ကံကော်

အပင်သရုပ်
အခေါက်
အရွက်
ပန်းခိုင်နှင့် အပွင့်
အသီး
အစေ့

မြန်မာအမည် – ကံကော်

အင်္ဂလိပ်အမည် – Ceylon Iron wood, Iron wood of Assam

ရုက္ခဗေဒအမည် Mesua ferrea L.

မျိုးရင်း – Hypericaceae

ပြန်နှံ့ပေါက်ရောက်ပုံ – မူရင်းဒေသအဖြစ် အရှေ့တောင် အာရှ၊  အိန္ဒိယ၊ သီရိလင်္ကာ၊ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့တွင် တွေ့ရှိနိုင် သည်

အပင်သရုပ် – အမြင့် ၃၀ မီတာအထိရောက်ရှိနိုင်သော အမြဲစိမ်းသော အပင်အမျိုး အစားဖြစ်သည်။ ဖြောင့်တန်းပြီး ရှည်လျားသော ပင်စည်ရှိသည်။ ရင်စို့ လုံးပတ်သည် ၃၀ စင်တီ မီတာခန့်ရှိသည်။

အခေါက် – အညိုရင့်ရောင်ရှိ၍  ချောမွေ့ပြီး ပါးလွှာသည်။

အရွက် – ရွက်ဆိုင်ထွက်သည့် ရွက်ထီး အမျိုးအစား ဖြစ်သည်။ ရွက်မွှာသည် ငှက်တောင်ပုံရှိ၍ ရွက်နားညီညာပြီး အလျား ၅-၁၅ စင်တီမီတာ ခန့်ရှိသည်။ အရွက်နုများသည် အနီရောင်သို့မဟုတ် ပန်းရောင်ဖြစ်ပြီး အရွက်များ ကြီးရင့်သွားသည့်အခါ အစိမ်းရောင်သို့ ပြောင်းလဲသွား သည်။

ပန်းခိုင် – တစ်ပွင့်တည်းကြားထွက် ပန်းခိုင်အမျိုးအစားဖြစ်သည်။

ပန်းပွင့် – အဝါရောင်ဝတ်ဆံများ ပတ်လည်တွင် ဖြူဖွေးသော ပွင့်ဖတ်များ ဝိုင်းရံ လျှက်ရှိသည့် ကံ့ကော်ပန်းများသည် အပွင့်များသည်  တစ်ပွင့်တည်း သို့မဟုတ် စုပြီးပွင့်ကြ သည်။

အသီးနှင့်အစေ့– ရှည်မျောမျောဖြစ်ပြီး အခွံများမှာမာသည်။ အသီးများမှာ  ၂.၅-၃.၈ စင်တီမီတာအထိ ရှည်သည်။  ကံ့ကော်သီးများတွင် အစေ့ ၁-၄  စေ့ အထိ ပါရှိတတ်သည်။

ပွင့်သီးချိန် – ပန်းပွင့်ချိန် ဧပြီလမှ ဇွန်လအထိ ဖြစ်ပြီး အသီးသီး ချိန်သည် ဇူလိုင်လမှ အောက်တိုဘာလ ဖြစ်သည်။

အသုံးဝင်မှု – ကံ့ကော်သားသညမာ၍ အလွန်ကြာရှည်စွာ အသုံးခံသဖြင့် တံတား များ၊ မီးရထား ဇလီဖားတုံးများ၊ ရေတွင်းဘောင်၊ သေနတ်ဒင်၊ နေအိမ်၊ အဆောက်အအုံများ၊ လှည်းဝင်ရိုး၊ လှည်းထမ်းပိုးစသည်တို့အတွက် အသုံးပြုကြသည်။

Habitat
Bark
Leaf
Inflorescence and flowers
Fruit
Seed

Myanmar Name – Gangaw

Common Name – Ceylon Iron wood, Iron wood of Assam

Botanical Name – Mesua ferrea L.

Family Name – Hypericaceae

Habitat – Tropical tree native to Southeast Asia. It can be found in various countries, including India, Sri Lanka, Myanmar,Malaysia, Indonesia, and Thailand. It typically grows in evergreen and semi-evergreen forests, often in hilly or mountainous regions.

Habit – Evergreen tree that can reach heights of up to 30 meters. It has a straight and tall trunk with a dense crown of leaves.DBH ranging from 30 centimeters (approximately 12 inches) to 100 centimeters (approximately 39 inches) or more.

Bark – Grayish-brown, smooth, and thin.

Leaves – Simple, opposite, lanceolate-ovate, margins entire, apex acute, leathery, coriaceous, shining above and lance-shaped. They are dark green and glossy, measuring about 5-15 centimeters in length. The leaves have a prominent midrib.

Inflorescence – Flowers bisexual, solitary flowers that are typically axillary pedicel short or sessile, sepals 4, imbricate.

Flower – A cup-shaped structure with four to five petals. The petals are usually white or pale yellow and measure 2-4 centimeters in diameter. The flowers have numerous stamens with prominent yellow anthers.

Fruit & Seed– Typically has a greenish to brown color, a woody capsule that is typically 2-3 centimeters in diameter. Small Seeds 1-4.

Flowering and Fruiting Time – Flowering time from April to June and Fruiting time July to October.

Usage – Used for carts, baskets bridges, Railway sleeper blocks well to frame the gun home Buildings cart axle, and cart yokes.

FD-APFNet (IFEM) Project

Scroll to Top