ထောက်ကြံ့

အပင်သရုပ်
အခေါက်
အရွက် နှင့် ပန်းခိုင်
ပန်းပွင့်
အသီး
အစေ့

မြန်မာအမည် – ထောက်ကြံ့

အင်္ဂလိပ်အမည် – Wight’s silver bark, Marudha

ရုက္ခဗေဒအမည် TerminaliaellipticaWilld.

မျိုးရင်း – Combretaceae

ပြန်နှံ့ပေါက်ရောက်ပုံ – ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ အရှေ့ဟိမဝန္တာ၊ အိန္ဒိယ၊ လာအို၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်း နှင့် ဗီယက်နမ်တို့တွင် မူရင်း ဒေသအဖြစ်ပေါက်ရောက်သည်။

အပင်သရုပ် – အမြင့် ၃၅မီတာ ခန့်မြင့်၍  အပင်လတ်အမျိုးအစား ဖြစ်သည်။ မီးခိုးရောင်သန်းပြီး ဖြောင့်တန်း နေသော ပင်စည်ရှိသည်။

အခေါက် – အပင်စဉ်တွင်ချောမွေ့၍ အညိုရောင်သန်းသည်။ အသက်ရင့် လာသည်နှင့် အမျှ ကြမ်းတမ်းသော ဒေါင်လိုက်အစင်း ကြောင်း များရှိ၍ မီးခိုးရောင်ရှိသည်။

အရွက် – ရွက်ဆိုင်ထွက်သည့် ရွက်ထီးအမျိုးအစားဖြစ်သည်။ ဘဲဉ ပုံသဏ္ဍာန်ရှိ၍ ရွက်ထိပ်ချွန်သည်။  အရွက်များသည်  ၆ မှ ၁၂ လက်မအထိ ရှည်ပြီး အရွက် အနားများမှာ ညီညာကြသည်။

ပန်းခိုင် – အဆုံးမရှိပန်းခိုင်အမျိုးအစားဖြစ်ပြီး အဝါရောင်သန်းသည်။

ပန်းပွင့် – လိင်မစုံသော ပန်းဖြစ်ပြီး ပွင့်ဖတ် ပွင့်ချပ် ၅ခုစီပါရှိ၍ ဝတ်ဆံ တိုင်များစွာပါရှိသည်။

အသီးနှင့်အစေ့ – အသီးမှာ မာကြောပြီး အတောင်ပုံ အဖတ် ၅ ခု ပါရှိသည်။

ပွင့်သီးချိန် – ဖေဖော်ဝါရီလမှ ဧပြီလအထိ ပန်းပွင့်ပြီး  ဧပြီလမှ ဇွန်လအထိအသီးသီးချိန်ဖြစ်သည်။

အသုံးဝင်မှု – သစ်ကို အဆောက်အအုံများ ဆောက်လုပ် ရာတွင်လည်း ကောင်း၊ သစ်တင်လှည်းဘီးများ ပြုလုပ်ရာ၌လည်းကောင်း၊ လှေများပြုလုပ်ရာ၌ လည်းကောင်း၊ အသုံးပြုကြသည်။  ပရိဘောဂများနှင့် ကြမ်းခင်းတုံး များပြုလုပ်ရန်အတွက် အလွန်ကောင်းသည်။

Habit
Bark
Leaf and Inflorescence
Flowers
Fruits
Seeds

Myanmar Name – Htaul kyant

Common Name – Wight’s silver bark, Marudha

Botanical Name – TerminaliaellipticaWilld.

Family Name – Combretaceae

Habitat – Native to southern Asia, from India east to China and Vietnam and south to Peninsular Malaysia, the Indian subcontinent to China (Yunnan) and the island of Malaysia, it is the original region. It is cultivated in all parts of Myanmar.

Habit –Medium-sized to large deciduous tree with a spreading and rounded crown.

Bark – Distinctive and is often referred to as “silver bark” due to its light gray to silvery appearance. It is smooth, but it tends to peel off in small flakes.

Leaves – Simple, alternate, and oblong in shape. They are dark green, and their undersides are paler.

Inflorescence –  Typically has a type of inflorescence known as a “raceme.” In a raceme, the flowers are arranged in an elongated, unbranched cluster.

Flower – Small and inconspicuous, greenish-yellow color.

Fruit – Drupe, which is fleshy and typically ellipsoid. The fruit is initially green and turns brown as it matures.

Seed – A single seed, which is usually enclosed within a hard, woody shell.

Flowering and Fruiting Time – Flowering time from February to April and fruiting  from April to June.

Usage -Wood is good for building buildings. In making wooden cart wheels and In making boats and are used. Great for making furniture and floor tiles.

FD-APFNet (IFEM) Project

Scroll to Top