





မြန်မာအမည် – အင်ကြင်း
အင်္ဂလိပ်အမည် – Dark red meranti, Light red meranti, Red lauan
ရုက္ခဗေဒအမည် – Shorea Siamensis (Kurz) Miq.
မျိုးရင်း – Dipterocarpaceae
ပြန်နှံ့ပေါက်ရောက်ပုံ – မြန်မာ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့ အပါအဝင် အရှေ့တောင်အာရှရှိ နိုင်ငံများမူရင်းဇာတိ ဖြစ်သည်။
အပင်သရုပ် – အပင်အမြင့် ၃၀ မီတာအထိ မြင့်နိုင်ပြီး ရွက်ကြွေသော အပင်ကြီး အမျိုးအစားဖြစ်သည်။
အခေါက် – အခေါက်များသည် များသောအားဖြင့် ဒေါင်လိုက်ပက်ကြားအက် ကြောင်းများ အများအပြားပါရှိသည်။
အရွက် – ရွက်လွှဲထွက်သည့် ရွက်ထီးအမျိုးအစားဖြစ်သည်။ အရွက်များသည် အဖျားချွန်သော ဘဲဥပုံသဏ္ဍာန် ဖြစ်သည်။
ပန်းခိုင် – ထိပ်ထွက် အဆုံးမရှိပန်းခိုင်အမျိုးအစားဖြစ်သည်။
ပန်းပွင့် – ပွင့်ညှာမဲ့ ၍ ထိပ်ထွက် ကြားထွက်ပွင့်သော ပန်းအမျိုး အစားဖြစ်သည်။ လိင်စုံ၍ အဝါရောင်သန်းပြီး ရနံရှိသော ပန်းပွင့်ဖြစ်သည်။
အသီးနှင့်အစေ့– အတောင်ပံ ၅ခု ပါရှိသော အက်ကွဲသီးအမျိုးအစားဖြစ်သည်။
ပွင့်သီးချိန် – ဖေဖော်ဝါရီလမှမတ်လအထိ ပန်းပွင့်ချိန်ဖြစ်ပြီး၊ ဧပြီလမှမေလအထိ အသီးသီးချိန်ဖြစ်သည်။
အသုံးဝင်မှု – တာရှည်ခံပြီး ပျက်စီးယိုယွင်းမှုဒဏ်ကို ခံနိုင်ရည်ရှိသော အရည် အသွေးမြင့်သစ်ဖြစ်၍ တန်ဖိုးရှိသည်။ ဆောက်လုပ်ရေးလုပ်ငန်း၊ ပရိဘောဂပြုလုပ်ခြင်းနှင့် လှေတည်ဆောက်ခြင်းများတွင် အသုံးပြု သည်။






Myanmar Name – Ingyin
Common Name – Dark red meranti, Light red meranti, Red lauan
Botanical Name – Shorea Siamensis (Kurz) Miq.
Family Name – Dipterocarpaceae
Habitat – Native to countries in Southeast Asia, including Thailand, Malaysia, Indonesia, Myanmar and the Philippines.
Habit – Deciduous tree growing up to 30 m in height with a straight and often branchless bole that can be up to 80 cm in diameter.
Bark – Bark, bole light grey or blackish grey or dark grey, fissure longitudinal and deep sometimes with transverse cracks, outer bark about 5.0 cm or more thick, inner barks yellowish pink or yellowish brown.
Leaves – Leave 5.9 cm – 26.9 cm length and 3.1 cm 20.7 cm width oblong or ovate-oblong. Obtuse or subacute, base truncate or cordate, hairy on upper surface, the margin entire.
Inflorescence – Inflorescences axillary and terminal racemose panicle, 8.5 to 25.0 cm long, the peduncle red in some form or mostly pale yellow.
Flower – Flower small yellowish, fragrant, almost sessile. Calyx lobes 0.5 cm long, ovate-acuminate, glabrous, margin ciliate, the three outer slightly larger than the two inner.
Fruit – Stalk about 0.4 cm long. Nut subovate, shining, tapering to a long, thin point, closely embraced on the lower portion by the woody sepal bases. Outer wings linear oblanceolate, tips obtuse about 2- 10 nerved.
Seed – Winged seed, brown or dark brown, flattened and somewhat oblong.
Flowering and Fruiting Time – Flowers from February to March and fruiting time from April to May.
Usage – Valued for its high-quality timber, which is durable and resistant to decay. It is commonly used in construction, furniture making, and boat building.