





မြန်မာအမည် – ဖန်ခါး
အင်္ဂလိပ်အမည် – Chebulic myrobalan
ရုက္ခဗေဒအမည် – Terminalia chebula Retz.
မျိုးရင်း – Combretaceae
ပြန်နှံ့ပေါက်ရောက်ပုံ – အိန္ဒိယ၊ သီရီလင်္ကာ၊ ဘူတန်၊ နီပေါ၊ ဘင်္ဂလားဒေ့်ရှ်၊ မြန်မာ၊ ကမ္ဘော ဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ ပါကစ္စတန်နိုင်ငံ အပါ အဝင်တောင်အာရှနှင့် အရှေ့တောင်အရှတစ်ခွင်တွင် ပေါက် ရောက် သည်။ ရွက်ပြတ်ရောနှောတောများတွင် အများအားဖြင့် တွေ့ရပြီး အပူပိုင်းနှင့်အပူပိုင်းဒေသများရှိ တောင်ကုန်းဒေသများတွင် တွေ့ရလေ့ ရှိသည်။
အပင်သရုပ် – ရွက်ကြွေ အပင်လတ်မှ အပင်ကြီးမျိုးဖြစ်ပြီး အမြင့် ၃၀ မီတာထိ ရှိသည်။ ပင်စည်ဖြောင့်တန်းပြီး အချင်း ၁ မီတာခန့်ရှိသည်။
အခေါက် – ပုံမှန်မဟုတ်သည့် အကြေးခွံများရှိပြီး အညိုရောင်ရှိသည်။ ၅-၆ မီလီမီ တာထူ၍ ဒေါင်လိုက်ထူထဲသော အကြေးခွံများရှိပြီး အခေါက်အတွင်း သားသည် အဝါေရာင်သန်းသည့် အညိုရောင်ရှိသည်။
အရွက် – ရွက်ထီးအမျိုးအစားဖြစ်ကာ ရွက်ဆိုင် (သို့) ရွက်လွှဲထွက်သည်။ ရွက်ပြားတောင့်တင်းပြီး၊ ဘဲဥပုံ၊ အီလစ်ပုံရှိကာ ၉.၅-၂၈ x ၄-၁၃ စင်တီမီတာအရွယ်ရှိသည်။ ရွက်ညှာနှင့်ရွက်ပြားဆုံရာတွင် ဂလင်း၂ ခုရှိ သည်။ ရွက်ရင်းဝိုင်း၍ ရွက်ထိပ်အနည်းငယ်ချွန်ကာ ရွက်နားညီသည်။
ပန်းခိုင် – ကြားထွက် ကြောင်မြီးပန်းခိုင်အမျိုးအစားဖြစ်ကာ ၅-၇ စင်တီမီတာ အရှည်ရှိသည်။ သေးငယ်သည့်ဖြူဝါရောင်ပန်းပွင့်များသည် ပန်းခိုင် ပေါ်တွင် စုပြုံ၍ပွင့်ကြသည်။
ပန်းပွင့် – သေးငယ်၍ အီတီတီအနံ့ရှိသည့် ဖြူဝါရောင် ပန်းပွင့်များသည် ကန့်လန့်အတိုင်းအတာ ၅-၆ မီလီမီတာရှိသည်။ ပွင့်ခံရွက်သည် ၂-၃ မီလီမီတာရှိသည်။ ပွင့်ချပ်အုံသည် အဝိုက် ၅ခုပါရှိပြီး ၁.၅-၂.၅ x ၀.၈-၁ မီလီမီတာအရွယ်ရှိသည်။ ဝတ်မှုန်တိုင် ၁၀ ခုပါပြီး ၂ တန်းနှင့် ဖွဲ့စည်းထားသည်။
အသီး – အစေ့မာခွံပျော့သီးအမျိုးအစားဖြစ်ပြီး ဘဲဥရှည်သွယ်ပုံရှိသည်။ ၁-၃ စင်တီမီတာအရွယ်ရှိသည်။
အစေ့ – အစေ့သည် ၂-၆ စင်တီမီတာရှည်ပြီး အဝါဖျော့ရောင်ရှိသည်။
ပွင့်သီးချိန် – မေလနှင့်ဇွန်လ ပန်းပွင်ပြီး၊ နိုဝင်ဘာလမှ မတ်လအထိ အသီးသီးလေ့ ရှိသည်။
အသုံးဝင်မှု – အသီးသတ္တုရည်ကို ခံတွင်းအနာ၊ လည်ချောင်းနာများတွင် ပလုပ်ကျင်း ၍ အသုံးပြုနိုင်သည်။ ဖန်းခါးသီးအမှုန့်ကို သွားဖုံးများ လျော့ရဲခြင်း၊ သွားဖုံးနာခြင်းတို့ကို ကုသနိုင်သည်။ အစာချေဖျက်ခြင်းကို အထောက် အကူပြုပြီး၊ အသည်းလှုံဆော်ပေးခြင်း၊ အစာအိမ်နာခြင်း၊ အစာအိမ် လမ်းကြောင်းဆိုင်ရာ ရောဂါများတွင် အသုံးပြုနိုင်သည်။






Myanmar Name – Panga
Common Name – Chebulic myrobalan
Botanical Name – Terminalia chebula Retz.
Family Name – Combretaceae
Habitat – Terminalia chebula is found throughout South and Southeast Asia including in India, Sri Lanka, Bhutan, Nepal, Bangladesh, Myanmar, Cambodia, Laos, Vietnam, Indonesia, Malaysia, Pakistan and Thailand. It is found mostly in mixed dry deciduous forests and is frequent in tropical and subtropical zones, mostly in hilly tracks.
Habit – Medium to large deciduous tree growing to 30 m tall, with a trunk up to 1 m in diameter.
Bark – Bark is the greyish brown with irregular flakes. bark 5-6 mm thick, surface dark brown to black, fissures shallow, vertical, exfoliating in thick scales; blaze yellowish-brown; young shoots densely pubescent; branchlets brownish or greyish, glabrous.
Leaves – Leaves simple, opposite to alternate, exstipulate; petiole 12-25 mm long, stout, grooved above, pubescent, 2 sessile glands at the top; lamina 9.5-28 x 4-13 cm, ovate, elliptic, obovate or elliptic-obovate, base round, obtuse, oblique or subtruncate, apex acute, acuminate, obtuse or apiculate, margin entire.
Inflorescence – Inflorescence axillary spikes, 5-7 cm long, simple or sometimes panicle of spikes. Flowers about 4 mm across, yellowish-white and unpleasantly scented. Calyx 5-lobed. Corolla absent.
Flower – Flowers bisexual, yellowish-white, 5-6 mm across, with offensive smell; bracts 2-3 mm long; calyx tube 1.5-2.5 × 0.8-1 mm, lobes 5, creamy, triangular, 1.5 mm; petals 0; stamens 10 in 2 rows; disc 5-lobed.
Fruit – Fruit (drupe) is yellowish-green, obovoid or ellipsoid, hard, and five to six ribbed when dry. The immature fruits are black, ovoid and about 1–3 cm long.
Seed – Seed is globose, generally 2–6 cm long, and pale yellow in color.
Flowering and Fruiting Time – Flowering season – May – June Fruiting season – November – March
Usage – Its decoction is used as gargle in oral ulcers, sore throat. Its powder is a good astringent dentifrice in loose gums, bleeding and ulceration in gums. It is good to increase appetite, digestive aid, liver stimulant, stomachic, gastrointestinal prokinetic agent, and mild laxative.