ရေသပြေ

အပင်သရုပ်
အခေါက်
အရွက်
ပန်းခိုင်နှင့် အပွင့်
အသီး
အစေ့

မြန်မာအမည် – ရေသပြေ

အင်္ဂလိပ်အမည် Frilly Crest-Petal

ရုက္ခဗေဒအမည် Lophopetalum wightianum Kurz.

မျိုးရင်း – Celastraceae

ပြန်နှံ့ပေါက်ရောက်ပုံ – ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ပါကစ္စတန်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ပေါက်ရောက်ရှင်သန်သည်။

အပင်သရုပ် – အပင်ကြီးမျိုးဖြစ်၍ အမြင့်ပေ ၄၀ မီတာထိ ရှိသည်။

အခေါက် – အခေါက်သည် ချောမွတ်ပြီး ဖြူဝါရောင်(သို့) အဝါရင့်ရောင်ရှိသည်။

အရွက် – အရွက်သည် ရွက်ထီးဖြစ်ပြီး များသောအားဖြင့် ရွက်ဆိုင်ဖြစ်ကာ တစ်ခါတစ်ရံ ရွက်လွှဲပုံသဏ္ဍာန်ရှိသည်။ မျက်နှာပြင်သည် သားရေကဲ့သို့ ချောမွတ်နေပြီး ရွက်ဖျားများသည် ဘဲဥပုံ(သို့) ဇွန်းပုံသဏ္ဍာန်ရှိသည်။

ပန်းခိုင် – ပန်းခိုင်တွင် ပန်းပွင့်ကလေးများသည် အဆုပ်ဆုပ်လိုက်ပွင့်သည်။

ပန်းပွင့် – ပန်းပွင့်များသည် အနီရောင်တောက်တောက်ဖြစ်သည်။

အသီးနှင့်အစေ့ – အသီးသည် အညိုရောင်(သို့) အနက်ရောင်ဖြစ်ကာ ဆေးတောင့်ပုံသဏ္ဍာန်ရှိကာ အစေ့များစွာပါရှိပြီး ယင်းအစေ့များတွင် အဖြူရောင်အတောင်ပံလေးများ ပါရှိသည်။

ပွင့်သီးချိန် – ဒီဇင်ဘာလမှ ဇူလိုင်လထိ ဖြစ်သည်။

အသုံးဝင်မှု – သစ်သားအဖြစ်သာ အသုံးပြုကြသည်။

Habitat
Bark
Leaf
Inflorescence and flowers
Fruit
Seed

Myanmar Name – Yethabye

Common Name – Frilly Crest-Petal

Botanical Name – Lophopetalum wightianum Kurz.

Family Name – Celastraceae

Habitat – Brunei, Cambodia, India, Indonesia, Laos, Malaysia, Myanmar, Pakistan, Singapore, Thailand, and Vietnam.

Habit – Large trees, up to 40 m tall.

Bark – Bark smooth, yellowish white, bright yellow when scrap; blaze reddish.

Leaves – Leaves simple, usually opposite, sometimes alternate. Leaves are slightly leathery, often broadly to narrowly elliptic or egg, rarely spoon-shaped, measuring 8 – 25 cm long by 4 – 10 cm wide.

Inflorescence – Inflorescence panicle

Flower – flower petals dull red, disk bright red.

Fruit and Seed – Simple fruit, Brown or Black, Capsule, 3-4 angled, elongated; seeds many, white, papery winged.

Flowering and Fruiting Time – December-July

Usage – Timber

FD-APFNet (IFEM) Project

Scroll to Top