



မြန်မာအမည် – Ye-thapan
အင်္ဂလိပ်အမည် – Cluster fig, Red river fig, Gular
ရုက္ခဗေဒအမည် – Ficus racemose L.
မျိုးရင်း – Moraceae
ပြန်နှံ့ပေါက်ရောက်ပုံ – သြစတြေးလျနှင့် အပူပိုင်းအာရှဒေသများသည် မူရင်းဒေသများဖြစ် သည်။
အပင်သရုပ် – အမြင့် ၂၀-၃၀ မီတာအထိကြီးမားပြီး ကြီးထွားမြန်သောအပင် ဖြစ် သည်။ ၂၅ စင်တီမီတာအချင်းရှိပြီး။ ခြောက်သွေ့သောနေရာ များတွင် ရွက်ကြွေအပင်မျိုးဖြစ်ပြီး အောက်ခြေ ပါပျဉ်းရှိပြီး ရွက်အုပ်ပုံ အမျိုးမျိုးရှိသည်။
အခေါက် – အခေါက်သည် အစိမ်းရောင်သန်းသည့် အဖြူရောင်ရှိပြီး၊ အတွင်း အခေါက်သည် အဝါရောင်ရှိသည်။အကာသားမှာ အဖြူရောင်ရှိသည်။ အကိုင်းအခက်များဆလင်ဒါပုံရှိပြီး နီညိုရောင်ရှိသည် အခေါက် အထူ ၀.၂ စင်တီမီတာရှိသည်။
အရွက် – အရွက်များသည် ရွက်ထီးအမျိုးအသစားဖြစ်ပြီး ရွက်လွှဲထွက်သည်။ အမွေးတိုများပါရှိသည့် ရွက်စွယ်ရှိကာ ၀.၅-၂ စင်တီမီတာခန့် ရှည် သည်။ ရွက်စွယ်သည် တစ်ပိုင်းတစ်မတည်မြဲဘဲ အရွက်နုထွက်ပြီး နောက် အကိုင်းအခက်တွင် ကျန်နေရစ်သည်။ ရွက်ညှာနှင့် အကိုင်းအခက်များသည် နို့နှစ်ရောင်အစေးကို ထုတ်ပေးသည်။ ရွက်ပြားသည် ၆-၂၀ x ၄-၉ စင်တီမီတာအရွယ်ရှိကြသည်။ အရွက်မျက်နှာပြင်တွင် အဆီအစက်များကို တစ်ခါတစ်ရံ မှန်ဘီလူး ဖြင့်ကြည့်ပါက မြင်နိုင်သည်။
ပန်းခိုင် – ပန်းခိုင်သည် လုံးဝိုင်းပုံမှ သစ်တော်သီးပုံရှိကာ အညှာပါရှိသည်။ ပန်းခိုင်တွင် အဖိုပွင့်နှင့်အမပွင့်နှစ်မျိုးသီးခြားပါရှိသည် (သို့) တွဲ၍ပါရှိ တတ်သည်။ ပန်းခိုင်များသည် အရွက်မရှိသော အကိုင်းအခက်များ၊ ပင်စည် သို့မဟုတ် ပိုကြီးသော အကိုင်းအခက်များပေါ်တွင် ဖြစ်ပေါ်ပြီး အောက်ခြေတွင် ပွင့်ခံရွက် ၃ ခု ပါရှိသည်။
ပန်းပွင့် – အဖိုပန်းပွင့်များ ပွင့်ညှာမဲ့ကာ ခရုရစ် ၂၃ ထပ်ရှိပြီး ၃(-၄) ပွင့်ပေါင်း၍ တစ်ုတည်းရှိနေတတ်သည်။ ပုံသဏ္ဍာန်အားဖြင့် ခွေးသွားစိတ်များ ပါရှိသည့် အဝိုက်ပုံရှိသည်။ အရောင်အားဖြင့် အနီရောင်ရှိပြီး ၀တ်ဆံဖို ၂ ခုပါရှိသည်။ အမပန်းပွင့်များသည်လည်း ပွင့်ညှာမဲ့ များဖြစ်ပြီး ပွင့်ချပ်များသည် အဖိုပွင့်ကဲ့သို့ပင်ဖြစ်သည်။
အသီး – အသီး၏ အတွင်းတွင် သားဥအိမ်အများအပြားရှိပြီး သဖန်းသီး၏ သေးငယ်သော ပန်းပွင့်များဖြင့် အတွင်းဘက်တွင် ပွင့်ပေါင်းသီး အသွင်သဏ္ဍာန်ဖြင့် ဖုံးအုပ်ထားသည်။ ၃-၅ စင်တီမီတာရှည်ပြီး၊ နုစဉ်တွင် အစိမ်းရောင်ရှိပြီး ရင့်မှည်ပါက ခရမ်းရောင် သို့မဟုတ် အညိုရောင်သို့ ပြောင်းသွားသည်။
အစေ့ – အစေ့များသည် အရွယ်သေးငယ်ပြီး အစေ့အရွယ်အစား ကွဲပြားသော် လည်း ယေဘုယျအားဖြင့် အချင်း ၁.၅ မီလီမီတာ ရှိသည်။
ပွင့်သီးချိန် – ပန်းပွင့်ချိန်သည် ဇန်နဝါရီလမှ ဧပြီလအတွင်းဖြစ်ပြီး မတ်လမှ ဇူလိုင်လအတွင်း အသီးထွက်သည်။
အသုံးဝင်မှု – Ficus racemosa သည်ဆေးဖက်ဝင်အပင်အဖြစ်ထင်ရှားသည်။ ဆီးချိုရောဂါ၊ အသည်းပုံမမှန်ခြင်း၊ ဝမ်းပျက်ခြင်း၊ ရောင်ရမ်းမှုအခြေ အနေများ၊ လိပ်ခေါင်းရောဂါ၊ အသက်ရှူလမ်းကြောင်းနှင့် ဆီးရောဂါ များအပါအဝင် အမျိုးမျိုးသောရောဂါများတွင် အသုံးပြုသည်။




Myanmar Name – Ye-thapan
Common Name – Cluster fig, Red river fig, Gular
Botanical Name – Ficus racemose L.
Family Name – Moraceae
Habitat – Native to Australia and tropical Asia.
Habit – It is a fast-growing plant with large, up to 20-30 m tall. 25 cm diameter. Deciduous (in drier areas) cauliflorous tree, 20-30 m tall, buttressed, often with irregular crown.
Bark – Bark greenish white, smooth; inner bark yellowish. Sapwood whitish. Twigs slender, reddish brown, 0.2 cm thick.
Leaves – Leaves are simple, stipules shortly hairy, about 0.5-2 cm long, semi-persistent, remaining attached to the twig after each leaf expands. Petioles and twigs produced a milky excaudate. Leaf blade about 6-20 x 4-9 cm. Oil dots sometimes visible with a lens.
Inflorescence – Hypanthodium, globose to pyriform, pubescent, peduncled, androgynous solitary or binate, borne on the short, leafless scally branchlets, from the trunk or larger branches, basal bracts 3, borne at the apex of the peduncle.
Flower – Male flowers: sessile, ostiolar in 23-whorls; 3(-4), united, lobes dentate-lacerate, red; stamens usually 2, pistillode present. Female flowers: sessile or subsessile. sepals as in male; ovary substipitate, with lateral, 2.3 long, glabrous style, stigma simple. Gall flowers pedicellate, dispersed among female.
Fruit – Fruit is enclosed in an urnlike structure called a syconium which is lined on the inside with the fig’s tiny flowers that develop into multiple ovaries on the inside surface. 3–5 cm (1–2 in) long, with a green skin that sometimes ripens toward purple or brown.
Seed – Seeds are small, the size of the seeds varies, but generally is around 1.5 mm in diameter.
Flowering and Fruiting Time – Flowering time is in the months of January to April and fruiting occurs between March and July.
Usage – Ficus racemosa is a popular medicinal plant, for various diseases/disorders including diabetes, liver disorders, diarrhea, inflammatory conditions, hemorrhoids, respiratory, and urinary diseases.