



မြန်မာအမည် – ကြံ့စာ
အင်္ဂလိပ်အမည် – Tsaang-gubat, Fukien Tea Tree, Wild Tea, Scorpion Bush
ရုက္ခဗေဒအမည် – Ehretia microphylla Lam
မျိုးရင်း – Boraginaceae
ပြန်နှံ့ပေါက်ရောက်ပုံ – အိန္ဒိယ၊ အရှေ့တောင်အာရှမှ တရုတ်နိုင်ငံတောင်ပိုင်းထိ စိုက်ပျိုးကြသည်။
အပင်သရုပ် – ခြုံပင်ငယ်(သို့) အပင်ငယ်မျိုးဖြစ်ပြီး အမြင့် (၁-၃)မီတာထိ ရှင်သန်ကြီးထွားကြသည်။
အခေါက် – အခေါက်သည် ချောမွေ့ပြီး အညိုဖျော့ရောင်(သို့) မီးခိုးရောင်ရှိသည်။
အရွက် – အရွက်သည် အစိမ်းရောင်ရှိပြီး များသောအားဖြင့် (၃-၅)ရွက်ခန့် စုပေါင်းတည်ရှိပြီး အလျား ၁.၅-၄ စင်တီမီတာ၊ အနံ ၀.၈-၂.၅ စင်တီမီတာ၊ အရှည် ၁-၅ မီလီမီတာခန့်ရှိသည်။
ပန်းခိုင် – ပန်းခိုင်သည် ငှက်မွှေးကဲ့သို့ အမွှေးများဖြင့် ဖုံးအုပ်ထားသည်။ ပွင့်ဖတ်များသည် စီရီစွာတည်ရှိ၍ ၄-၅ မီလီမီတာခန့်ရှိပြီး ပွင့်ချပ်များထက် နှစ်ဆနီးပါးခန့် ရှည်လျားသည်။ ပွင့်ဖတ်အုံသည် အချင်း၁၂မီလီမီတာခန့်ရှိသည်။
ပန်းပွင့် – ပန်းပွင့်သည် အဖြူရောင်ဖြစ်၍ သေးငယ်သည်။
အသီးနှင့်အစေ့ – အသီးသည် အသားထူ၍ အစေ့မာသော အသီးမျိုးဖြစ်သည်။ ရင့်မှည့်သောအခါ လိမ္မော်ရင့်ရောင်မှ အနီရောင်သို့ ပြောင်းလဲသွားသည်။
ပွင့်သီးချိန် – နိုဝင်ဘာလမှ ဒီဇင်ဘာလအထိ ဖြစ်သည်။
အသုံးဝင်မှု – ကြံ့စာပင်သည် ဆေးဘက်ဝင်အပင်ဖြစ်ပြီး တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် အရွက်ကို (ချောင်းဆိုး၊ ဝမ်းပျက်ဝမ်းလျောခြင်း၊ ဝမ်းကိုက်ရောဂါများ)အတွက် လည်းကောင်း၊လ္ဘက်ခြောက်များပြုလုပ်၍လည်းကောင်း၊ အသီးကို စားသုံးခြင်းဖြင့် လည်းကောင်း၊ အလှစိုက်ပင်အဖြစ်လည်းကောင်းစိုက်ပျိုးကြသည်။




Myanmar Name – Kyant-sar
Common Name – Tsaang-gubat, Fukien Tea Tree, Wild Tea, Scorpion Bush
Botanical Name – Ehretia microphylla Lam
Family Name – Boraginaceae
Habitat – India, Southeast Asia to Southern China: also cultivated
Habit – Medium-sized shrub to small tree, able to grow up to 1 – 3 m tall.
Bark – The bark is smooth and light brown or gray in color.
Leaves – Green leaves, usually in clusters of 3 – 5, obovate and measuring 1.5 – 4 cm long and 0.8 – 2.5 cm wide, petiole measuring about 1 – 5 mm long, toothed towards the apex.
Inflorescence – Inflorescence clothed in scabrid hairs. Calyx lobes linear, about 4-5 mm long, almost twice as long as the petals. Corolla about 12 mm diam., lobes fused near the base, each about 5-7 x 3-4 mm.
Flower – Flowers are small, white
Fruit And Seed – The fruit is a drupe and Simple, globose in shape, measuring 4 – 5 mm wide, ripens from brownish orange to red.
Flowering and Fruiting Time – November-December
Usage – The plant is popular in Beijing in China. The leaves are used medicinally in the Philippines to treat cough, colic, diarrhea and dysentery. Tea made from the leaves. – Fruit is edible. · Others · – Grown as ornamental hedge.