အပင်သရုပ်
အခေါက်
အရွက်
ပန်းခိုင် နှင့် အပွင့်
ပန်းပွင့်
အသီး
အစေ့

မြန်မာအမည် – Gwe

အင်္ဂလိပ်အမည် – Hog plum

ရုက္ခဗေဒအမည် Spondias pinnata (L.f.) Kurz

မျိုးရင်း – Anacardiaceae.

ပြန်နှံ့ပေါက်ရောက်ပုံ – မူရင်းဒေသများမှာ ဖိလစ်ပိုင်နှင့် အငဒိုနီးရှားနိုင်ငံများဖြစ်ပြီး တောင်အာရှ၊ အရှေ့တောင်အာရှနှင့် တုရတ်နိုင်ငံတောင်ပိုင်းတို့တွင် လည်းသဘာဝအလျောက်ပြန့်နှံ့ပေါက်ရောက်သည်။

အပင်သရုပ် – ရွက်ကြွေအပင်ကြီးမျိုးဖြစ်ပြီး အမြင့် ၁၀-၁၅ မီတာခန့်ရှိသည်။ ဘေးကိုင်းတက်များသည် ဝါညိုရောင်ရှိပြီး ပြောင်ချောကြသည်။

အခေါက် – ဖြောင့်တန်းသောပင်စည်ရှိပြီး အခေါက်များသည် မွဲပြာရောင်ရှိပြီး မွေးပြန့်သောရနံ့ရှိသည်။

အရွက် – အရွက်သည် ထိပ်ရွက်ပါ ငှက်မွေးရွက်ပေါင်းအမျိုးအစားဖြစ်ပြီး ပြောင်ချောကာ ရွက်ညှာ ၁၀-၁၅ စင်တီမီတာရှိသည်။ အရွက်သည် ၃၀-၄၀ စင်တီမီတာအရွယ်ရှိသည် အရွက်တစ်ရွက်တွင် ရွက်မွှာများ ၅-၁၁ ခုပါရှိပြီး မျက်နှာချင်းဆိုင်ထွက်ကြသည်။ ရွက်မွှာများ၏ ရွက်ညှာသည် ၃-၅ မီလီမီတာရှည်သည်။ ရွက်မွှာများသည် ဘဲဥရှည် သွယ်ပုံရှိပြီး ၇-၁၂ x ၄-၅ စင်တီမီတာအရွယ်ရှိကြသည်။ ရွက်ပြား၏ မျက်နှာပြင်နှစ်ဖက်စလုံးချောမွေ့၍ ခွေးသွားစိပ်ရွက်နား (သို့) ရွက်နားညီဖြစ်ကာ ဘေးရွက်ကြော ၁၂-၂၅ စုံရှိကြသည်။

ပန်းခိုင် – ပန်းခိုင်သည် ထိပ်ထွက်အဆုံရှိပန်းခိုင်အမျိုးအစာ’ဖြစ်ပြီး ၂၅-၃၀ စင်တီမီတာအရှည်ရှိသည်။

ပန်းပွင့် – ရိုးတံမဲ့သော ပန်းပွင့်ဖြစ်ပြီး အရွယ်သေးငယ်ကာ အဖြူရောင်ရှိသည်။ ပွင့်ဖတ်အုံအဝိုက်များသည် သုံးမြှောင့်ပုံရှိ၍ ချောမွေ့သည်။ ပွင့်ချပ်များသညိ ဘဲဥရှည်သွယ်ပုံရှိကာ ၂.၅ x ၁.၅ မီလီမီတာအရွယ် ရှိသည်။ ဝတ်မှုန်တိုင်သည် ၁.၅ မီလီမီတာအရှည်ရှိတတ်သည်။

အသီး – အသီးသည် ခွံပျော့သီးအမျိုးအစားဖြစ်ပြီး ဥရှည်သွယ်ပုံရှိသည်။ အရောင်မှာ သံလွင်ရောင်ရှိပြီး ရင့်မှည့်ပါက လိမ္မော်ဝါရောင်ပြောင်း သွားသည်။ အတွင်းခွံသည် သစ်သားဆန်ပြီး အမြောင်းစင်များ ပါရှိသည်။ အသီးတွင် အစေ့ ၂-၃ စေ့ပါရှိသည်။

ပွင့်သီးချိန် – ဧပြီလနှင့်ဇွန်လများတွင် ပန်းပွင့်ပြီး ဩဂုတ်လနှင့်စက်တင်ဘာလ တွင် အသီးသီးသည်။

အသုံးဝင်မှု – အရွက်နုအညွန့်ကို ဟင်းသီးဟင်းရွက်အဖြစ် စားသုံးကြသည်။ အသီးသည် ဗီတာမင်စီ အဓိကအရင်းအမြစ်ဖြစ်သည်။ အသီးနှင့် အမြစ်များကို ရေငတ်ပြေစေရန်အတွက် ဆေးဝါးအဖြစ် အသုံးပြုကြ သည်။ အခေါက်ကို Diuresis အားကောင်းစေသည့် အစွမ်းသတ္တိ အတွက် အသုံးပြုထားသည်။

Habit
Bark
Leaf
Inflorescence and flowers
Flower
Fruit
Seed

Myanmar Name – Gwe

Common Name – Hog plum

Botanical Name – Spondias pinnata (L.f.) Kurz

Family Name – Anacardiaceae.

Habitat – It is native to the Philippines and Indonesia, but has been widely naturalized in South Asia, South East Asia and Southern China.

Habit – A deciduous tree, 10–15 m (33–49 ft) tall (sometimes up to 25 meters (82 ft) in height); branchlets yellowish brown and glabrous.

Bark – with straight trunk and smooth ash colored bark having pleasant aromatic smell.

Leaves – Leaves are large, with pairs of leaflets (see illustration) on petioles that are 100–150 mm (3.9–5.9 in) and glabrous; leaf blades 300–400 mm (12–16 in), imparipinnately compound with 5-11 opposite leaflets; leaflet petiolule 3–5 mm (0.12–0.20 in); leaflet blade ovate-oblong to elliptic-oblong, 70–120 mm (2.8–4.7 in) × 40–50 mm (1.6–2.0 in), papery, glabrous on both sides, with margins that are serrate or entire; the apex is acuminate, lateral veins 12-25 pairs.

Inflorescence – The inflorescence is paniculate, terminal, 250–350 mm (9.8–13.8 in) and glabrous, with basal first order branches 100–150 mm (3.9–5.9 in).

Flower – The flowers are mostly sessile and small, white and glabrous; calyx lobes are triangular, approx. 0.5 millimeters (0.020 in). Petals are ovate-oblong, approximately 2.5 by 1.5 mm (0.098 in × 0.059 in); Stamens are approximately 1.5 mm (0.059 in).

Fruit – The fruit is a drupe ellipsoid to elliptic-ovoid, olive green becoming yellowish orange at maturity, 35–50 mm (1.4–2.0 in) × 25–35 mm (0.98–1.38 in); inner part of endocarp woody and grooved, outer part fibrous; mature fruit usually have 2 or 3 seeds.

Flowering and Fruiting Time – flowers from April–June and fruits from August–September.

Usage – The young shoot is consumed as a vegetable. The fruit of this plant is the chief source of vitamin C. The fruits and roots are used as a remedy to satisfy the thirst. The bark has been utilized for its property of improving diuresis.

FD-APFNet (IFEM) Project

Scroll to Top