





မြန်မာအမည် – ခရာဝါ
အင်္ဂလိပ်အမည် – Golden trumpet
ရုက္ခဗေဒအမည် – Allamanda cathartica L.
မျိုးရင်း – Apocynaceae
ပြန်နှံ့ပေါက်ရောက်ပုံ – ဘရာဇီးနိုင်ငံတွင် ဇာတိဖြစ်သော်လည်း ကမ္ဘာတစ်ဝှမ်းရှိ အပူပိုင်းဒေသများတွင် တွင်ကျယ်စွာ စိုက်ပျိုးကြသည်။
အပင်သရုပ် – အမြဲစိမ်းသောချုံပင် သို့မဟုတ် နွယ်တက်ပင် အမျိုးစားဖြစ်၍ အမြင့် ၂ မှ ၄ မီတာခန့်ရှိသည်။
ပင်စည်– ချောမွေ့ပြီး အညိုဖျော့မှ မီးခိုးရောင်ရှိ၍ အပင်ကြီး ရင့်လာသည်နှင့် အမျှ အခေါက်သည် သေးငယ်သော အကွဲအပြဲများရှိ၍ အနည်းငယ် ကြမ်းတမ်းလာ နိုင် သည်။
အရွက် – ရွက်ဆိုင်ထွက်သည့်ရွက်ထီး အမျိုးအစားဖြစ်ပြီး ဘဲဉ ရှည် ပုံသဏ္ဍာန် ဖြစ်၍ အဖျားသွယ်သည်။ အရွက်၏ အရှည်သည် အလျား ၅-၁၅ စင်တီမီတာခန့်ရှိပြီး ဗျက် ၂-၆ စင်တီမီတာ ခန့်ရှိသည်။
ပန်းခိုင် – အဆုံးရှိသည့် ထိပ်ထွက်ပန်းခိုင်အမျိုးအစားဖြစ်သည်။
ပန်းပွင့် – ကြီးမား၍ ခေါင်းလောင်းပုံသဏ္ဍာန် ရှိပြီး အဝါရောင် ပန်းပွင့်လေးသည် အချင်း ၇-၁၀ စင်တီမီတာ ခန့်ရှိ သည့် နှစ်ခြမ်းညီပန်းပွင့်ဖြစ်သည်။
အသီးနှင့်အစေ့– ဆူးပါသောအပ်ကွဲသီးအမျိုးအစားဖြစ်၍ ပြား၍ အညိုရောင်ရှိသော အစေ့များစွာပါရှိသည်။
ပွင့်သီးချိန် – မေလမှ နိုဝင်ဘာလအထိ ပန်းပွင့်ပြီး ဩဂုတ်လမှ ဒီဇင်ဘာလအထိ အသီးသီးချိန်ဖြစ်သည်။
အသုံးဝင်မှု – အလှစိုက်အပင်အဖြစ်စိုက်ပျိုးပြီး တိုင်းရင်းဆေးတွင် အသားဝါခြင်းနှင့် အသည်းရောဂါများကဲ့သို့ ဝေဒနာ အမျိုးမျိုးကို ကုသရာတွင်အသုံးပြု သည်။






Myanmar Name – Khayawa
Common Name – Golden trumpet
Botanical Name – Allamanda cathartica L.
Family Name – Apocynaceae
Habitat – Native to Brazil but is widely cultivated in tropical and subtropical regions around the world.
Habit – An evergreen shrub or vine that can reach heights of 2-4 meters (6.5-13 feet) when grown as a shrub and up to 10 meters (33 feet) when allowed to climb.
Stem– Smooth and light brown to gray in color. As the plant matures, the bark may develop a slightly rough texture with fine fissures.
Leaves – Opposite, simple, and elliptic to obovate in shape. They are dark green, glossy, and leathery with entire margins. Each leaf measures about 5-15 cm (2-6 inches) in length and 2-6 cm (0.8-2.4 inches) in width.
Inflorescence – Typically a terminal cyme, which means the flowers are borne at the ends of the branches.
Flower – large, trumpet-shaped, and bright yellow. Each flower measures about 7-10 cm (2.8-4 inches) in diameter. The corolla is fused into a tube with five spreading lobes. The throat of the flower is often darker yellow.
Fruit & Seed– A spiny capsule that measures about 4-7 cm (1.6-2.8 inches) in diameter. When mature, the capsule splits open to release numerous seeds. The seeds are flat, brown, and winged
Flowering and Fruiting Time – Flowering time from May to November and fruiting time from August to December.
Usage – Cultivated as an ornamental plant and used to treat a variety of ailments, such as jaundice and liver diseases in traditional medicine.