


မြန်မာအမည် – Kayin-wa
အင်္ဂလိပ်အမည် – Berry bamboo
ရုက္ခဗေဒအမည် – Melocanna baccifera (Roxb.) Kurz.
မျိုးရင်း – Poaceae
ပြန်နှံ့ပေါက်ရောက်ပုံ – အရုံလိုက်ပေါက်သည့် ဝါးမျိုးဖြစ်သော်လည်း ရှည်လျားသည့် မြေလျောက် ပင်စည်ကြောင့် ခပ်ကျဲကျဲပေါက်ရောက်သည့် ဝါးမျိုးဟုထင်ရသည်။ မူရင်း ဒေသအဖြစ် အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြသည်။
ဝါးလုံးသရုပ် – အစုလိုက်အရုံလိုက်ပေါက်သည့် ဝါးအမျိုးအစားဖြစ်သော်လည်း ရှည်လျား သည့်မြေအောက်ပင်စည်ကြောင့် တစ်ပင်ချင်း ပေါက်သည့် ဝါးမျိုးဟုထင်ရ ပါသည်။ အမြင့် ၁၀-၂၅ မီတာရှည်၍ လုံးပတ်သေးငယ်သည်။ ငယ်ရွယ်စဉ် တွင်ဝါးလုံးသည်အစိမ်းရောင်ရှိပြီး၊ အရွယ်ရလာပါက ကောက်ရိုးရောင် အဝါရောင်သန်းသည့် အစိမ်းရောင်၊ ခြောက်သွေ့ပါက အညိုရောင်သန်း သည့် အစိမ်းရောင်သို့ ပြောင်းလဲသွားသည်။
ဆစ်ကြားပိုင်း – ဆစ်ကြားပိုင်းများသည် အခေါင်းပေါက်ဖြစ်ပြီး ဆလင်ဒါပုံရှိကာ ဖြတ်ပိုင်း လုံးဝန်းသည်။ ဆစ်ကြာပိုင်းများရှိ ဝါးအသားပါး၍ အရှည် ၂၅-၅၀ စင်တီမီတာနှင့် အချင်း ၁.၅-၁၅ စင်တီမီတာ ရှိသည်။
အဆစ်ပိုင်း – အဆစ်သည်ထင်ရှားပြီး၊ အသားပါးသည်။
ဝါးဖတ် – ဝါးဖတ်ရွက်သည် ငယ်ရွယ်စဉ်တွင် အစိမ်းရောင်ရှိပြီး၊ ရင့်လာပါက အညိုရောင်သို့ပြောင်းလဲသွားသည်။ အရွယ်အစား အားဖြင့် ၇-၁၅ စင်တီ မီတာရှည်၍ ၂.၅-၁၅ စင်တီမီတာ အကျယ်ရှိသည်။ ရွက်ဖတ်ထိပ်ရွက်သည် ၁၀-၃၀ စင်တီမီတာ အရှည်ရှိသည်။ ရွက်ဖတ်နားရွက် အရွယ်တူသည်။ ဝါးဖတ်ရွက် ၏အပြင်မျက်နှာပြင် အပေါ်ပိုင်းတွင် အဖြူရောင်အမွေးနုများ ဖုံးအုပ်ထားသည် (သို့) ပြောင်ချောနေတတ်ပြီး ဝါးဖတ်ရွက် အောက်ခြေပိုင်း တွင်အမွေးနုများမပါရှိပေ။ ဝါးဖတ်ရွက်သည် တည်မြဲနေတတ်ပြီး ရွက်ဖတ် ထိပ်ရွက်သာ ကြွေကြတတ်သည်။
Foliage leaves – အရွက်၏ရွက်ပြားပါးလွှာ၍ လှံသွားရှည်ပုံရှိကာ အရွယ်အားဖြင့် ၁၈-၄၂ စင်တီမီတာရှည်၍ ၂-၉ စင်တီမီတာ အကျယ်ရှိသည်။
ဘေးကိုင်းတည်ဆောက်ပုံ – ဘေးကိုင်းများမှာ ဝါးလုံး၏ထိပ်ပိုင်း အဆစ်များတွင်သာရှိပြီး အောက်ခြေ အဆစ်များတွင် ဘေးကိုင်းဖြာထွက်မှုနည််ပါးသည်။
အသုံးဝင်မှု – မျှစ်အဖြစ်စားသုံးနိုင်ပြီး၊ ဝါးလုံးကို အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ် ရာတွင်အသုံးပြုသည်။



Myanmar Name – Kayin-wa
Common Name – Berry bamboo
Botanical Name – Melocanna baccifera (Roxb.) Kurz.
Family Name – Poaceae
Habitat – A species of running bamboo native to southern Asia India, Myanmar, Bangladesh and Thailand.
Culm Habit – Sympodium bamboo (Clumping type with lone rhizomes), It is tall, 10-25 meter tall, small-culmed bamboo with greenish young culms and straw-colored old culms. It grows in clumps composed of many well-spaced culms. It has a dense appearance due to its branching habit. Culms are greenish when young, but becomes straw-colored when mature or brownish green when drying.
Internode – Internode length is 25–50 cm, and diameter is 1.5–15 cm
Node – Nodes are prominent. Culm wall is thin.
Culm Sheath – Culm sheaths are greenish in young plants, and turn brown when mature. The sheath proper is 7–15 cm long and 2.5–15 cm wide. Blade length is 10–30 cm. The auricles are equal. The upper surface of the sheath is covered with white hairs or may not. The lower surface of the sheath is not hairy. Sheaths do not fall off, only blades fall off.
Foliage leaves – Leaves are thin, linear, 18-42 cm long and 2-9 cm wide.
Branching – Branching started from top of the culm and clear branching at basal nodes.
Usage – it provides edible shoots, medicine and culms that have a wide range of uses