ရွှေဝါး

ဝါးရုံသရုပ်ပုံ
ဝါးနု (မျှစ်) သရုပ်ပုံ

မြန်မာအမည် – ရွှေဝါး

အင်္ဂလိပ်အမည် – Yellow bamboo, Ivory Bamboo, Stripe Bamboo

ရုက္ခဗေဒအမည် Bambusa vulgaris var. striata

မျိုးရင်း – Poaceae

ပြန်နှံ့ပေါက်ရောက်ပုံ – အပူပိုင်းဒေသများတွင် မူရင်းဒေသများအဖြစ် ပေါက်ရောက်လေ့ ရှိသည်။ အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံများတွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြသည်။

ဝါးလုံးသရုပ် – အစုလိုက်အရုံလိုက်ပေါက်သည့် ဝါးအမျိုးအစားဖြစ်ပြီး၊ ဝါးလုံး များခပ်ကျဲကျဲပေါက်ရောက်ကြသည်။ ဝါးလုံးများသည် ၁၅ မီတာ ခန့်မြင့်၍ အချင်းအားဖြင့် ၈-၁၀ စင်တီမီတာရှိကြသည်။ ဝါးလုံး ၏မျက်နှာပြင်သည် တောက်ပသည့် အဝါရောင်ရှိပြီး ဒေါင်လိုက် အစိမ်းရင့်ရောင် အစင်းကြောင်းငယ်များဖြင့် ဖွဲ့စည်းထားသည်။

ဆစ်ကြားပိုင်း – ဆစ်ကြားပိုင်းများသည် အခေါင်းပေါက်ဖြစ်ပြီး ဆလင်ဒါပုံရှိကာ ဖြတ်ပိုင်းလုံးဝန်းသည်။ ဆစ်ကြားပိုင်း၏ မျက်နှာပြင်သည် ချောမွေ့ပြီး၊ တောက်ပသည့် အဝါရောင်ရှိပြီး ဒေါင်လိုက် အစိမ်းရင့်ရောင် အစင်းကြောင်းငယ်များဖြင့် ဖွဲ့စည်းထားသည်။

အဆစ်ပိုင်း – အဆစ်များထင်ရှားပြီး တောင့်တင်းသည်။

ဝါးဖတ် – ဝါးဖတ်ရွက်သည် အနည်းနှင့်အများ ဗျက်ကျယ်၍ တြိဂံပုံရှိကာ အရွယ်မှာ အရှည် ၁၅-၄၅ စင်တီမီတာ x ဗျက် ၂၀ စင်တီမီတာ ရှိကြသည်။ ကြွေလွယ်သည်။ အရောင်မှာ အစိမ်းဖျော့ (သို့) အစိမ်းရောင်ရှိပြီး၊ အနက်ရောင်အမွေးကြမ်းများရှိကာ၊ ရွက်နား တွင်အမွေးနုများရှိသည်။ ဝါးဖတ်ရွက်အပေါ်ပိုင်းသည် ဝိုင်း၍ ဝါးဖတ်ထိပ်ရွက်နှင့် ချိတ်ဆက်နေသည်။ ဝါးဖတ်ထိပ်ရွက်သည် တြိဂံပုံရှိကာ ၄-၅ စင်တီမီတာ x ၅-၆ စင်တီမီတာ အရွယ် ရှိသည်။ ကျဉ်းမြောင်းသည့် ဝါးဖတ်လျှာ ထိဆက်လျှက်ရှိသည်။

Foliage leaves – အရွက်များမှာ ပါး၍ ရှည်သွယ်ပုံရှိကာ ၂၀ စင်တီမီတာ အရှည် ရှိသည်။

ဘေးကိုင်းတည်ဆောက်ပုံ – ဘေးကိုင်းများသည် ဝါးလုံး၏အောက်ခြေ အဆစ်ပိုင်းများမှ စတင်ထွက်သည်။

အသုံးဝင်မှု – အလှစိုက်ဝါးပင်အဖြစ်အသုံးပြုသည်။ အရွက်ပြုတ်ရည်ကို ဆေးဖက်အဖြစ်အသုံးပြုနိုင်သည်။

Clump Habit
Bamboo shoot

Myanmar Name – Shwe-wa

Common Name – Yellow bamboo, Ivory Bamboo, Stripe Bamboo

Botanical Name – Bambusa vulgaris var. striata

Family Name – Poaceae

Habitat – Typically, this type of bamboo lives in tropical environments. In Southeast Asia, this type of bamboo is widely cultivated. It is often found in villages, on the banks of rivers, and as decoration plants in cities.

Culm Habit – Sympodium bamboo (Open clumping type), bamboo that grows up to 15 m tall, Culms (8-10 cm wide) are bright yellow with dark green, vertical stripes that are usually narrow, but vary in width.

Internode – Bright yellow with dark green, vertical stripes that are usually narrow, but vary in width.

Node – Nodes are prominent and thick.

Culm Sheath – Culm sheath more or less broadly triangular, 15-45 cm x 20 cm, upper ones longest, deciduous, light green or stramineous, covered with appressed black hairs, margins hairy, apex slightly rounded at the junction with the blade; blade erect, broadly triangular, 4-5 cm x 5-6 cm, slightly narrowed at the junction with the ligule.

Foliage leaves – Linear leaves are up to 20 cm long and 3 cm wide, arrangement in a fan-shaped pattern at the branch tips. They are sharply pointed with rounded base and entire leaf margin.

Branching – Branching started from the basal nodes.

Usage – Ornamental solitary or as border hedge. Its shoots boiled in water are sometimes used for medicinal qualities.

FD-APFNet (IFEM) Project

Scroll to Top