မျှင်ဝါးဖြူ

ဝါးလုံးသရုပ်
ဘေးကိုင်းထွက်ပုံ
ဝါးဖတ်ရွက်
ဝါးနု (မျှစ်)

မြန်မာအမည် – မျှင်ဝါးဖြူ

အင်္ဂလိပ်အမည် – Waya, White bamboo

ရုက္ခဗေဒအမည် Dendrocalamus membranaceus Munro

မျိုးရင်း – Poaceae

ပြန်နှံ့ပေါက်ရောက်ပုံ – အပူပိုင်းဒေသ ရွက်ပြတ်ရောနှောတော၊ မုတ်သုန်တောများ တွင် အမြင့်ပေ ၁,၀၀၀ မီတာတွင်ပေါက်ရောက်သည်။ မူရင်းဒေသ များအဖြစ် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများတွင်ပေါက်ရောက်ကြ သည်။

ဝါးလုံးသရုပ် – ဝါးလုံးများဖြောင့်တန်းသန်မာပြီး ၂၀-၂၄ မီတာ အမြင့်ရှိ၍ လုံးပတ်အချင်း ၆-၁၀ စင်တီမီတာရှိကြသည်။

ဆစ်ကြားပိုင်း – ဆစ်ကြားပိုင်းများ ၂၂-၁၈ စင်တီမီတာရှည်ပြီး၊ ဆစ်ကြားပိုင်း မျက်နှာပြင်ပေါ်တွင် ကြွေလွယ်သည့် အဖြူရောင်ပေါင်ဒါမှုန့်များ ဖြင့် ဖုံးလွှမ်းထားပြီးသွားသည်။

အဆစ်ပိုင်း – အဆစ်တွင် သန်မာသည့် အဆစ်ရစ်ပိုင်းပါရှိပြီး၊ ဝါးလုံး အောက်ခြေရှိ အဆစ်များတွင် အမြစ်များမပါရှိတတ်ပေ။

ဝါးဖတ်ရွက် – ကြွေလွယ်သည့် ဝါးဖတ်ရွက်သည် အစပိုင်းတွင် လိမ္မော်ရောင် သန်းသည့် အစိမ်းရောင်ရှိသည်။ အီလစ်ရှည်သွယ်ပုံရှိသည်။ ဝါးဖတ်ရွက်အှရည်သည် ဆစ်ကြားပိုင်းအရှည်ထက်ပိုရှည်နေ တတ်သည်။ ဝါးဖတ်ရွက်သည် စက္ကူကဲ့သို့ပါးလွှာပြီး အနားတွင် အမွေးနုများပါရှိသည်။ ဝါးဖတ်ရွက်လျှာသည် ခွေးသွားစိတ်ပုံ ရှိပြီး ၅-၁၀ မီလီမီတာအမြင့်ရှိသည်။ ဝါးဖတ်ထိပ်ရွက်သည် ဘေးဖက်သို့ပြန့်ကျနေပြီး လှံသွားပုံရှိကာ ၃၀-၄၀ x ၂-၃ စင်တီမီတာအရွယ်ရှိသည်။

အရွက် – ကနဦးတွင် ရွက်ဖတ်အိမ်သည် အနည်းငယ်ကြဲပါးသည့် အမွေးများရှိပြီး၊ တဖြည်းဖြည်းချောမွေ့ပြောင်လက်လာသည်။ ရွက်ပြား လှံသွားပုံရှိကာ ၁၂.၅-၂၅ x ၁.၂-၂ စင်တီမီတာအရွယ်ရှိကြသည်။

ဘေးကိုင်းတည်ဆောက်ပုံ – ဘေးကိုင်းတက်များတွင် အရွယ်ကြီးသည့် ဘေးကိုင်းတက် ၁-၃ ခုပါရှိပြီး၊ ကျန်အရွယ်သေးငယ်သည့် ဘေးကိုင်းတက်အစုဖြင့် ဖွဲ့စည်းထားသည်။ အပေါ်အဆစ်များရှိ ဘေးကိုင်းတက် များသည် ဆလင်ဒါပုံရှိကာ အရွက်အများအပြားထွက်ရှိတတ် သည်။

အသုံးဝင်မှု – ဝါးလုံးကို အဆောက်အဦများဆောက်လုပ်ခြင်း၊ ဝါးလှေ၊ ပရိ ဘောဂ၊ ခြင်းတောင်း၊ ဖျာနှင့် လက်မှုပစ္စည်းများပြုလုပ်ရာတွင် အသုံးပြုသည်။ စက္ကူပျော့ဖတ်ထုတ်လုပ်ရန် သင့်တော်သည်။

Habit
Branching
Culm Sheath
Inflorescence and flowers

Myanmar Name – Hmyimwa-pyu

Common Name – Waya, White bamboo

Botanical Name – Dendrocalamus membranaceus Munro

Family Name – Poaceae

Habitat – Found in tropical mixed deciduous or monsoon forest at elevations below 1,000 metres. Natives are Bangladesh, Cambodia, China, Laos, Myanmar, Thailand, Vietnam etc.

Culm Habit – Culms are straight and usually between 20-24 m high and 6-10 cm in diameter.

Internode – Internodes are 22-38 cm long and covered with a white powdery deciduous scurf when young, but green on maturity.

Node – Nodes are strongly ringed and basal nodes show rootlets.

Culm Sheath – Culm sheaths deciduous, initially orange-green, elliptical to oblong, usually longer than internodes, papery, margins ciliate; auricles small; oral setae short; ligule 8–10 mm, serrulate; blade reflexed, linear-lanceolate, 30–40 × 2–3 cm.

Foliage leaves – Leaf sheaths initially sparsely hairy, becoming glabrous; ligule short, serrulate; blade lanceolate, 12.5–25 × 1.2–2 cm.

Branching – Several to many clustered branches with 1-3 larger dominant branches. The upper branches are slender and bare many leaves.

Usage – Usage – The culms are used for building purposes, bamboo board, furniture, basketry, matting and handicrafts and for the production of paper pulp.

FD-APFNet (IFEM) Project

Scroll to Top