





မြန်မာအမည် – ဇီး
အင်္ဂလိပ်အမည် – Indian jujube, Indian plum, Chinese date, Chinee apple
ရုက္ခဗေဒအမည် – ZizyphusjujubaMill.
မျိုးရင်း – Rhamnaceae
ပြန်နှံ့ပေါက်ရောက်ပုံ – အရှေ့တောင်အာရှ၊ တရုတ်၊ အိန္ဒိယ၊ အထူးသဖြင့် မြန်မာ နိုင်ငံတွင် မန္တလေး၊ မကွေးနှင့် စစ်ကိုင်းနယ်ပယ်များတွင် မူရင်း ဒေသအဖြစ် ပေါက်ရောက်သည်။
အပင်သရုပ် – အမြင့် ၁၈ မီတာခန့်အထိရှိ၍ အမြဲစိမ်းအပင် အမျိုးအစားဖြစ်သည်။ ရွက်အုပ်ကျယ်ပြီး ဘေးသို့ကိုင်းကျနေသည်။ အကိုင်းများတွင် ဆူးရှိ သည်။
အခေါက် – အပင်ငယ်စဉ်တွင်မီးခိုးညိုရောင်ရှိ၍ အသက်ကြီး လာသည်နှင့် အမျှ ကြမ်းတမ်းသောအကြေးခွံများထွက်၍ အညိုရောင်ဖြစ် ပေါ်လာ သည်။
အရွက် – ရွက်လွဲထွက် ငှက်မွှေးရွက်ပေါင်းအမျိုးအစားဖြစ်သည်။ ဘဲဉ ပုံသဏ္ဍာန်ရှိ၍ အရွက်အပေါ်ပိုင်းသည် စိမ်းပြီး အရွက် အောက်တွင် စိမ်းဖျော့သောအရောင်ရှိသည်။
ပန်းခိုင် – အကိုင်းအခက်မှ တိုက်ရိုက်ထွက်သော အဆုံးရှိပန်းခိုင်အမျိုးအစား ဖြစ်သည်။
ပန်းပွင့် – ဖက်ဖူးစိမ်းရောင်ရှိပြီး ပွင့်ဖတ်/ပွင့်ချပ် ၅ ခုစီပါရှိပြီး လေးခြမ်းညီ ပန်းပွင့်အမျိုးအစားဖြစ်သည်။
အသီးနှင့်အစေ့ – အတွင်းအခွံမာသီးအမျိုးအစားဖြစ်ပြီး မှည့်သောအခါ လိမ္မော်ရောင် သို့မဟုတ် အနီရောင်ဖြစ်သည်။ အစေ့သည်မာ၍ မညီညာ သော မြောင်းများရှိသည်။
ပွင့်သီးချိန် – မတ်လမှ ဧပြီလအထိ ပန်းပွင့်၍ ဇွန်လမှ စက်တင်ဘာလ အထိအသီးသီးချိန်ဖြစ်သည်။
အသုံးဝင်မှု – အသီးစားသုံးခြင်းဖြင့် အစာချေဖျက်မှုကို ပိုမိုကောင်းမွန်ခြင်း၊ စိတ်ကိုတည်ငြိမ်စေခြင်း၊ စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများကို သက်သာစေ၍ အိပ်စက်ခြင်းကို မြှင့်တင်ပေးနိုင်သည်။






Myanmar Name – Zi
Common Name – Indian jujube, Indian plum, Chinese date, Chinee apple
Botanical Name – ZizyphusjujubaMill.
Family Name – Rhamnaceae
Habitat – Native to regions of southern Asia, including China and India, but it has been cultivated and naturalized in many other parts of the world. It thrives in a wide range of climates, including temperate and subtropical regions. It can be found growing in various types of soils but prefers well-drained, sandy or loamy soil.
Habit – A spiny, evergreen shrub or small tree up to 15 m high, with trunk 40 cm or more in diameter; spreading crown; stipular spines and many drooping branches.
Bark – Gray or brownish and has a somewhat rough texture. It tends to become more fissured and rough with age.
Leaves – Alternate, ovate or oblong elliptic with rounded apex, with 3 depressed longitudinal veins at the base. The leaves are about 2.5 to 3.2 cm long and 1.8 to 3.8 cm wide having fine tooth at margin. It is dark-green and glossy on the upper side and pubescent and pale-green to grey-green on the lower side.
Inflorescence – Small, greenish to yellowish, and are typically clustered in cymes or axillary inflorescences. They are not showy and often go unnoticed.
Flower – Tiny, yellow, 5-petalled and are usually in twos and threes in the leaf axils. Flowers are white or greenish white and the fruits are orange to brown, 2–3 cm long, with edible white pulp surrounding a 2-locular pyrene.
Fruit – A drupe, typically round to oval in shape and measures 1-2.5 centimeters in diameter. The fruit can vary in color from yellow to reddish-brown, depending on the variety. It has a sweet and somewhat date-like flavor when ripe.
Seed – A hard stone-like seed or pit. The seed is usually oblong or ovate in shape and is surrounded by the flesh of the fruit.
Flowering and Fruiting Time – Flowering from March to April and fruiting from July to September.
Usage – Better digestion by eating fruits; It calms the mind, relieves stress and anxiety, and induces sound sleep.