


မြန်မာအမည် – မျှင်ဝါး
အင်္ဂလိပ်အမည် – Male bamboo, Solid bamboo
ရုက္ခဗေဒအမည် – Dendrocalamus strictus (Roxb.) Nees.
မျိုးရင်း – Poaceae
ပြန်နှံ့ပေါက်ရောက်ပုံ – တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများ အထူးသဖြင့် အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့်ထိုင်နိုင်ငံတို့တွင် မူရင်း ဒေသအဖြစ်ပေါက်ရောက်ကြသည်။ ကျူးဘားနှင့် အယ်ဆာ ဗေတာနိုင်ငံများတွင်လည်းစိုက်ပျိုးရှင်သန်ကြသည်။
ဝါးလုံးသရုပ် – ဖြောင့်တန်းရှည်လျားပြီး အမြင့် ၆-၁၈ မီတာခန့်မြင့်သည်။ ဝါးရုံတွင် ပြွတ်သိတ်စွာ ပေါက်ရောက်လေ့့ရှိပြီး ဘေးကိုင်း တက်များ သန်မာသည်။ ဝါးလုံးသည် အစိမ်းရင့်ရောင်ရှိပြီး မျက်နှာပြင်တွင် အဖြူရောင်အမှုန်များဖြင့် ဖုံးအုပ်လျက်ရှိပြီး၊ ရင့်လာပါက အစိမ်းဖျော့ရောင်သို့လည်းကောင်း၊ ခြောက်သွေ့ လာပါက အညိုရောင်အဖြစ်သို့လည်းကောင်း ပြောင်းလဲသွား သည်။ မျှစ်စို့အား အဖြူရောင်အမှုန်များပါသည့် အညိုရောင် ဝါးဖတ်နှင့် ကာရံထားသည်။
ဆစ်ကြားပိုင်း – ဆစ်ကြားပိုင်းသည် ၂၀-၃၀- စင်တီမီတာနှင့် အချင်း ၂.၅-၁၂ စင်တီမီတာရှိသည်။ ဝါးအသားထူ၍ ၂၅-၇၅ မီလီမီတာခန့် အသားထူသည်။
အဆစ်ပိုင်း – အဆစ်များ သိသာထင်ရှားသည်။
ဝါးဖတ် – ငယ်စဉ်တွင် ဝါးဖတ်ရွက်သည် အစိမ်းရောင်ရှိပြီး၊ ရင့်လာပါက အညိုရောင်သို့ပြောင်းလဲသွားသည်။ ဝါးဖတ်ရွက်သည် အရွယ် အားဖြင့် ၁၈-၂၂ စင်တီမီတာရှည်၍ ၁၀-၁၇ စင်တီမီတာ အကျယ်ရှိသည်။ ဝါးဖတ်ထိပ်ရွက်သည် ၃.၅-၆.၅ စင်တီမီတာ အရှည်ရှိသည်။ ဝါးဖတ်နားရွက်မပါရှိပေ။ ဝါးဖတ်ရွက်၏ အပြင် မျက်နှာပြင် အပေါ်ပိုင်းတွင် အညိုရောင်အမွေးကြမ်းများဖြင့် ဖုံးအုပ်ထားပြီး၊ အောက်ခြေတွင် အမွေးများမပါရှိပေး။ ရွက်ဖတ်သည် ကြွေလွယ်သည်။
Foliage leaves – အရွက်၏ ရွက်ပြား သေးသွယ်ရှည်လျားပုံရှိပြီး အရွယ်အားဖြင့် ၂၅ စင်တီမီတာ x ၃ စင်တီမီတာရှိသည်။
ဘေးကိုင်းတည်ဆောက်ပုံ – ဘေးကိုင်းများ အောက်ခြေအဆစ်ပိုင်း၊ ဝါးလုံး၏ အလယ်ပိုင်း မှ စတင်ကိုင်ဖြာလေ့ရှိသည်။ အောက်ခြေအဆစ်များတွင် လေရှူ မြစ်များရှိတတ်သည်။ ဘေးကိုင်းမကြီးတစ်ခုနှင် အရွယ်ညီ ဘေးကိုင်း၂ ခုဖြာထွက်လေ့ရှိသည်။
အသုံးဝင်မှု – မျှင်ဝါးကို အိမ်ထရံများ၊ ငြမ်းများ၊ ဖောင်များ၊ အိမ်တိုင်များ၊ ယာယီတဲငယ်များ၊ ကွန်ကရစ်အားဖြည့်ခြင်း၊ ခြံစည်းရိုးများ လှံတံများပြုလုပ်ရာတွင် အသုံးပြုသည်။ အရွက်ကို အိမ်အမိုး သက်ငယ် အဖြစ်အသုံးပြုသည်။



Myanmar Name – Hmyin-wa
Common Name – Male bamboo, Solid bamboo
Botanical Name – Dendrocalamus strictus (Roxb.) Nees.
Family Name – Poaceae
Habitat – It is widely found across South and Southeast Asia, particularly India, Nepal, Bangladesh, Myanmar, and Thailand. It is also found in Cuba and El Salvador.
Culm Habit – It is a tall, dull long green-colored bamboo species, which grows in thickets consisting of a large number of heavily branched, closely growing culms. It reaches a height of 6–18 m. Culms are green covered with white blooms, which become dull green when mature and turn brown on drying. Young shoots are brown in color covered with white blooms. Culms are straight.
Internode – Internode length is 20–30 cm, and diameter is 2.5–12 cm. Culm walls are very thick. The thick-walled culms are 25 – 75mm
Node – Nodes are not prominent
Culm Sheath – Culm sheaths are green in young, and turn brown when mature, and are cylindrical. The sheath proper is 18–22 cm in length and 10–17 cm wide. Blade length is 3.5–6.5 cm. Auricles are absent. Upper surfaces of the sheath may or may not be covered with brown hairs. Lower surfaces of the sheath are not hairy. Sheaths fall early.
Foliage leaves – Leaf blade linear-lanceolate, up to 25 cm x 3 cm.
Branching – Branching occurs from the base to midculm. Aerial roots reach up to a few nodes above the ground.
Usage – They are used for making house frames, rafters, tent poles, concrete reinforcement, walls, scaffolding, and fences. The leaves are used for thatching. Used by the British army in India for making lance shafts.