ယင်းမာ

အပင်သရုပ်
အခေါက်
အရွက် နှင့် ပန်းခိုင်
ပန်းပွင့်
အသီး
အစေ့

မြန်မာအမည် – ယင်းမာ

အင်္ဂလိပ်အမည် – India mahogany

ရုက္ခဗေဒအမည် Chukrasia tabularis  A.Juss.

မျိုးရင်း – Meliaceae

ပြန်နှံ့ပေါက်ရောက်ပုံ – ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများသည် မူရင်းဒေသများဖြစ်သည်။ မိုးသစ်တောများ၏ မြေနိမ့်နှင့် တောင်ပေါ် ဒေသများ၊ ရွက်ပြတ်ရောနှောတောများတွင် ပေါက်ရောက်လေ့ရှိသည်။

အပင်သရုပ် – ရွက်ကြွေအပင်ကြီးမျိုးဖြစ်ပြီး အမြင့် ၃၀ မီတာခန့်ရှိသည်။

အခေါက် – အခေါက်ထူပြီး အညိုရင့်ရောင်ရှိသည်. အခေါက်တွင် အက်ကွဲကြောင်း များရှိပြီး ပုံသဏ္ဍာန်မမှန်သည့်အကြေးခွံများရှိသည်။ အခေါက်အတွင်း သားသည် ပန်းနီရောင်ရှိသည်။

အရွက် – ရွက်စုံငှက်မွေးရွက်ပေါင်းအမျိုးအစားဖြစ်ပြီး ရွက်လွှဲထွက်သည်။ အရွက်ရိုးတံ ၁၂-၃၀ စင်တီမီတာအရှည်ရှိပြီး ရွက်စွယ်မဲ့သည်။ ရိုးတံသည်ဆလင်ဒါပုံရှိပြီး အောက်ခြေတွင် အနည်းငယ်ဖောင်းသည့် သဏ္ဍာန်ရှိပြီး အမွေးနုများရှိသည်။  အရွက်တစ်ရွက်တွင် ရွက်မွှာ ၁၀-၂၀ စုံရှိပြီး အနည်းငယ်ရွက်လွှဲထွက်ပြီး ရွက်ညှာ ၂-၁၀ မီလီမီတာ ရှည်သည်။ ရွက်မွှာများသည် ၃.၅-၁၅ x ၂.၅-၈ စင်တီမီ တာ အရွယ်ရှိကြပြီး ရွက်နားညီ၊ ရွက်ရင်းစောင်း၍ လှံသွားပုံရှိသည်။ အပေါ်မျက်နှာပြင်သည် ပြောင်ချောပြီး အောက်မျက်နှာပြင်သည် အမွေးနုများရှိသည်။ လက်ဝါးပုံဖြာထွက်သည့် ဘေးရွက်ကြော ၆-၈ စုံရှိသည်။ 

ပန်းခိုင် – ကြားထွက် ကိုင်းဖြာမှုမရှိသည့် ပန်းခိုင်အမျိုးအစားဖြစ်ပြီး၊ ၁၀-၃၀ စင်တီမီတာအရွယ်ရှိသည်။ ပန်းခိုင်ပေါ်တွင် ပုံမှန်အားဖြင့် ကျစ်လစ် သောပန်းပွင့်ငယ်များ အများအပြားပါဝင်သည်။

ပန်းပွင့် – ပန်းပွင့်များသည် လိင်စုံပန်းပွင့်များဖြစ်ပြီး အဝါရောင်သန်းသည့် အဖြူရောင်အဆင်းရှိသည်။ ခေါင်းလောင်ပုံရှိသည် ပွင့်ဖတ်အုံသည် အရွယ်သေးငယ်ပြီး ခေါင်းလောင်းပုံရှိသည်။ ပွင့်ချပ် ၅ ခုရှိပြီး ဘဲဥရှည်းသွယ်ပုံရှိကာ ရွက်ရင်းသိမ်ပြီး အရါက်မျက်နှာပြင်တွင် အမွေးကြမ်းများရှိသည်။

အသီး – အက်ကွဲသီးအမျိုးအစားဖြစ်ပြီး ၃.၇-၅ x ၄ စင်တီမီတာအရွယ်ရှိ သည်။ အစေ့အိမ်ခန်း ၄-၅ ခန်းပါရှိပြီး ဘဲဥပုံရှိကာ အညိုရင့်ရောင်အဆင်း ရှိသည်။

အစေ့ – အစေ့အောက်ခြေတွင် ပြားချပ်ပြန့်ကား၍ ၂ x ၀.၅ စင်တီမီတာ အရွယ်ရှိ အတောင်ပံပါသည့် သစ်စေ့များ အများအပြားပါဝင်သည်။

ပွင့်သီးချိန် – ပန်းပွင့်ချိန်မှာ ဖေဖော်ဝါရီမှ ဧပြီလထိဖြစ်ပြီး၊ အသီးသီးချိန်မှာ မေလမှ ဇွန်လဖြစ်သည်။

အသုံးဝင်မှု – သစ်သားကို အဆောက်အဦဆောက်လုပ်ခြင်းနှင့် ပရိဘောဂများပြုလုပ် ရာတွင်အသုံးပြုသည်။ အစေ့ခွံပြုတ်ရည်ကို ဝမ်းကိုက်ရောဂါကုသ ရာတွင်လည်းကောင်း၊ အရွက်သတ္တုရည်ကို ငှက်ဖျားနှင့်မှိုစွဲရောဂါများ ကုသရာတွင်အသုံးပြုသည်။

Habit
Bark
Leaves and Infloresence
Flowers
Fruits
Seeds

Myanmar Name – Yinma

Botanical Name – Chukrasia tabularis  A.Juss.

Family Name – Meliaceae

Habitat – It is native to Bangladesh, Cambodia, China, India, Indonesia, Laos, Malaysia, Myanmar, Sri Lanka, Thailand, and Vietnam, This tree species typically grows in lowland and upland rainforests and can also be found in mixed deciduous forests.

Habit – Deciduous tree, to 35 m high,

Bark – Bark thick, dark brown, deeply cracked, flaking off in thin irregular flakes; blaze pink red.

Leaves – Leaves paripinnate, alternate, estipulate; rachis 12-30 cm long, slender, slightly swollen at base, pubescent; leaflets 10-20, subopposite; petiolule 2-10 mm long, slender, pubescent; lamina 3.5-15 x 2.5-8 cm, obliquely ovate-lanceolate or elliptic-lanceolate, base oblique, apex acuminate, margin entire, glabrous above, tomentose beneath; lateral nerves 6-8 pairs, pinnate.

Inflorescence – Axillary panicles,10-30 cm long. The inflorescence is typically compact and contains numerous small individual flowers.

Flower – Flowers bisexual, yellowish-white, in terminal panicles; calyx small, campanulate; petals 5, oblong, obovate or spathulate, pubescent.

Fruit – Fruit a capsule, 3.7-5 x 4 cm, 4-5 valved, ovoid, dark brown

Seed – seeds many, 2 x 0.5 cm, thin, broadly winged at base.

Flowering and Fruiting Time – Flowering from February to April and fruiting from May to June.

Usage – Wood is used in building and making furniture. The seed coat is crushed and boiled or eaten raw to treat diarrhea. An extracted from the leaves is used to treat malaria and fungal problems.

FD-APFNet (IFEM) Project

Scroll to Top