သစ်ဠင်းတ

အပင်သရုပ်
အခေါက်
အရွက်
ပန်းပွင့်နှင့်ပန်းခိုင်
အသီး
အစေ့

မြန်မာအမည် – သစ်ဠင်းတ

အင်္ဂလိပ်အမည် – Sulfur Heterophragma,  Yellow Bignonia

ရုက္ခဗေဒအမည် HeterophragmasulfureumKurz

မျိုးရင်း – Bignoniaceae

ပြန်နှံ့ပေါက်ရောက်ပုံ – အမေရိက၊ တောင်အာရှနိုင်ငံများ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့တွင် မူရင်းဒေသအဖြစ် လက်ခံထားကြသည့် အပင်ဖြစ်သည်။

အပင်သရုပ်  – ရွက်ပြတ်ရောနှောတောများတွင် ပေါက်ရောက်ပြီး အပင် အမြင့် ၉ မှ ၁၈မီတာ ခန့်ကျော်အထိမြင့်နိုင်ပြီး၊ အပင်လတ် မျိုးဖြစ်သည်။

အခေါက် – အပင်ငယ်စဉ်တွင်ချောမွေ့သောအသွင်ရှိ၍ မီးခိုးရောင်ဖျော့ ဖျော့ရှိပြီး၊ အသက်ရင့်လာသည်နှင့်အမျှ ကြမ်းတမ်းသော အကြေးခွံပုံ သဏ္ဍာန်ဖြစ်ပေါ်၍ နီညိုရောင်သန်း လာသည်။

အရွက် – ရွက်ဆိုင်ထွက် ငှက်အမွှေးရွက်ပေါင်းဖြစ်ပြီး၊ ဘဲဥပုံသဏ္ဍာန် ရှိသည်။ ချောမွေ့သောမျက်နာပြင်ရှိသည်။

ပန်းခိုင် – အဆုံးရှိပန်းခိုင်အမျိုးအစားဖြစ်၍  အဝါရောင် ဖျော့ဖျော့ ရှိပြီး လိင်စုံကာ ၅ အင်္ဂါဆပန်းဖြစ်ပါသည်။

ပန်းပွင့် – နှစ်ခြမ်းညီပန်းဖြစ်ပြီးအချိုးစားမကျသည့်ပန်းဖြစ်ပြီး၊ ခေါင်း လောင်းပုံသဏ္ဍာန်ရှိပြီး အရှည် ၂ စင်တီမီတာခန့်ရှိ အဝါ ရောင်ဖျော့ဖျော့အရောင်ရှိသည်။

အသီးနှင့်အစေ့ – အပ်ကွဲသီးဖြစ်၍ အရှည် ၁ပေကျော်ခန့်အထိရှိပြီး နီညို ရောင်ရှိ၍ တွဲလျားကျနေပါသည်။

ပွင့်သီးချိန် – မေလမှ ဇွန်လအထိ ပန်းပွင့်ပြီး၊ ဇူလှိုင်လမှ စက်တင်ဘာ လအထိ အသီးသီးချိန်ဖြစ်သည်။

အသုံးဝင်မှု – ပန်းပွင့်၏လှပမှုကြောင့် အလှစိုက်ပင်အဖြစ်စိုက်ပျိုးကြပြီး၊ ဆေးဘတ်ဆိုင်ရာတွင်လဲ အသုံးပြုသည်။

Habit
Bark
Leaf
Inflorescence And Flower
Fruits
Seeds

Myanmar Name – သစ်ဠင်းတ

Common Name – Sulfur Heterophragma,  Yellow Bignonia

Botanical Name – HeterophragmasulfureumKurz

Family Name – Bignoniaceae

Habitat – Native to Southeast Asia, particularly found in regions like Myanmar and Thailand. It typically grows in tropical and subtropical climates, often in forests and wooded areas.

Habit – Grows in mixed deciduous forests and the height of the plant can reach more than 9 to 18 meters. It is a medium plant.

Bark  – When the plant is young, it has a smooth appearance and is light gray in color. As it ages, rough scales form and become reddish-brown in color.

Leaves – Compound, leaflets are typically ovate to elliptic in shape, with a glossy green coloration. They are arranged alternately along the stem.

Inflorescence And Flower– Clusters of bright yellow flowers. These flowers are typically arranged in panicles or racemes, which are branched clusters of flowers borne on a central stalk. Each individual flower has a trumpet-shaped corolla with five petals fused together, forming a tube-like structure.

Fruit – elongated capsule

Seed – Nnumerous within each capsule.

Flowering and Fruiting Time – April – June

Usage – Because of the beauty of the flower, it is cultivated as a decorative plant. Used in medicine.

FD-APFNet (IFEM) Project

Scroll to Top