လင်းရော

အပင်သရုပ်
အခေါက်
အရွက်
ပန်းခိုင်
အပွင့်
အစေ့

မြန်မာအမည် – လင်းရော

အင်္ဂလိပ်အမည် – Simsapa tree

ရုက္ခဗေဒအမည် Dillenia parviflora Griff.

မျိုးရင်း – Dilleniaceae

ပြန်နှံ့ပေါက်ရောက်ပုံ – အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် မလေးရှား၊ ထိုင်း၊ အင်ဒိုနီး ရှား၊ မြန်မာနှင့် ဖိလစ်ပိုင်တို့တွင် မူရင်းဒေသများအဖြစ်ပေါက် ရောက်ကြသည်။ အထူးသဖြင့် မြေနိမ်ပိုင်းရှိ မိုးသစ်တောများ၊ ‌ရေချိုစပ်သည့် စိမ်းတောများတွင်ပေါက်ရောက်ကြသည်။

အပင်သရုပ် – အမြဲစိမ်း အပင်ငယ်မှ အပင်ကြီးထိအရွယ်ရှိပြီး အမြင့် ၁၀-၂၀ မီတာရှိကြသည်။

အခေါက် – အခေါက်သည် အညိုရောင် (သို့) မီးခိုးရောင်သန်းသည့် အညိုရောင် ရှိကာ အကြေးခွံဖတ်များရှိ၍ အမြောင်းစင်းများ ရှိကြသည်။

အရွက် – ရွက်ထီးအမျိုးအစားဖြစ်ပြီး ရွက်လွှဲထွက်သည်။ ရွက်နားညီ (သို့) ရွက်နားတွင် ခွေးသွားစိတ်ငယ်များပါရှိသည်။ အစိမ်းရင့်ရောင်ရှိ ကာ အရွက်၏ အပေါ်မျက်နှာပြင်သည် တောက်ပပြောင်လက်ပြီး အောက်ဖက်မျက်နှာပြင်မှာ အရောင်မှိန်သည်။ ရွက်ကြောများထင် ရှားပြီး အပြိုင်ရှိကြသည်။

ပန်းခိုင် – ထီးတည်း (သို့) အစုငယ်လိုက်ထွက်သည့် ပန်းခိုင်အမျိုးအစား ဖြစ်ပြီး ပန်းပွင့် ၁ ပွင့် သို့ အရေအတွက် အနည်းငယ်ရှိသည်။

ပန်းပွင့် – ပန်းပွင့်သည်ကြီးမား လှပပြီး အဝါရောင်ရှိသည်။ ပွင့်ချပ် ၅ ခု ပါရှိပြီး ပန်းပွင့်တွင် ဝတ်မှုန်ဖိုတိုင်များ အများအပြားပါရှိသည့် အတွက် ဝတ်မှုန်ကူးရန် အငသ်းဆက်များကို စွဲဆောင်ပေးသည်။

အသီး – အသီးသည် အရွယ်ကြီးမားသည့် ဆလင်ဒါပုံ အက်ကွဲသီးအမျိုး အစားဖြစ်သည်။ အရွယ်အားဖြင့် ၁၂ စင်တီမီတာအရှည်ရှိသည်။ အသီးနုစဉ်တွင် အစိမ်းရောင်ရှိပြီး ရင့်မှည့်လာပါက အညိုရောင်မှ အနီရောင်သန်းသည့် အညိုရောင်သို့ပြောင်းလဲသွားသည်။

အစေ့ – သစ်စေ့သည် အရွယ်သေးငယ်ပြီး အညိုရောင်ရှိကာ အပြင်တွင် အရည်ရွမ်းသည် အဖတ်များဖြင့် အထပ်ထပ် ဖုံးအုပ်ထားသည်။

ပွင့်သီးချိန် – ဧပြီလမှ ဩဂုတ်လအထိ ပန်းပွင့်ပြီး၊ ဩဂုတ်လမှ နိုင်ဝင်ဘာလ အထိ အသီးသီးချိန်ဖြစ်သည်။

အသုံးဝင်မှု – ကင်ဆာ၊ အနာများ၊ အသားဝါ၊ ဆီးချို၊ အဖျားရောဂါ၊ ချောင်းဆိုးနှင့် ဝမ်းပျက်ဝမ်းလျောရောဂါများကုသရာတွင် အသုံးပြုသည်။ ဆံပင် ဆိုးဆေးများတွင် ထည့်သွင်းအသုံးပြုသည်။

Habitat
Bark
Leaf
Inflorescence
Flower
Seed

Myanmar Name – Linyaw

Common Name – Simsapa tree

Botanical Name – Dillenia parviflora Griff.

Family Name – Dilleniaceae

Habitat – Native to Southeast Asia, particularly found in countries like Malaysia, Thailand, Indonesia, and the Philippines. It is often found in lowland tropical rainforests and is commonly associated with wet or swampy areas, including freshwater swamp forests.

Habit – Evergreen, small to medium-sized tree, grows to a height of 10-20 meters (33-66 feet).

Bark – Brown or grayish-brown, rough or scaly, fissured or ridged texture.

Leaves – Alternate, elliptical to ovate, and they are simple, with smooth or slightly serrated margins, dark green and glossy on the upper surface, while the lower surface may be paler.

Inflorescence – Solitary or found in small clusters in the leaf axils and  inflorescence typically consists of one or a few flowers.

Flower – Large and showy. They have five petals and can be white or pale yellow in color. The flowers often have numerous stamens in the center and are attractive to pollinators.

Fruit – large, woody, and cylindrical capsule. It can grow up to 12 cm (4.7 inches) in length. The fruit may be green when unripe and turn brown or reddish-brown as it matures.

Seed – Small, brown, and usually covered with a fleshy aril.

Flowering and Fruiting Time – Flowering time from April to August and fruiting time from August to November.

Usage – widely used in medicinal folklore to treat cancers, wounds, jaundice, fever, cough, diabetes mellitus, and diarrhea as well as hair tonics.

FD-APFNet (IFEM) Project

Scroll to Top