



မြန်မာအမည် – Thaikwa
အင်္ဂလိပ်အမည် – Bengal Bamboo or Indian Timber Bamboo
ရုက္ခဗေဒအမည် – Bambusa tulda Roxb.
မျိုးရင်း – Poaceae
ပြန်နှံ့ပေါက်ရောက်ပုံ – အကြီးမြန်သည့် အလယ်အလတ်ရှိ အပူပိုင်းဒေသတွင် အရုံ လိုက်ပေါက်ရောက်သည့်ဝါးမျိုးဖြစ်သည်။ မူရင်းဒေသများအဖြစ် အိန္ဒိယကျွန်းဆွယ်နိုင်ငံများ၊ အင်ဒိုချိုင်းနားကျွန်းနိုင်ငံများနှင့် တိဘက်၊ တရုတ်နိုင်ငံယူနန်ပြည်နယ်များတွင် ပေါက်ရောက်ကြ သည်။
ဝါးလုံးသရုပ် – အမြင့် ၂၀ မီတာနှင့် လုံးပတ်အချင်း ၅-၁၀ စင်တီမီတာရှိသည့် ဝါးလုံးများဖြင့် ဖွဲ့စည်းထားသည်။
ဆစ်ကြားပိုင်း – ဝါးလုံးရှိ ဆစ်ကြားပိုင်းများသည် အရှည် ၃၆-၆၀ စင်တီမီတာ ရှိပြီး ဝါးအသားထူပြီး၊ ၁-၂.၅ စင်တီမီတာရှိပြီး၊ ဝါးအရင်းပိုင်းရှိ အဆစ်များသည် အခေါင်းပိတ်ရှိတတ်သည်။
အဆစ်ပိုင်း – အဆစ်များ၏ အပေါ်နှင့်အောက်ဖက်တွင် အဖြူရောင်အရစ် လိုင်းများရှိပြီး ထင်ရှားသည်။
ဝါးဖတ် – တြိဂံပုံရှိဝါးရွက်ဖတ်သည် ပျမ်းမျှအားဖြင့် ၁၅ စင်တီမီတာ ရှည်၍ ဗျက် ၂၅ စင်တီမီတာခန့်အရွယ်ရှိကြသည်။ ဝါးဖတ်ထိပ် ရွက်သည် ထိပ်ချွန်ပြီး အရှည် ၅-၁၀ စင်တီမီတာခန့်ရှိသည်။ ဝါးဖတ်သည် ကောက်ရိုးရောင်ရှိပြီး အနက်ရောင်သန်းသည် ဝါးဖတ်၏အပြင်မျက်နှာပြင်ပေါ်တွင် အညိုရောင် အမွေးကြမ်း များရှိကြသည်။ ဝါးဖတ်သည့်ကြွေလွယ်သည်။
Foliage leaves – အရွက်ပြားလှံသွားပုံရှိကာ အရွယ်အားဖြင့် ၁၅-၂၅ စင်တီမီ တာနှင့် ဗျက် ၂-၄ စင်တီမီတာရှိကြသည်။ ရွက်လယ်ကြော ထင်ရှားပြီး ဘေးရွက်ကြောများ ၁၂-၂၀ ခန့်ပါရှိသည်။
ဘေးကိုင်းတည်ဆောက်ပုံ – အဆစ်များတွင် ဘေးကိုင်းများ အစုလိုက်ထွက်တတ်သည် များသောအားဖြင့် ဘေးကိုင်းတက် ၃ ခုမှာ အရွယ်အား ဖြင့်ကြီးပြီး ထင်ရှားသည်။ အောက်ခြေအဆစ် ၄ ဆစ်မှစ၍ ထင်ရှားသည့် ဘေးကိုင်းတက်များထွက်လေ့ရှိသည်။
အသုံးဝင်မှု – သိုက်ဝါးကို ကွန်ကရစ်အင်အားဖြည့်ထည့်သွင်းရာတွင် အသုံးပြု ကြသည်။ အဆောက်အဦများဆောက်ခြင်း၊ ပရိဘောဂ၊ ခြင်းတောင်းများရက်ခြင်း၊ ဖျာ၊ အိမ်အသုံးအဆောင်ပစ္စည်းများ၊ ငါးမျှာတံ၊ လက်မှုပစ္စည်များ၊ ယွန်းထည်ပစ္စည်းများ ထုတ်လုပ် ရာတွင် အသုံးပြုကြသည်။




Myanmar Name – Thaikwa
Common Name – Bengal Bamboo or Indian Timber Bamboo
Botanical Name – Bambusa tulda Roxb.
Family Name – Poaceae
Habitat – Fast growing medium-sized tropical clumping bamboo native to the Indian subcontinent, Indochina, Tibet, and Yunnan.
Culm Habit – Grows up to a height of 20 m with culm diameters between 5-10 cm.
Internode – The culms have 36-60 cm long internodes which are very thick walled (1-2.5 cm at breast height and nearly solid at the base).
Node – Node are prominent with their white rings of upper and lowers nodal ring.
Culm Sheath – The triangular culm sheaths are on average 15 cm long by 25 cm wide, with a conical blade of around 5–10 cm length. Culm sheaths are straw-colored and covered with appressed blackish-brown hairs on the upper surface. The sheaths fall off early.
Foliage leaves – The lance-shaped leaves are 15-25 cm long by 2-4 cm wide. The midrib of the leaf-blade is visible and has 12-20 secondary veins.
Branching – Develops many clustered branches per node, usually with 3 larger dominant branches. The lower parts of the culm (ca. from the 4th node up) are characterized by very predominant side-branches.
Usage – The culms are also used for reinforcing concrete, scaffolding, as a structural timber in construction, furniture, basketry, mats, household utensils, fishing rods, handicrafts, and bamboo lacquer ware.