ဝါးဘိုးဝါး

ဝါးရုံသရုပ်
မျှစ် (ဝါးနု) သရုပ်ပုံ
ဝါးဖတ်သရုပ်

မြန်မာအမည် – ဝါးဘိုးဝါး

အင်္ဂလိပ်အမည် – Giant bamboo

ရုက္ခဗေဒအမည် Dendrocalamusgiganteus  Munro

မျိုးရင်း – Poaceae

ပြန်နှံ့ပေါက်ရောက်ပုံ – အပူပိုင်းနှင့်နွေးသမပိုင်းတွင် အရုံလိုက် ပေါက်ရောက်သည့် ဝါးကြီးမျိုးဖြစ်သည်။ မူရင်းဒေသမှာတောင်အာရှနှင့် အရှေ့ တောင်အာရှနိုင်ငံများဖြစ်ပြီးအိန္ဒိယ၊ မြန်မာ၊ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် ပေါက်ရောက်လေ့ရှိသည်။ ကမ္ဘာပေါ်တွင်အကြီးမြန်သည့် ဝါးမျိုးစိတ်တစ်မျိုးလည်းဖြစ် ပါသည်။ 

ဝါးလုံးသရုပ်  – ဝါးလုံးများကြီးမားရှည်လျားပြီးဝါးရုံတွင် ဝါးလုံးများစုပြုံထွက် လေ့ရှိကာအမြင့် ၃၀ မီတာခန့်ရှိသည်။ ဝါးလုံများသည် ဖြောင့်တန်း၍ မီးခိုးစိမ်းရောင်ရှိကာဝါးလုံးမျက်နှာပြင်သည် ချောမွေ့၍ အဖြူရောင်ပေါင်ဒါမှုန့်များတွယ်ကပ်လျက်ရှိပြီးထိုမှ အညိုရောင်သန်းသည့်အစိမ်းရောင်ပြောင်းလဲသွားသည်။ ဝါးနုတွင် ခရမ်းရင့်ရောင် ရှိသည်။

ဆစ်ကြားပိုင်း – ဆစ်ကြားပိုင်းသည် ၂၅-၄၀ စင်တီမီတာရှည်၍ အချင်း ၁၀-၃၅ စင်တီမီတာအရွယ်ရှိသည်။ ဝါးအသားပါးသည်။

အဆစ်ပိုင်း  – အဆစ်များထင်ရှားပြီးအဆစ်တွင် အရစ်လိုင်း ၂ လိုင်းဖြင့် ဖွဲ့စည်းထားသည်။

ဝါးဖတ် – ဝါးဖတ်ရွက်သည် နုစဉ်တွင် အစိမ်းရောင်ရှိပြီး၊ ရင့်လာပါကအညိုရင့်ရောင်သို့ ပြောင်းလဲသွားသည်။ ဝါးဖတ်ရွက်သည် ကြီးမားပြန့်ကာ၍ ၂၄-၃၀ စင်တီမီတာအရှည်နှင့် ၄၀-၆၀ စင်တီမီတာအကျယ်ရှိသည်။ ဝါးဖတ်ထိပ်ရွက်သည် တြိဂံပုံရှိပြီး ၇-၁၀ စင်တီမီတာအရှည်ရှိသည်။ ဝါးဖတ်ရွက် အပေါ်ပိုင်သည် အနည်းငယ်ဝိုင်းသည့် ပုံရှိသည်။ ဝါးဖတ်နားရွက်များသည် သေးငယ်၍ အရွယ်တူကြသည်။ ဝါးဖတ်ရွက်၏ အပြင်ဖက် မျက်နှာပြင်အပေါ်ပိုင်းအား ရွှေရောင်နှင့် အညိုရောင်ရှိအမွေးကြမ်းများဖြင့်ဖုံးအုပ်ထားသည်။ အတွင်းမျက်နှာပြင်သည် ချောမွေ့ပြီးအမွေးအမျှင်များမပါရှိပေ။ ဝါးဖတ်ရွက်များစောလျင်စွာကြွေကြလွယ်သည်။

Foliage leaves – အရွက်၏ရွက်ပြားသည် အခြေအနည်းငယ်စောင်းသည့် ဘဲဥရှည်သွယ်ပုံရှိကာအရွယ်အားဖြင့် ၂၀-၄၀ စင်တီမီတာ x ၃-၇ စင်တီမီတာရှိသည်။ ရွက်သားပြောင်ချောပြီးအနည်းငယ် ကြမ်းတမ်းထင်ရှားသည့် ကန့်လန့်ဖြတ် ရွက်ကြောများရှိသည်။ ရွက်ဖတ်လျှာသည် ၂-၃ မီလီမီတာရှည်ပြီးပုံမမှန်သည့် ခွေးသွားစိတ်များရှိသည်။ ဝါးဖတ်နားရွက်များသေးငယ်ပြီးပြောင်ချောသည်။ 

ဘေးကိုင်းတည်ဆောက်ပုံ – ဝါးလုံးထိပ်ပိုင်းရှိအဆစ်များတွင် ဘေးကိုင်းထွက်လေ့ရှိသည်။ အောက်ခြေအဆစ် ၈ ဆစ်ခန့်အထိလေရှူမြစ်များထွက်လေ့ ရှိသည်။

အသုံးဝင်မှု – အဆောက်အဦများဆောက်လုပ်ခြင်း၊ ဝါးလက်မှုထည်များယက်လုပ်ခြင်းတွင် အသုံးပြုကြသည်။ မျှစ်ကိုစားသုံးနိုင်သည်။

Clump habit
Shoot habit
Culm sheath habit

Myanmar Name – Wabo

Common Name – Giant bamboo

Botanical Name – Dendrocalamusgiganteus  Munro

Family Name – Poaceae

Habitat – A giant tropical and subtropical, dense-clumping species native to Southeast Asia native to India,Myanmar, Thailand and China’s Yunnan province. It is one of the largest bamboo in the world.

Culm Habit – A very tall, large-culmed, grayish-green bamboo, it grows in clumps consisting of a large number of closely growing culms and typically reaches a height of 30 meters. Culms are straight and grayish green with a powdery appearance, becoming brownish green on drying, with a smooth surface. Young shoots are blackish purple

Internode – Internode length is 25–40 cm, and diameter is 10–35 cm. Culm walls are thin, rarely exceeding one inch (2.5 centimeters) in thickness.

Node – Nodes are prominent with two nodal rings.

Culm Sheath – The culm sheath is greenish when young, becoming dark brown when mature. Sheaths are large and broad, length of sheath proper 24–30 cm, and width is 40–60 cm. The blade is triangular, 7–10 cm long. The top of the sheath is rounded. Auricles are small, equal, and crisped. The upper surface of the sheath is covered with stiff, gold and brownish hairs. The under surface is glossy, and not hairy. Sheath fall off is early.

Foliage leaves – Leaf blade oblique-oblong, 20-40 cm x 3-7 cm, glabrous, slightly rough, with distinct cross veins; Ligule 2-3 mm long, irregularly toothed; aAuricles small and glabrous.

Branching – branching only at the top.Aerial roots occur up to the eighth node. The rootstock is stout.

Usage – Used in construction and weaving. The shoots are edible.

FD-APFNet (IFEM) Project

Scroll to Top