


မြန်မာအမည် – ဝါးမင်း
အင်္ဂလိပ်အမည် – Wamin, Dwarf Buddha belly bamboo
ရုက္ခဗေဒအမည် – Bambusa vulgaris cv. wamin Munro
မျိုးရင်း – Poaceae
ပြန်နှံ့ပေါက်ရောက်ပုံ – အပူပိုင်းဒေသ အရုံလိုက်ပေါက်သည့်ဝါးမျိုးဖြစ်ပြီး မူရင်းဒေသမှာ တရုတ် နိုင်ငံတောင်ပိုင်း၊ မြန်မာနှင့်ထိုင်းနိုင်ငံတို့ ဖြစ်ကြ သည်။
ဝါးလုံးသရုပ် – ဆစ်ကြားပိုင်းများ ဖောင်းကြွနေခြင်းကြောင့် ဆွဲဆောင်မှုရှိသည့်ဝါး မျိုး ဖြစ်သည်။ ဝါးရုံတွင်ဝါးလုံးများ ခပ်ကျဲကျဲပေါက် ရောက်ပြီး အစိမ်းရင့်ရောင်ရှိကာ အသားထူသည်။ ဝါးရုံအမြင့် ၂-၅ မီတာရှိသည်။
ဆစ်ကြားပိုင်း – ဆစ်ကြားပိုင်းများ တိုတောင်းသန်မာပြီး ၁၀-၁၅ စင်တီမီတာ အရှည်ရှိ သည်။ အောက်ခြေပိုင်းရှိ ဆစ်ကြားပိုင်းများတို၍ အလယ်တွင် ဖောင်းကား နေသည်။ လုံးပတ်အချင်း ၁၀-၁၂ စင်တီမီတာရှိသည်။
အဆစ်ပိုင်း – အဆစ်များထင်ရှားပြီး အောက်ခြေအဆစ်များတွင် လေရှူမြစ်များပါရှိ သည်။
ဝါးဖတ်ရွက် – ဝါးဖတ်ရွက်သည် အနည်းနှင့်အများ ဗျက်ကျယ်၍ တြိဂံပုံရှိကာ၊ အရွယ်မှာ အရှည် ၁၅-၄၅ စင်တီမီတာ x ဗျက် ၂၀ စင်တီ မီတာရှိကြသည်။ ကြွေလွယ် သည်။ အရောင်မှာ အစိမ်းဖျော့ (သို့) အစိမ်းရောင်ရှိပြီး၊ အနက်ရောင် အမွေးကြမ်းများရှိကာ၊ ရွက်နားတွင် အမွေးနုများရှိသည်။ ဝါးဖတ်ရွက် အပေါ်ပိုင်းသည် ဝိုင်း၍ ဝါးဖတ်ထိပ်ရွက်နှင့် ချိတ်ဆက်နေသည်။ ဝါးဖတ် ထိပ်ရွက်သည် တြိဂံပုံရှိကာ ၄-၅ စင်တီမီတာ x ၅-၆ စင်တီ မီတာ အရွယ် ရှိသည်။ ကျဉ်းမြောင်းသည့် ဝါးဖတ်လျှာထိ ဆက်လျှက်ရှိသည်။
အရွက် – အရွက်၏ အရွယ်အစားမှာ ၁၅-၃၀ စင်တီမီတာရှည်၍ ၂-၃ စင်တီမီတာ အကျယ်ရှိသည်။
ဘေးကိုင်းတည်ဆောက်ပုံ – ဘေးကိုင်းတက်များရှိပြီး ဘေးကိုင်း ၁-၃ သည် အရွယ်အစား ကြီးသည်။ အကိုင်းအခက်များအား ဝါးလုံးတလျောက် တွေ့နိုင်သည်။
အသုံးဝင်မှု – ဥယျာဉ်မြေယာရှုခင်းဖော်ဆောင်ရာတွင် အလှဝါးပင်အဖြစ် ထည့်သွင်း စိုက်ပျိုးကြသည်။ ရေမြေတိုက်စားမှုမှ ကာကွယ်ရန် စိုက်ပျိုးလေ့ရှိသည်။ ဝါးလုံးကို ဝါးလက်မှုထည်များ ထုတ်လုပ်ရာတွင် အသုံးပြုသည်။



Myanmar Name – Wamin
Common Name – Wamin, Dwarf Buddha belly bamboo
Botanical Name – Bambusa vulgaris cv. wamin Munro
Family Name – Poaceae
Habitat – A small sized tropical clumping bamboo native to south China, Myanmar and Thailand.
Culm Habit – It is a very attractive ornamental with swollen internodes and weeping culms. Its timber is popular for bamboo craft or ornamental pieces. Culms are loosely tufted, dark shiny green, woody and thick-walled, with an average height between 2-5 m.
Internode – Internodes are 10-15 cm long of which the lower internodes are shortened and swollen with nodal roots. Lower swollen internodes can be 10-12 cm in diameter.
Node – Nodes are prominent.
Culm Sheath – Culm sheath more or less broadly triangular, 15-45 cm x 20 cm, upper ones longest, deciduous, light green, covered with appressed black hairs, margins hairy, apex slightly rounded; blade erect, broadly triangular, 4-5 cm x 5-6 cm, slightly narrowed at the junction with the ligule.
Foliage leaves – The leaves of this bamboo are usually between 15-30 cm long and 2-3 cm wide.
Branching – Several to many clustered branches with 1-3 larger dominant branches. Branches usually occur over the entire culm.
Usage – An ornamental bamboo used in garden landscaping or as erosion control. The culms are often used for handicrafts.