နှင့်ပန်းခိုင်
အရွက်
အသီး
အစေ့

မြန်မာအမည် – ဆပ်ပြာသီးပင်/နွားပုတီးသီး

အင်္ဂလိပ်အမည် – Indian soapberry, washnut, ritha, Chinese soapberry

ရုက္ခဗေဒအမည် Sapindus mukorossi Gaertn.

မျိုးရင်း – Sapindaceae

ပြန်နှံ့ပေါက်ရောက်ပုံ – အိန္ဒိယနိုင်ငံ ၊ အင်ဒိုနီးရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ ထိုင်ဝမ်နိုင်ငံတို၏ မူရင်း ဒေသမျိုးရင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း နှင့် ရှမ်းပြည်နယ်တို့တွင်တွေ့ရ ပါသည်။

အပင်သရုပ် – ရွက်ကြွေပင်မျိုး အမျိုးအစားဖြစ်သည်။ အပင်အမြင့် ၁၅ – ၂၀ မီတာ၊ လုံးပတ် ၁.၈ မီတာရှိသည်။ ရွက်အုပ်ကောင်းပြီး၊ လုံးဝန်းသောပုံ သဏ္ဍာန်ရှိသည်။ အကိုင်းများတွင် ကြမ်းတမ်းပါးလွှာသော အရွက်များ ရှိကြသည်။

အခေါက် – အပင်ငယ်သည့်အချိန်တွင် အဝါဖျော့ရောင်ဖြစ်ပြီး အပင်ကြီးသည့် အချိန်တွင် အနက်ရောင်ဖြစ်ပြီး သေးငယ်သော ဒေါက်လိုက် အက်ကြောင်းလေးများပါရှိသည်။

အရွက် – ငှက်မွေးရွက်ပေါင်း အမျိုးအစားဖြစ်ပြီး၊ ရွက်လွှဲထွက်သည်။ အရွက်သည် ၃၀-၅၀ စင်တီမီတာရှည်သည်။ အရွက်တွင် ရွက်မွှာများ ၉-၁၅ စုံပါရှိသည်။ ရွက်မွှာများသည် လှံသွားပုံ ရှိပြီး၊ ရွက်နားတွင် ခွေးသွားစိတ်များရှိသည်။ ရွက်မွှာများ၏ အပေါ်မျက်နှာပြင်သည် အစိမ်းရင့်ရောင်ရှိ၍၊ အောက်မျက် နှာပြင်သည် အစိမ်းနုရောင်ရှိသည်။

ပန်းခိုင် – ထိပ်ထွက် အဆုံရှိပန်းခိုင်အမျိုးအစားဖြစ်ပြီး၊ ၃၀ စင်တီမီ တာရှည်ပြီး ရိုးတံ၏ထိပ်ဖျား ထိများစွာသော ဘေးကိုင်းတက်များနှင့်အတူ သိပ်သည်းပြီး နှုးညံ့သည့်အမွှေးပါရှိ သည်။

ပန်းပွင့် – ပန်းပွင့်သည် ၅ မီလီမီတာခန့်ကျယ်သည်။ အဖြူစိမ်း နုရောင်ဖြစ်ပြီး လိင်စုံပန်းပွင့်ဖြစ်သည်။ ရိုးတံမပါပဲ တိုက်ရိုက် တွယ်ကပ်နေသည်။ ပွင့်ချပ်တစ်ခုချင်းစီ၏ နှစ်ဖက်စလုံး တွင် သိုးမွှေးပုံစံအမွှေးများ ပါရှိသည်။

အသီးနှင့်အစေ့– အခွံမာတစ်စေ့သီးအမျိုးအစားဖြစ်သည်။

ပွင့်သီးချိန် – ဧပြီလမှ မေလအထိ ပန်းပွင့်ပြီး ဇွန်လမှ စက်တင်ဘာလ အထိအသီးသီးချိန်ဖြစ်သည်။

အသုံးဝင်မှု – အသီးကို အခြောက်ခံကာ အစေ့ထုတ်ပြီး သဘာဝဆပ်ပြာ အဖြစ် အသုံးပြုကြသည်။

Habit
Bark
Inflorescence And Flower
Leaf
Fruit
Seeds

Myanmar Name – Saut Pya Tee

Common Name – Indian soapberry, washnut, ritha, Chinese soapberry

Botanical Name – Sapindus mukorossi Gaertn.

Family Name – Sapindaceae

Habitat – Native to India Indonesia China Taiwan. Myanmar Found in Sagaing Division, Magway,and Shan State.

Habit – A deciduous tree that can reach heights of up to 15-20 meters and DBH is about 1.8 meters.

Bark – Typically grayish-brown in color and becomes rough and fissured with age.

Leaves – Pinnately compound, alternate, and pinnate, typically with 9-15 leaflets. The leaflets are elliptical to lanceolate in shape, with serrated margins. They are dark green on the upper surface and lighter green underneath.

Inflorescence – A panicle, composed of small clusters of flowers.

Flower – Bisexual, small, creamy white to pale yellow in color, and have a pleasant fragrance. They are typically bisexual and have five sepals, five petals, and eight stamen

Fruit – A drupe, typically round, and about 2-3 centimeters in diameter. When ripe, it is yellowish in color.

Seed – Typically 1-3 black seeds inside the fruit.

Flowering and Fruiting Time – Flowering from April to May and fruiting from June to September.

Usage – One of its most common applications is in the production of natural detergents and soaps. The dried fruit shells are ground into a powder or used whole to create a lathering effect when agitated in water, making them effective for washing clothes, dishes, and even as a gentle shampoo for hair.

FD-APFNet (IFEM) Project

Scroll to Top