ကျွန်းခေါက်နွယ်

အပင်သရုပ်
အခေါက်
အရွက်
ပန်းခိုင်
ပန်းပွင့်
အသီး

မြန်မာအမည် – ကျွန်းခေါက်နွယ်

အင်္ဂလိပ်အမည် – Lemon-scented Vitex,Fragrant Chaste Tree

ရုက္ခဗေဒအမည် VitexlimonifoliaWall. ex C.B.Clarke

မျိုးရင်း – Lamiaceae

ပြန်နှံ့ပေါက်ရောက်ပုံ – အရှေ့တောင်အာရှ၊ မြန်မာ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား နှင့် ဖိလစ်ပိုင် နိုင်ငံများတွင် မူရင်းဒေသအဖြစ်ပေါက်ရောက်သည်။

အပင်သရုပ် – ရာသီအလိုက်  အရွက်ကြွေသော အပင်အမြင့် ၉ မှ ၁၂ မီတာ ကျော်ခန့်အထိရှိပြီး အပင်လတ် အမျိုးအစားဖြစ်သည်။

အခေါက် – အပင်ငယ်စဉ်တွင် မီးခိုးရောင် ရှိ၍ ချောမွေ့ပြီး၊ အသက်ရင့် လာသည်နှင့်အမျှ အခေါက်သည် ထွန်သွားပုံ သဏ္ဍာန် အကြေးခွံများဖြစ်ပေါ်လာသည်။

အရွက် – ရွက်ထီး သုံးရွက်မွှာ လက်ဝါးရွက်ပေါင်း ထောင့်မှန် ရွက်ဆိုင် ထွက်ပြီး ရွက်စွယ်မပါရှိသောအမျိုးအစားဖြစ်သည်။  ရွက်မွှာ ၃ ရွက်မှာ အလယ်က အရွက်က အကြီးဆုံး၊ ရွက်ညှာမှာ အတောင်လေး ၂ ခုရှိ၍ သိသာပါသည်။

ပန်းခိုင် – ထိပ်ထွက် အပွင့်နှင့်ဆုံးသောပန်းခိုင်အမျိုးအစားဖြစ်၍ ပန်းခိုင် တွင် အပွင့်များစွာပါရှိသည်။

ပန်းပွင့် – လိင်စုံ ၊ နှစ်ချမ်းညီ၊ ငါးအင်္ဂါဆ အထက်တည်မ ပန်းလေး တွေဖြစ်၍ ပွင့်ဖတ်အုံသည် ပြွန်ပုံ ထိပ်မှာ အဝိုက် ၅ ခုပါသည်။ ​ပွင့်ချပ်အုံက နှုတ်ခမ်းကွဲပုံရှိပြီး အတွင်းဖက်မှာ အရွယ်မညီသော ဝတ်ဆံဖိုလေးခု တွယ်ကပ်နေသည်။

အသီးနှင့်အစေ့ – အတွင်းအခွံမာသီးအမျိုးအစားဖြစ်သည်။

ပွင့်သီးချိန် – ဇွန်လမှ ဩဂုတ်လအထိပန်းပွင့်ပြီး ဩဂုတ်လမှ အောက်တို ဘာလအထိ အသီးသီးချိန်ဖြစ်သည်။

အသုံးဝင်မှု – အလှစိုက်ပင်အဖြစ်စိုက်ပျိုး ကြပြီး တိုင်းရင်းဆေးတွင်  အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ၊ အဖျား တက်ခြင်းနှင့် ရောင်ရမ်းခြင်းတို့ကို ကုသရာတွင်အသုံးပြုသည်။

Habit
Bark
Leaf
Inflorescence
Flower
Fruit

Myanmar Name – Kyungauknwe

Common Name – Lemon-scented Vitex,Fragrant Chaste Tree

Botanical Name – VitexlimonifoliaWall. ex C.B.Clarke

Family Name – Lamiaceae

Habitat – Native to Southeast Asia, with its distribution range spanning several countries in the region. It can be found in countries such as Myanmar, Thailand, Malaysia, Indonesia, the Philippines, and possibly other Southeast Asian nations.

Habit – Medium-sized to large shrub or small tree that can grow up to 9 – 12meters in height. It has an upright and bushy growth habit with multiple stems.

Bark – Smooth and grayish-brown when young. As the tree matures, it may become rougher and develop furrows.

Leaves – Simple, opposite, 3 leaflets and lance-shaped, dark green and emit a lemony fragrance. 

Inflorescence –  Inflorescences in the form of panicles, which are clusters of small flowers that emerge at the ends of the branches and the inflorescences are often dense and contain numerous individual flowers.

Flower – Small and tubular in shape. They can vary in color from pale lavender to lilac or violet

Fruit – Small, round, spherical drupe, typically less than 1 centimeter in diameter ,  dark purple to black.

Seed – Single seed, which is often hard and woody.

Flowering and Fruiting Time – Flowering time from June and August and fruiting time from August to October.

Usage – Cultivated as an ornamental plant, it is used in traditional medicine to treat stomach and intestinal problems. It is used to treat fever and inflammation.

FD-APFNet (IFEM) Project

Scroll to Top