





မြန်မာအမည် – အာဆီယံသပြေ
အင်္ဂလိပ်အမည် – Tortugan Guava
ရုက္ခဗေဒအမည် – Eugenia cuneata Wall.
မျိုးရင်း – Myrtaceae
ပြန်နှံ့ပေါက်ရောက်ပုံ – မူရင်းဒေသအဖြစ် အိန္ဒိယနိုင်ငံ၊ အန်ဒမန်ကျွန်းများနှင့် သြစတြေးလျ တိုက်တောင်ဘက်ပိုင်းတို့၌ ပေါက်ရောက်ပြီး၊ ခြောက်သွေ့သော အရပ်ဒေသများမှလွဲ၍ မြန်မာနိုင်ငံအနှံ့အပြား၌ ပေါက်ရောက်ကြ သည်။
အပင်သရုပ် – အပင်အမြင့် ၃ မှ ၆ မီတာအထိရှိသည့် အပင်လတ်အမျိုး အစားဖြစ်ပြီး အမြဲစိမ်းလန်းသောအပင်မျိုးဖြစ်သည်။
အခေါက် – မီးခိုးရင့်ရောင် သို့မဟုတ် အညိုရောင်ဖြစ်ပြီး အသင့်အတင့်ချောမွတ် ပါသည်။ အခေါက်အထူသည် တစ်လက်မခန့်ရှိပြီး အကြေးခွံများ သဖွယ်လန်နေကြသည်။
အရွက် – ရွက်လွှဲ ဖြစ်ပြီးအရွက် အရင်းပိုင်းသည် ဝိုင်း၍ ရှည် လျှားပြီး ထိပ်ချွန် သည်။ ပြောင်ချောနေပြီး သားရေ ကဲ့သို့ မာကျော ပျဉ်းတွဲကြသည်။ နုစဉ်အခါ အနီရောင် ရှိပြီး ရင့်လာသည့်အခါ အစိမ်းရောင်သို့ ပြောင်း လဲသွားကြသည်။
ပန်းခိုင် – ကြားထွက်ပန်းခိုင်တွင် သေးငယ်သောအဖြူရောင်ပန်း တစ်ပွင့်စီတွင် ထူးခြားသောပွင့်ချပ်များနှင့် အဝါရောင် အမွေးများပါသော ဝတ်ဆံဖို အလယ်ဗဟိုတွင်အပွင့်များ ပါရှိ သည်။
ပန်းပွင့် – ပန်းတစ်ပွင့်စီတွင် အဖြူရောင် ပွင့်ချပ်များ ပါ၀င်ပြီး အဝါရောင် ၀တ်ဆံဖိုများ အလယ်ဗဟိုတွင် ဝိုင်းရံထား သည်။
အသီးနှင့်အစေ့– သေးငယ်ပြီး ဘဲဥပုံဘယ်ရီသီးဖြစ်ပြီး အရွယ်ရောက်သောအခါ အချင်း ၁ မှ ၂ စင်တီမီတာ ခန့်ရှိသည်။
ပွင့်သီးချိန် – ဧပြီလမှ ဇူလှိုင်လအထိ ပန်းပွင့်ပြီး၊ သြဂုတ်လမှ စက်တင်ဘာလ အထိ အသီးသီးချိန်ဖြစ်သည်။
အသုံးဝင်မှု – အလှစိုက်အပင်အဖြစ်စိုက်ပျိုးကြသည်။






Myanmar Name – အာဆီယံသပြေ
Common Name – Tortugan Guava
Botanical Name – Eugenia cuneata Wall.
Family Name – Myrtaceae
Habitat – Native to regions with subtropical or tropical climates. It can be found in various habitats, including forests, woodlands, and scrublands, often in well-drained soils.
Habit – A small to medium-sized shrub or tree, reaching heights of around 1 to 5 meters (3 to 16 feet). It may have a spreading or upright habit, depending on environmental conditions.
Bark – Smooth and may have a greenish or reddish hue. As the plant matures, the bark tends to become rougher and may develop fissures or ridges.
Leaves – Generally glossy and elliptical in shape, with a leathery texture. They are arranged opposite each other along the stems and can vary in size, ranging from 2 to 8 centimeters in length.
Inflorescence – Clusters of small, white or cream-colored flowers. These flowers are often fragrant and attract pollinators such as bees and butterflies.
Flower – Small and have five petals. They may also have prominent stamens and a central stigma,
Fruit & Seed – Spherical or oval in shape. These fruits usually ripen to a dark purple or black color and contain one or more seeds.
Flowering and Fruiting Time – Flowers from April to July and fruiting From August to September.
Usage – Cultivated as an ornamental plant.