





မြန်မာအမည် – လုမ္ပဏီအင်ကြင်း
အင်္ဂလိပ်အမည် – Sal tree
ရုက္ခဗေဒအမည် – Shorea robusta
မျိုးရင်း – Dipterocarpaceae
ပြန်နှံ့ပေါက်ရောက်ပုံ – အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ တိဗက်နှင့် ဟိမဝန္တာဒေသတို့သည် မူရင်းဒေသများဖြစ်ကြသည်။
အပင်သရုပ် – Shorea robusta သည် အရွက်ကြွေအပင်ကြီးမျိုးဖြစ်ပြီး စိုစွတ်သော သို့မဟုတ် ခြောက်သွေ့သော သစ်တောများတွင် တွေ့ရပြီး ပင်လယ် ရေမျက်နှာပြင်မှ မီတာ ၁,၅၀၀ ခန့်အထိ တွေ့ရှိနိုင်သည်။ ပင်စည် အချင်း၂ မီတာနှင့် ၄၀ မီတာအထိ ကြီးထွားနိုင်သည်။ ပြန့်ကားလုံးဝန်းသော ရွက်အုပ်ရှိသည်။
အခေါက် – အခေါက်သည် ငယ်ရွယ်စဉ်တွင် နက်ရှိုင်းသော အက်ကွဲကြောင်းများရှိ သော်လည်း အပင်ကြီးလာသည်နှင့်အမျှ အကွဲကြောင်းများသည် တဖြည်းဖြည်း ပိုတိမ်လာပါသည်။
အရွက် – အရွက်များသည် ရွက်ထီးတည်းအမျိုးအစားဖြစ်ပြီး ရွက်လွှဲထွက်ကြ သည်။ ဘဲဥပုံရှိပြီး အလျား ၁၀-၂၀ စင်တီမီတာ အနံ ၆-၁၂ စင်တီမီတာ၊ ဘေးရွက်ကြောများ ၁၂-၁၄ စုံရှိသည်။
ပန်းခိုင် – ပန်းခိုင်များသည် အကိုင်းအခက်အဆုံတွင်ထွက်ပြီး ၉ စင်တီမီတာ ခန့်ရှည်သည်။
ပန်းပွင့် – ပန်းပွင့်များသည် ခရင်မ်အဝါရောင်ရှိပြီး အလျား ၂ စင်တီမီတာခန့်ရှိပြီး ကြီးမားပြီး ပြွတ်သိပ်စွာပွင့်လေ့ရှိသည်။
အသီးနှင့်အစေ့– သေးငယ်သောအသီးသည် ဘဲဥပုံသဏ္ဍာန်ရှိပြီး အချင်း ၀.၈-၁ စင်တီမီ တာခန့်ရှိသည်။ အသီးတစ်ခုစီတွင် အတောင် ၅ ခုပါရှိပြီး အရှည် ၅ မှ ၇.၅ စင်တီမီတာရှိပြီး ၎င်းတို့အနက် အတောင် ၃ ခုသည် အခြား အတောင် ၂ ခုထက် ပိုရှည်သည်။
ပွင့်သီးချိန် – ဖေဖော်ဝါရီလမှ မေလအတွင်း ပန်းပွင့်ပြီး၊ မေလမှ ဇူလိုင်လအတွင်း အသီးသီးကြသည်။
အသုံးဝင်မှု – ဟိန္ဒူအခမ်းအနားများတွင် အမွှေးနံ့သာအဖြစ်အသုံးပြုသည်။ Ayurvedic ဆေးတွင် အသုံးပြုကြပြီး လှေများနှင့် သင်္ဘောများကို ဆေးသုတ်ရာတွင် အသုံးပြုကြသည်။ အစေ့၏အဆီအား ဆီမီးနှင့် ဟင်းသီးဟင်းရွက်ဆီ၏ အရင်းအမြစ်အသုံးပြုသည်။ အစေ့ဆီကို သန့်စင်ပြီးနောက် ဟင်းချက်ဆီအဖြစ် အသုံးပြုသည်။






Myanmar Name – Lonbani-ingyin
Common Name – Sal tree
Botanical Name – Shorea robusta
Family Name – Dipterocarpaceae
Habitat – The tree is native to India, Bangladesh, Nepal, Tibet and across the Himalayan regions.
Habit – Shorea robusta occurs in deciduous (moist or dry) forests and can be found from sea level to about 1,500m. Shorea robusta can grow up to 40 m tall with a trunk diameter of 2 m. and has a spreading and spherical crown.
Bark – The bark is deeply fissured in younger age, but the fissures gradually become shallower as the tree matures.
Leaves – Leaves are simple, alternate, oblong to oval, 10-20cm long by 6-12 cm wide, with 12-14 pairs of lateral veins.
Inflorescence – Inflorescence (9 cm long) occurs at the end of the twigs.
Flower – The flowers are cream- yellow, about 2cm across, and are carried in large and showy clusters.
Fruit – The small fruit is oval in shape and measure about 0.8-1 cm in diameter. Each fruit comes with 5 wings that measure 5 – 7.5 cm in length, and of which 3 are longer than the other 2.
Flowering and Fruiting Time – Flowering in February to May, fruiting in May to July.
Usage – It is used as an astringent in Ayurvedic medicine, burned as incense in Hindu ceremonies, and used to caulk boats and ships. Sal seeds and fruit are a source of lamp oil and vegetable fat. The seed oil is extracted from the seeds and used as cooking oil after refining.