ရှား

အပင်သရုပ်
အခေါက်
ပန်းခိုင်နှင့် ပန်းပွင့်
အရွက်
အသီး
အစေ့

မြန်မာအမည် – ရှား

အင်္ဂလိပ်အမည် – Sha, catechu, cachou, cutchtree, black cutch, and black catechu.

ရုက္ခဗေဒအမည် Acacia catechu (L.f.) Willd.

မျိုးရင်း – Fabaceae

ပြန်နှံ့ပေါက်ရောက်ပုံ – မူရင်းဒေသအဖြစ် ပါကစ္စတန်၊ အိန္ဒိယမြောက်ပိုင်း၊ နီပေါနှင့် ထိုင်းတို့တွင်ပေါက်ရောက်ပြီး မြန်မာနိင်ငံတွင် မကွေးတိုင်း နှင့် ရှမ်းပြည်နယ်တို့၌ အရွယ်အစား ကြီးမားသော ရှားပင် များကို တွေ့ရှိရသည်။

အပင်သရုပ် – အမြင့် ၁၅ မီတာခန့်မြင့်မားနိုင်ပြီးရှားပင်သည် သိပ်သည်းသေးငယ် သော    ရွက်အုပ်ရှိ၍  ရာသီအလိုက်  အရွက်ကြွေသော အလတ်စား အပင်ကြီးမျိုးဖြစ်သည်။ အကိုင်းအခက်များတွင် ဆူးအမွှာကောက် ကလေးများ  ပေါက်လျှက်ရှိကြ သည်။

အခေါက် – လက်မဝက်ခန့်ထူပြီး အညိုရောင်ဖြစ်သည်။  အကာသားမှာ ဝါဖျော့ ဖျော့ အရောင်ရှိပြီး  အနှစ်သားမှာ အနီရောင်ဖြစ် သည်။

အရွက် – ငှက်မွေးပုံရွက်ပေါင်းဖြစ်ပြီး ရွက်ရိုးတံ တစ်ခုတွင် ရွက်တက် ၁၀ စုံမှ အစုံ၂၀  အထိ  တွေ့ရှိရပြီး  ရွက်တက် တစ်ခုတွင် တစ်လက္မ၏ လေးပုံ တစ်ပုံထက် မကြီးသော ရွက်မြွှာပေါင်း  ၃၀  မှ  ၅၀  အစုံအထိ တွေ့ရှိရ သည်။

ပန်းခိုင် – အဆုံးမရှိသည့် ကြားထွက်ကြောင်းမြီးပန်းခိုင်အမျိုးအစားဖြစ်သည်။

ပန်းပွင့် – အဝါရောင် သို့မဟုတ် နို့နှစ်ရောင်ရှိပြီး ချိုမြိန်သော ရနံ့ရှိသည်။ ပန်းတစ်ပွင့်စီတွင် ပုံမှန်အားဖြင့်ပွင့်ဖတ် ပွင့်ချပ် ၅ ခုစီပါရှိပြီ၊ ဝတ်ဆံဖို ပေါင်းများစွာနှင့် မအင်္ဂါ တစ်ခုစီပါရှိသည်။

အသီး – ၅-၈.၅ စင်တီမီတာရှည်ပြီး ဗြက်မှာ ၁-၁.၅ စင်တီမီတာရှိသည်။ အသီးများမှာလည်း  ပြားပါသည်။  အသီးတောင့် တစ်တောင့်တွင် အစေ့ ၃ စေ့မှ ၆ စေ့အထိ ပါရှိ၍  အစေ့များမှာ ပြောင်လက်ပြီး အညိုရင့် ရောင်ဖြစ်သည်။

အစေ့ – အစေ့များမှာ အချင်း ၀.၂၅ မှ ၀.၃၀ လက်မအထိရှိပြီး ဘဲဥပုံ ခပ် ပြားပြားဖြစ်သည်။

ပွင့်သီးချိန် – ဧပြီလမှ မေလအထိ ပန်းပွင့်၍ ဇွန်လမှ ဩဂုတ်လအထိ အသီးသီး ချိန်ဖြစ်သည်။

အသုံးဝင်မှု – ရှားသားကို အိမ်တိုင်၊ လယ်ယာသုံးကရိယာများ၊ လှည်းဘီး၊ လက်နက် ကရိယာ၊ လက်ကိုင်တုတ်၊ မောင်းဆုံ၊ ဆီကြိတ်ဆုံ၊ ဓားရိုး၊ လှံရိုးအဖြစ် အသုံးပြုကြသည်။

Habitat
Bark
Inflorescence and flowers
Leaf
Fruit
Seed

Myanmar Name – Sha

Common Name – Sha, catechu, cachou, cutchtree, black cutch, and black catechu.

Botanical Name – Acacia catechu  (L.f.) Willd.

Family Name – Fabaceae

Habitat – southern Himalayas of Pakistan, northern India and Nepal, south to Andhra Pradesh in India, and east to Burma and Thailand

Habit – a small or medium-sized, thorny tree up to 15 m tall;

Bark – Dark grey or greyish-brown, peeling off in long strips, or sometimes in narrow rectangular plates, brown or red inside; branches slender, puberlous when young but glabrascent, with 2 curved, 8-mm prickles at the base of each petiole.

Leaves – Leaves bipinnately compound, with 9-30 pairs of pinnae and a glandular rachis; leaflets 16-50 pairs, oblong-linear, 2-6 mm long, glabrous or pubescent.

Inflorescence – Axillary spike inflorescence with many tiny flowers.

Flower – Flowers in 5-10 cm long axillary spikes, pentamerous, white to pale yellow, with a campanulate calyx, 1-1.5 mm long, and a corolla 2.5-3 mm long; stamens numerous, far exserted from the corolla, with white or yellowish white filaments.

Fruit – Fruit a strap-shaped pod, 5-8.5 cm x 1-1.5 cm, flat, tapering at both ends, shiny, brown, dehiscent, 3-10 seeded;

Seed – Seeds broadly ovoid.

Flowering and Fruiting Time – Flowering time from April to May and fruiting time from June to August.

Usage – House pillar Agricultural tools cart wheel weapons handle driving meet oil mill meet blade Used as a spear shaft.

FD-APFNet (IFEM) Project

Scroll to Top