တရော်

အပင်သရုပ်
အခေါက်
အရွက်နှင့်ပန်းခိုင်
ပန်းပွင့်

မြန်မာအမည် – တရော်

အင်္ဂလိပ်အမည် – Myanmar: kyet-tayaw, tayaw. English: hairy indigo.

ရုက္ခဗေဒအမည် Grewia hirsute Vahl

မျိုးရင်း – Malvaceae

ပြန်နှံ့ပေါက်ရောက်ပုံ – တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ လာအို၊ မလေးရှား၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့တွင် မူရင်းဒေသအဖြစ် ပေါက်ရောက်သည်။

အပင်သရုပ် – အမြင့် ၅ မီတာကျော်ခန့်အထိရှိပြီး အပင်လတ် အမျိုး အစားဖြစ်သည်။

အခေါက် – အပင်ငယ်စဉ်တွင် အညိုရောင်သန်း၍ ပြောင်ချောပြီး အသက် ရင့်လာသည်နှင့်အမျှ  ကြမ်းတမ်းပြီး ရေပြင်ညီ၌ အက်ကွဲ ကြောင်း ကလေးများပါရှိသည်။

အရွက် – အရင်းပိုင်းတွင် ဘဲဥပုံဖြစ်ပြီး အဖျားပိုင်းမှာ ချွန်သည်။ အရွက်များမှာ ရွက်ရိုး ရွက်လွှဲ ဖြစ်သည်။ အရွက်အနား တစ်လျှောက်တွင် ခွေးသွားစိတ် ကလေးများ ပါရှိပြီး ခွေးသွား စိတ်မှာ အဖျားမချွန်ဘဲ အနည်းငယ် ဝိုင်းလျှက်ရှိသည်။

ပန်းခိုင် – ကြားထွက်ပန်းခိုင်အမျိုးအစားဖြစ်ပြီး ထောင်မတ်သည်။

ပန်းပွင့် – အဆုံးရှိပန်းခိုင်အမျိုးအစားဖြစ်၍ ပွင့်ဖတ် ပွင့်ချပ် ၅ခုစီ ပါရှိသည်။ ဝတ်ဆံတိုင် များစွာပါရှိသည်။

အသီးနှင့်အစေ့ – အခွံဖျော့သီးဖြစ်၍ လုံးဝိုင်းပြီးရင့်မှည့်သည့်အခါ နီညိုရောင် ရှိသည်။

ပွင့်သီးချိန် – ဇူလှိုင်လမှ ဩဂုတ်လအထိ ပန်းပွင့်၍ ဩဂုတ်လမှ ဒီဇင်ဘာလ အထိ အသီးသီးချိန်ဖြစ်သည်။

အသုံးဝင်မှု – အခေါက်သည် ချွဲကျိသော အရည်များ ထွက်သောကြောင့် ခေါင်းလျှော်ရည် ပြုလုပ်ရာ၌ တရော်ခေါက်များကို ကင်ပွန်း သီးများနှင့် ရောစပ်၍ ပြုလုပ်လေ့ ရှိကြသည်။

Habit
Bark
Leaf and Inflorescence
Flowers

Myanmar Name – Tayaw

Common Name – Myanmar: kyet-tayaw, tayaw. English: hairy indigo.

Botanical Name – Grewia hirsute Vahl

Family Name – Malvaceae

Habitat – Native to China, Bangladesh, Cambodia, India, Laos, Malaysia, Myanmar, Nepal, Sri Lanka, Thailand, and Vietnam.

Habit – Shrub to small tree, up to 5 m high.

BarkBark thick grey when young, dark brown on mature trees. 

Leaves – Leaves oblong to lanceolate, 5–20 by 1.5–6 cm, hirsute beneath; apex acute, acuminate to cuspidate; base acute to obtuse and slightly unequal-sided; margin serrate and doubly serrate; 3-nerved at base, basal nerves extending more than ½ of length of leaves; secondary nerves 3–7 pairs, arched; scalariform veins distinct on lower surface; petioles 2–10 mm, hairy.

Inflorescence, Flower , Fruit and Seed – Inflorescence axillary, strong and erect, 1–3 cm long; peduncles 0–5 mm long; pedicels 0.5–4 mm long; flower buds ovoid to oblong, 4–8 by 2–4 mm. Sepals lanceolate, 5–8 by 1–2 mm. Petals oblong, ± 2 by 1 mm, hairy on both sides, ciliate. Stamens glabrous. Ovary globose, ± 2 by 2 mm, hairy. Fruit rounded, 2–4 lobed, shining.

Flowering and Fruiting Time – Flowering and fruiting more frequent during July–December.

Usage – Because the bark produces a slimy liquid, when making shampoo, the bark of the seagull is often mixed with the dried fruits.

FD-APFNet (IFEM) Project

Scroll to Top