

မြန်မာအမည် – ကင်စွန်းဝါး
အင်္ဂလိပ်အမည် – Beechey bamboo
ရုက္ခဗေဒအမည် – Bambusa beecheyana Munro
မျိုးရင်း – Poaceae
ပြန်နှံ့ပေါက်ရောက်ပုံ – တရုတ်နိုင်င့တောင်ပိုင်းမှ အင်ဒိုချိုင်းနားဒေသနှင့် ထိုင်ဝမ်နိုင်ငံ များတွင် မူရင်းဒေသအဖြစ်ပေါက်ရောက်ကြသည်။
ဝါးလုံးသရုပ် – အစုလိုက်အရုံလိုက်ပေါက်ရောက်သည့်ဝါးမျိုးဖြစ်ပြီး၊ ဝါးလုံး ၁၆ မီတာအမြင့်နှင့် ၉-၁၀ စင်တီမီတာအချင်းရှိသည်။ ဝါးလုံးထိပ် အဖျားပိုင်းသည် အောက်သို့တွဲလျားကျနေတတ်သည်။
ဆစ်ကြားပိုင်း – ဆစ်ကြားပိုင်းများမှာ အခေါင်းပါရှိပြီး၊ လုံးဝိုင်းသည်။ ဆစ်ကြား ပိုင်းများ ၃၄-၄၁ စင်တီမီတာအရှည်ရှိသည်။ ဆစ်ကြားပိုင်းများ၏ မျက်နှာပြင်များပေါ်တွင် နုစဉ်တွင် အဖြူရောင်ပေါင်ဒါမှုန်များ ရှိပြီး၊ ရင့်လာပါက အမွေးကြမ်းများဖြင့် ဖုံးအုပ်ထားသည်။ အသား ၁.၅-၂ စင်တီမီတာအထုရှိကြသည်။
အဆစ်ပိုင်း – အဆစ်သည် ပြားသောပုံသဏ္ဍာန်ရှိသော်လည်းထင်ရှားသည်။
ဝါးဖတ် – ကြွေလွယ်သည်။ အညိုရင့်ရောင်ရှိပြီး မျက်နှာပြင်တွင် ဆူးကဲ့သို့အမွေးကြမ်းများရှိသည်။
Foliage leaves – Leave ရွက်ပြားသည် ရှည်သွယ်သော လှံသွားပုံရှိကာ အရွယ်မှ, ၁၁-၂၈ x ၁.၅-၃.၅ စင်တီမီတာရှိသည်။
ဘေးကိုင်းတည်ဆောက်ပုံ – အကိုင်းအခက်များပြားပြီး၊ ကြီးမားသော ဘေးကိုင်းတက် ၁-၃ ခုပါရှိသည်။
အသုံးဝင်မှု – မျှစ်ကို အစားအစာအဖြစ်အသုံးကြသည်။


Myanmar Name – Kinsun-wa
Common Name – Beechey bamboo
Botanical Name – Bambusa beecheyana Munro
Family Name – Poaceae
Habitat – South China, Ondo-China and Taiwan ae the native.
Culm Habit – Sympodium bamboo (Clumping type), Culms to 16 m, 9–10 cm in diam., apically pendulous or long pendulous.
Internode – The internode is hollow, cylindrical and round in cross section. internodes 34–41 cm, initially thickly white powdery, sparsely pubescent; wall 1.5–2 cm thick;
Node – Nodes are prominent and flat.
Culm Sheath – Culm sheaths deciduous, leathery, initially with uneven, dark brown, spinous hairs; auricles small at lower nodes, larger at distal nodes; oral setae present or absent; ligule 2–4 mm, ciliate; blade recurved, triangular
Foliage leaves – Leave blade oblong-lanceolate, 11–28 × 1.5–3.5 cm.
Branching – Branches several, 1–3 dominant.
Usage – Shoot for food.