မာတာကွက်

အပင်သရုပ်
အခေါက်
အရွက်နှင့်ပန်းခိုင်
ပန်းပွင့်
အသီး
အစေ့

မြန်မာအမည် – မာတာကွက်

အင်္ဂလိပ်အမည် – Bird’s cherry,  Jamaican cherry, Panama berry

ရုက္ခဗေဒအမည် MuntingiacalaburaL.

မျိုးရင်း – Muntingiaceae

ပြန်နှံ့ပေါက်ရောက်ပုံ – မူရင်းဒေသအဖြစ် တောင်အမေရိက နှင့် မက္ကဆီကိုနိုင်ငံ တို့တွင် ပေါက်ရောက်သည်။ မြန်မာနိုင်ငံအနှံ အပြားတွင် လည်း ပေါက်ရောက်သည်။

အပင်သရုပ် – အပင်အမြင့် ၁၂မီတာခန့်ရှိပြီး အပင်ငယ်အမျိုးအစားဖြစ်သည်။

အခေါက် – အပင်ငယ်စဉ်တွင် ချောမွေ့၍ အညိုရောင်ဖျော့ဖျော့ရှိပြီး အပင် အသက်ရင့် လာသည်နှင့်အမျှ အညိုရင့်ရင့်ရှိသည်။

အရွက် – ရွက်လွဲထွက် ရွက်ထီးအမျိုးအစားဖြစ်သည်။ ရွက်နားသည် လွှသား ပုံသဏ္ဍာန်ရှိသည်။

ပန်းခိုင် – အဆုံးရှိပန်းခိုင်အမျိုးအစား ဖြစ်၍ ထိပ်ထွက်ပန်းခိုင်ဖြစ်သည်။

ပန်းပွင့် – လိင်စုံသောပန်းပွင့်ဖြစ်၍ အဖြူရောင်ရှိသည်။ ပွင့်ချပ် ၅ ခုပါရှိ၍ နှစ်ခြမ်းညီပန်းပွင့် အမျိုးအစားဖြစ်သည်။

အသီးနှင့်အစေ့ – လုံးဝိုင်း၍ အရည်ရွှမ်းသောအသီးအမျိုးအစားဖြစ်ပြီး ရင့်မှည့် သည့်အခါ အနီရောင်ရှိသည်။

ပွင့်သီးချိန် – မေလမှ ဇူလှိုင်လအထိ ပန်းပွင့်၍ ဇူလှိုင်လမှ စက်တင်ဘာ လအထိအသီးသီးချိန်ဖြစ်သည်။

အသုံးဝင်မှု – အလှစိုက်ပင်အဖြစ်စိုက်ပျိုးကြပြီး  အသီးသည်ချိုမြိန်ပြီး အရည် ရွှမ်းသောအရသာကြောင့် ဂျယ်လီများ၊ ဖျော်ရည်များနှင့် အချိုပွဲများတွင်လည်း အသုံးပြုသည်။  တိုင်းရင်းဆေးတွင် အရွက်၊ အခေါက်နှင့် အမြစ်များအပါအဝင်  အပင်၏ အစိတ် အပိုင်းများကို  ဝမ်းပျက်ဝမ်းလျှော၊ သွေးဝမ်းသွားခြင်း၊ အသက်ရှူလမ်း ကြောင်း ဆိုင်ရာ ပြဿနာများနှင့် အရေပြား ရောဂါများ ကဲ့သို့သော ဝေဒနာများကို ကုသရာတွင် အသုံးပြုသည်။

Habit
Bark
Inflorescence and Flowers
Flower
Fruits
Seeds

Myanmar Name – Mar tar Kok

Common Name – Bird’s cherry,  Jamaican cherry, Panama berry

Botanical Name – Muntingiacalabura L.

Family Name – Muntingiaceae

Habitat – Native to South America and Mexico. It grows all over Myanmar.Typically grows in tropical and subtropical regions. It thrives in a variety of habitats including lowland forests, open woodlands, disturbed areas, roadsides, and gardens.

Habit – small tree that can grow up to 7-12 meters (23-39 feet) tall, although it often remains smaller in cultivation. The tree has a spreading canopy with multiple slender branches.

Bark – Smooth and grayish-brown when young, becoming rougher and darker with age.

Leaves – Simple, alternate, and elliptic to ovate in shape, with serrated margins. They are glossy green above and paler below, with prominent veins. 

Inflorescence – Cymose, consists of small clusters of white flowers borne on slender stalks.

Flower – Bisexual, small, about 1 cm in diameter, with five white petals and numerous yellow stamens.

Fruit– A small, red to reddish-orange berry, about 1-1.5 cm in diameter.

Seed – Small seeds embedded in the juicy pulp.

Flowering and Fruiting Time – Flowering time from May to July and Fruiting time from July to September.

Usage – It is grown as an ornamental plant, and the fruit is sweet and juicy, making jellies, It is also used in juices and desserts. In traditional medicine, the leaves Parts of the plant, including bark and roots, are used to treat diarrhea. Diarrhea It is used to treat ailments such as respiratory problems and skin diseases.

FD-APFNet (IFEM) Project

Scroll to Top