




မြန်မာအမည် – စိန်တစ်လုံးသရက်
အင်္ဂလိပ်အမည် – Mango
ရုက္ခဗေဒအမည် – Mangifera indica L.
မျိုးရင်း – Anacardiaceae
ပြန်နှံ့ပေါက်ရောက်ပုံ – အရှေ့တောင်အာရှနိုင်ငံများသည် မူရင်းဒေဿများဖြစ်ကြသည်။
အပင်သရုပ် – အမြင့် ၂၀ မီတာအထိရှိသော အမြဲစိမ်းသစ်ပင်ကြီးမျိုးဖြစ်ကာ နက်မှောင် သောအစိမ်းရောင်ရှိသည့် ထီးပုံစံရွက်အုပ်ရှိသည်။ ပင်စည်တောင့်တင်း ပြီး အချင်း ၉၀ စင်တီမီတာရှိသည်။
အခေါက် – အခေါက်သည် အညိုရောင်၊ ချောမွတ်ပြီး ထူထပ်၍ နက်မှောင်လာသည်၊ အကိုင်းအခက်အနုများသည် တောင့်တင်းပြီး အစိမ်းဖျော့ဖျော့အရောင် ရှိသည်။ အတွင်းအခေါက်သည် အညိုဖျော့ဖျော့နှင့် အရသာခါးသည်။ ဖြတ်ထားသော အကိုင်းအခက်များမှ ဖြူသောအစေးများ ထွက်သည်။
အရွက် – အရွက်သည် ရွက်ထီးတည်းအမျိုးအစားဖြစ်ပြီး ရွက်လွှဲထွက်သည်။ ရွက်ပြားသည် သားရေဆန်သော၊ ထောင့်စွန်းပုံရှိကာ အရွယ်၁၆-၃၀ x ၃-၇ စင်တီမီတာရှိသည်။ ရွက်နားများလှိုင်တွန့်ပုံရှိသည်။ နုသော အရွက် များသည် နီရဲ၍ တောက်ပသော အစိမ်းရင့်ရောင်ရှိသည်။ ရွက်ညှာများ သည် ၄.၅ စင်တီမီတာရှည်သည်။
ပန်းခိုင် – ပန်းခိုင်သည် ထိပ်ထွက် အဆုံးရှိပန်းခိုင်အမျိုးအစားဖြစ်သည်။ အရှည် ၁၆ စင်တီမီတာ သို့မဟုတ် ထို့ထက် ပိုရှည်သည်။ အလွန်သေးငယ်သော (၄ မီလီမီတာ) အရွယ်ရှိ အစိမ်းရောင် အဖြူ သို့မဟုတ် ပန်းရောင် ပန်းပွင့် များစွာရှိသော အကိုင်းအခက်များတွင် ဖူးပွင့်များကြသည်။
ပန်းပွင့် – ပန်းပွင့်များသည် အချိုးညီပန်းပွင့်များဖြစ်ပြီး ပွင့်ချပ် ၅ ခုရှိကာ အရွယ်မှာအလျား ၃-၅ မီလီမီတာ၊ အနံ ၁-၁.၅ မီလီမီတာရှိသည်။ ပန်းပွင့်တွင် ပန်းပွင့်များနှင့် ဝတ်ဆံများကြားတွင် ထင်ရှားသော အခွ ၅ ခွပါသည် ပန်းပွင့်ခံပြား ရှိသည်။ ပွင့်ဖတ်အုံသည် အဝါရောင်သန်းသည့် အစိမ်းရောင်ရှိပြီး အလွန်တိုကာ နက်ရှိုင်းသော အခွ ၅ ခွရှိသည်။ ပွင့်ချပ် ၅ ခု၊ တစ်ခုစီသည် အရှည် ၂-၂.၅ မီလီမီတာ x ၁-၁,၅ မီလီမီတာ ကျယ်ဝန်းပြီး၊ အဖြူအနားသတ်ဖြင့် အစိမ်းရောင် သို့မဟုတ် အဝါရောင် အစိမ်းရင့်ရောင်၊ အပြင်ဘက်တွင် အမွေးများရှိသည်။
အသီး – အသီးသည် ပုံသဏ္ဍာန်မမှန်သော ကြက်ဥပုံသဏ္ဍာန်ရှိပြီး အရှည် ၈-၁၂ စင်တီမီတာ (အများဆုံး ၃၀) စင်တီမီတာ၊ ပွင့်ကိုင်းအညှာတွင် အသီးပို သီးလေ့ရှိသည်။ အသီးခွံမှာ ချောမွေ့ပြီး စိမ်းဝါရောင်ရှိသည်။
အစေ့– တစ်ခုတည်းသော ပြားချပ်၍သော ဘဲဥပုံအစေ့ကို အသီး၏ အတွင်းပိုင်း အလွှာတွင် အဖြူရောင်အခွံဖြင့် ဖုံးအုပ်ထားသည်။
ပွင့်သီးချိန် – မတ်လမှမေလတွင် ပန်းပွင့်ပြီး ဇွန်လနှင့်ဇူလိုင်လတွင် အသီးသီး သည်။
အသုံးဝင်မှု – အပင်၏ အစိတ်အပိုင်း အမျိုးမျိုးကို ပိုးသတ်ဆေး၊ ချုပ်ဆေး၊ အစာအိမ် ဆေး၊ အားဆေး၊ ဝမ်းပျော့ဆေး၊ ဆီးရွှင်ဆေးနှင့် ဝမ်းပျက်ဝမ်းလျှော၊ ဝမ်းလျှော၊ သွေးအားနည်းရောဂါ၊ ပန်းနာရင်ကျပ်၊ လည်ချောင်းနာ၊ ချောင်းဆိုး၊ သွေးတိုး၊ အိပ်မပျော်၊ ဒူလာ၊ သွားကိုက်၊ သွားနာ၊ သွေးသွန် ခြင်းနှင့်လိပ်ခေါင်းရောဂါများတွင် အသုံးပြုသည်။ သစ်သားကို ပရိဘောဂ၊ သစ်ပါးလွှာ၊ ထပ်သားနှင့် ကြမ်းခင်းများအတွက် အသုံးပြု သည်။





Myanmar Name – Thayet
Common Name – Mango
Botanical Name – Mangifera indica L.
Family Name – Anacardiaceae
Habitat – South-East Asia
Habit – A large evergreen tree to 20 m tall with a dark green, umbrella-shaped crown.
Bark – Trunk stout, 90 cm in diameter; bark brown, smoothish, with many thin fissures; thick, becoming darker, rough and scaly or furrowed; branchlets rather stout, pale green and hairless. Inner bark light brown and bitter. A whitish latex exudes from cut twigs and a resin from cuts in the trunk.
Leaves – Leaves alternate, simple, leathery, oblong-lanceolate, 16-30 x 3-7 cm, on flowering branches, up to 50 cm on sterile branches, curved upward from the midrib and sometimes with edges a little wavy. Young leaves red, aging to shiny dark green above, lighter below, with yellow or white venation; petioles 4.5 cm long, striate and swollen at the base.
Inflorescence – Inflorescence terminal panicle, 16 cm or more in length, a much-branched panicle bearing many very small (4 mm) greenish-white or pinkish flowers.
Flower – Flowers radially symmetrical, usually have 5 spreading petals, 3-5 mm long, 1-1.5 mm broad, streaked with red, imbricate, with the median petal prolonged like a crest at the base, finely hairy and fragrant, partly male and partly bisexual; stalk short; 5 stamens, 1 fertile, the other 4 shorter and sterile, borne in a disc. The flower has a conspicuous 5-lobed disc between the petals and stamens. Calyx yellow-green, very short, deeply 5-lobed; 5 sepals, each 2- 2.5 mm long x 1-1.5 mm broad, green with whitish margin, or yellowish green, hairy outside.
Fruit – Fruit an irregularly egg-shaped and slightly compressed fleshy drupe, 8-12 (max. 30) cm long, attached at the broadest end on a pendulous stalk. The skin smooth, greenish-yellow, sometimes tinged with red. The underlying yellow-orange flesh varies in quality from soft, sweet, juicy and fiber-free in high-quality selected (clonal) varieties to turpentine flavoured and fibrous in wild seedlings.
Seed – The single, compressed-ovoid seed is encased in the white fibrous inner layer of the fruit.
Flowering and Fruiting Time – March – June
Usage – Various parts of plant are used as a dentrifrice, antiseptic, astringent, diaphoretic, stomachic, vermifuge, tonic, laxative and diuretic and to treat diarrhea, dysentery, anaemia, asthma, bronchitis, cough, hypertension, insomnia, rheumatism, toothache, leucorrhoea, haemorrhage and piles. Wood is use for Furniture, ukuleles, veneer, plywood, turned objects, and flooring.