





မြန်မာအမည် – မဒေါ့
အင်္ဂလိပ်အမည် – Egg Tree, Gamboge Tree, Sour Mangosteen, Himalayan Garcinia, False Mangosteen, Camboge, Mundu
ရုက္ခဗေဒအမည် – Garcinia xanthochymus Hook.f. ex T.Anderson
မျိုးရင်း – Clusiaceae
ပြန်နှံ့ပေါက်ရောက်ပုံ – မူရင်းဒေသမှာ ဘူတန်၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ လာအို၊ မြန်မာနိုင်ငံတို့ဖြစ်သည်။
အပင်သရုပ် – အပင်သည် အမြဲစိမ်းတောအမျိုးအစားဖြစ်၍ အမြင့်ပေ ၁၅-၂၀မီတာထိရှိသည်။
အခေါက် – အခေါက်သည် မီးခိုးရောင်မှ မီးခိုးဖျော့ရောင်ရှိသည်။
အရွက် – အရွက်သည် ရွက်ထီးအမျိုးအစားဖြစ်၍ ရွက်ဆိုင်ထွက်သည်။ အရွက်သည် လှံသွားပုံ(သို့) ဘဲဥရှည်မျောမျောပုံရှိပြီး ရွက်သားမာကြောသည်။
ပန်းခိုင် – ပန်းခိုင်သည် ကြားထွက်၊ ထိပ်ထွက်ပန်းခိုင်အမျိုးအစားဖြစ်၍ အဆုံးရှိပန်းခိုင်အမျိုးအစားဖြစ်သည်။
ပန်းပွင့် – ပန်းပွင့်သည် လိင်စုံပန်းပွင့်အမျိုးအစားဖြစ်၍ နို့နှစ်ရောင်ရှိသည်။
အသီးနှင့်အစေ့ – အသီးသည် စေ့များခွံပျော့အမျိုးအစားဖြစ်ပြီး အသီးခွံမှာ ချောမွေ့သည်။ အစေ့သည် လုံးဝန်းသောပုံရှိ၍ အဖြူရောင် အသားများဖြင့် ဖုံးထားသည်။
ပွင့်သီးချိန် – မတ်လနှင့်မေလတွင် ပန်းများစတင်ပွင့်ဖူးကာ အောက်တိုဘာလနှင့် ဖေဖော်ဝါရီလတွင် အသီးများစတင်ရင့်မှည့်ကြသည်။
အသုံးဝင်မှု – အသီးကို ရှာလကာရည်နှင့် ယိုပြုလုပ်ရာတွင်အသုံးပြုကြသည်။ အစေးကို ဆိုးဆေးပြုလုပ်ရာတွင် အသုံးပြုကြသည်။






Myanmar Name – Ma daw
Common Name – Egg Tree, Gamboge Tree, Sour Mangosteen, Himalayan Garcinia, False Mangosteen, Camboge, Mundu
Botanical Name – Garcinia xanthochymus Hook.f. ex T.Anderson
Family Name – Clusiaceae
Habitat – Asia: Bangladesh, Bhutan, Cambodia, China, India, Japan, Laos, Myanmar, Nepal, Taiwan, Thailand, Vietnam.
Habit – Evergreen trees, about 15-20 m tall, with a dense pyramidal crown, wood moderately hard
Bark – bark grey, reddish or pale gray,
Leaves – Leaves simple, opposite or rarely ternate, lanceolate-ovate to oblong-oblong, base acute to obtuse, margins entire, apex acute to acuminate, chartaceous, leathery, coriaceous, glabrous on both sides, exstipulate, rarely stipulate.
Inflorescence – Inflorescence axillary or terminal, in cymes, fascicles, solitary or paired.
Flower – Flowers 4-5 merous, heterochlamydeous, dioecious, pseudobisexual and female ones, always less, pedicel short or sessile, sepals 4 or 5-6, imbricate, decussate in pairs, Female flowers: often solitary, bigger than male flowers, with minute free or united staminodes
Fruit And Seed – Fruit fleshy berry, sulcate or smooth, encased by persistent sepals. Seeds 1-12, oblong ovoid, covered with juicy cream white pulp.
Flowering and Fruiting Time – Flowering season is March-May and fruiting in October-February
Usage – Food (Fruit & Vegetable): The fruits are used to make vinegar, preserves and jams. Medicinal: The dried fruits are used in treating vomiting. Others: The latex is used for dyeing.