



မြန်မာအမည် – Wanet
အင်္ဂလိပ်အမည် –
ရုက္ခဗေဒအမည် – Bambusa vulgaris Schard. ex. J.C Wendl.
မျိုးရင်း – Poaceae
ပြန်နှံ့ပေါက်ရောက်ပုံ – အပူပိုင်းနှင့်သမနွေးပိုင်းဒေသများတွင် ပေါက်ရောက်နိုင်ပြီးမူရင်းဒေသများမှာကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများဖြစ်ကြပါသည်။
ဝါးလုံးသရုပ် – ဝါးလုံးသည် တောက်ပသည့် အစိမ်းရင့်ရောင်ရှိပြီး၊ ပြောင်ချောသည်၊ အောက်ခြေမှာထောင်မတ်သော်လည်းအပေါ်ပိုင်းမှာကွေးညွှတ် လျက်ရှိကာအမြင့် ၁၀-၂၀ မီတာရှိကြသည်။
ဆစ်ကြားပိုင်း – ဆစ်ကြားပိုင်းသည် ၂၅-၃၅ စင်တီမီတာရှည်ပြီး၊ ပျမ်းမျှအချင်း ၄-၁၀ စင်တီမီတာရှိကြသည်။ ဝါးအသားထူပြီး ၇-၁၅ မီလီမီတာခန့်ရှိသည်။ တောက်ပသည့် အစိမ်းရင့်ရောင်ရှိသည်။
အဆစ်ပိုင်း – အဆစ်များထင်ရှားပေါ်လွင်ပြီး၊ အောက်ခြေရှိအဆစ်များသည် ကျဉ်းမြောင်းပြီးလေရှူမြစ်များရှိကာအညိုရောင်အမွေးများဖြင့် ဖုံးအုပ် ထားသည်။
ဝါးဖတ် – ဝါးဖတ်ရွက်သည် အနည်းနှင့်အများဗျက်ကျယ်၍ တြိဂံပုံရှိကာအရွယ်မှာအရှည် ၁၅-၄၅ စင်တီမီတာ x ဗျက် ၂၀ စင်တီမီတာရှိကြသည်။ ကြွေလွယ်သည်။ အရောင်မှာအစိမ်းဖျော့ (သို့) အစိမ်းရောင်ရှိပြီး၊ အနက်ရောင်အမွေးကြမ်းများရှိကာ၊ ရွက်နားတွင်အမွေးနုများရှိသည်။ ဝါးဖတ်ရွက် အပေါ်ပိုင်းသည်ဝိုင်း၍ ဝါးဖတ်ထိပ်ရွက်နှင့် ချိတ်ဆက်နေသည်။ ဝါးဖတ်ထိပ်ရွက်သည် တြိဂံပုံရှိကာ ၄-၅ စင်တီမီတာ x ၅-၆ စင်တီမီတာအရွယ်ရှိသည်။ ကျဉ်းမြောင်းသည့် ဝါးဖတ်လျှာထိဆက် လျှက်ရှိသည်။
Foliage leaves – အရွက်များသည် လှံသွားပုံရှိကာကြမ်းတမ်းသည် ရွက်နားရှိပြီးအရွယ်အားဖြင့် ၃၀ စင်တီမိတာရှည်၍ ၄ စင်တီမီတာအကျယ် ရှိသည်။ အရွက်နုစဉ်တွင် တောက်ပသည့်အဝါရောင်သန်းသည့် အစိမ်းရောင် အဆင်းရှိပြီး, ထိုမှ အစိမ်းရောင်၊ နောက် အညိုရောင်သို့ ပြောင်းလဲသွားသည်။
ဘေးကိုင်းတည်ဆောက်ပုံ – ဘေးကိုင်းတက်အမြောက်အများထွက်လေ့ရှိပြီးကြိးမားသောဘေးကိုင်း ၁-၃ ခုစီရှိတတ်သည်။ ဘေးကိုင်းများကိုဝါးလုံး၏ အလယ်ပိုင်းမှစတင်ကိုင်းထွက်ကြောင်းတွေ့ရှိရသည်။
အသုံးဝင်မှု – အရွက်ကိုနှလုံနှင့်ဆိုင်သည့်ရောဂါများ၊ ငှက်ဖျားရောဂါများတွင် ဆေးဖက်အဖြစ်အသုံးပြုနိုင်သည်။ အရွက်ပြုတ်ရည်ကိုချိုးခြင်းဖြင့် အဖျားရောဂါကိုကျဆင်းစေသည်။ ဝါးနက်ဝါးကိုမြေဆီလွှာ တိုက်စားခြင်းမှ ကာကွယ်ရန် စိုက်ပျိုးကြသည်။ ဝါးလုံးကိုအပေါ့စားအဆောက်အဦများ၊ လက်မှုပစ္စည်းများပြုလုပ်ရာတွင်အသုံးပြုသကဲ့သို့ စက္ကူပျော့ဖတ်ထုတ်လုပ်ရာတွင်လည်းအသုံးပြုကြသည်။




Myanmar Name – Wanet
Common Name –
Botanical Name – Bambusa vulgaris Schard. ex. J.C Wendl.
Family Name – Poaceae
Habitat – It can grow tropical and subtropical regions. Native to Cambodia, China, Laos, Myanmar, Thailand, Vietnam
Culm Habit – culms are bright green, glossy, erect below and arching above and have an average height between 10-20 m.
Internode – Internodes are 25-35 cm long, and have an average diameter of 4-10 cm. Wall thickness ranges between 7-15 mm.
Node – Nodes are prominent, of which the lower ones often with a narrow ring of roots and covered with brown hairs.
Culm Sheath – Culm sheath more or less broadly triangular, 15-45 cm x 20 cm, upper ones longest, deciduous, light green or stramineous, covered with appressed black hairs, margins hairy, apex slightly rounded at the junction with the blade; blade erect, broadly triangular, 4-5 cm x 5-6 cm, slightly narrowed at the junction with the …
Foliage leaves – Leaves are lance-shaped with a rough leaf margin (30 cm long, 4 cm wide). About 8-9 leaves are arranged along each branch. Young leaves are bright yellow, eventually turning green and then brown.
Branching – Several to many clustered branches with 1-3 larger dominant branches. Branches usually occur from mid-culm to top.
Usage – The leaves are used as treatment for heart problems and malaria as well. It is also boiled and used in bath to ease fever. Common bamboo is used in erosion control on sloping ground. The stems are used for light construction, handicrafts, and are a good source of fibre for papermaking.