



မြန်မာအမည် – မိုင်းဘော
အင်္ဂလိပ်အမည် – Nepalese alder
ရုက္ခဗေဒအမည် – Alnus nepalensis D.Don
မျိုးရင်း – Betulaceae
ပြန်နှံ့ပေါက်ရောက်ပုံ – မူရင်းဒေသအဖြစ် အာရှ-တောင်ပိုင်း၊ တရုတ်အလယ်ပိုင်း၊ အိန္ဒိယ မြောက်ပိုင်း၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် တို့တွင် ပေါက်ရောက်သည်။
အပင်သရုပ် – ရွက်ကြွေသောအပင် အမျိုးအစားဖြစ်၍ အပင်အမြင့် ၂၂ မီတာခန့် မြင့်မားပြီး ရွက်အုပ်ကျယ်ပြန့်သည်။
အခေါက် – အစိမ်းရင့်ရောင် သို့မဟုတ် မီးခိုးရောင်ရှိပြီး အဝါရောင်ဖျော့ဖျော့ အကွက်များ ရှိသည်။
အရွက် – အရွက်များသည် တစ်လှည့်စီထွက်၍ ဘဲဥပုံ၊ ဘဲဥပုံသဏ္ဍာန် ရှိပြီး အရှည် ၆ – ၂၁ စင်တီမီတာ၊ အကျယ် ၄ – ၁၀ စင်တီမီတာရှိသည်။ အပေါ်မျက်နှာပြင်သည်တောက်ပြောင်သော အစိမ်းရင့်ရောင်ရှိသည်။
ပန်းခိုင် – ကြောင်မြီးတူပန်းခိုင် အမျိုးအစားဖြစ်သည်။ အကိုင်းအခက်များ၏ အဆုံးတွင် ကျဆင်းနေပြီး ၁၀ -၂၅ စင်တီမီတာခန့် ရှည်သည်။
ပန်းပွင့် – ဖိုအင်္ဂါပန်းများသည် ၁ မှ ၂၅ စင်တီမီတာ ရှည်ပြီး မအင်္ဂါပန်းများသည် ထောင်မတ်၍ ၁ မှ စင်တီမီတာ ခန့်ရှိသည်။
အသီးနှင့်အစေ့– အသီးသည် ထင်းရှူးအသီး နှင့်တူသည်။ အညိုရင့်ရောင်၊ အရှည် ၁.၅-၂ စင်တီမီတာခန့်ရှိ၍ ရိုးတံတိုပြီး ဘဲဥပုံသဏ္ဍာန်ရှိသည်။ အသီးခွံပေါ်တွင် အကြေးခွံဖတ်များ ထောင်လျက်တည်ရှိသည်။ အစေ့များသည် အညို ဖျော့ဖျော့ရှိ၍ စက်ဝိုင်းပုံဖြစ်ကာ အခွံမာသီးအမျိုးအစားဖြစ်သည်။
ပွင့်သီးချိန် – စက်တင်ဘာလမှ အောက်တိုဘာလအထိ ပန်းပွင့်ပြီး နိုဝင်ဘာလမှ ဒီဇင်ဘာလအထိ အသီးသီးချိန်ဖြစ်သည်။
အသုံးဝင်မှု – ထင်း၊ အတွင်းပိုင်းသုံးသစ်သားyပစ္စည်းများ၊ သုံးထပ်သား၊ သေတ္တာများ နှင့် လှည့်ပစ္စည်းများတွင် အသုံးပြုသည်။




Myanmar Name – Mai-baw
Common Name – Nepalese alder
Botanical Name – Alnus nepalensis D.Don
Family Name – Betulaceae
Habitat – Asia – southern central China, northern India, Nepal, Bangladesh, Myanmar, Thailand, Vietnam.
Habit – Deciduous Tree growing to 22 m (72ft 2in) at a fast rate.; branchlets glabrous, spreading, winter buds stalked
Bark – dark green or grey, often with yellowish patches and short, raised lenticels.
Leaves – Leaves alternate, elliptical, ovate to oblong, 6-21 cm long, 4-10 cm wide, entire, denticulate or sinuate, shallowly crenate to subentire, rounded or cuneate at the base, with 12-16 pairs of lateral veins, top surface dull or shiny dark green, under surface pale with dotlike, yellow-brown scales; petiole strong.
Inflorescence – Male catkins grow in drooping bunches at the ends of branchlets and are 10-25 cm long; female catkins are 1-2 cm long and arise from the axils of the leaves.
Flower – The male flowers are 10 to 25 cm (4 to 10 in) long and pendulous, while the female flowers are erect, 1 to 2 cm (0.4 to 0.8 in), with up to eight together in axillary racemes.
Fruit And Seed – – Fruit: the fruiting catkins resemble cones. They are dark brown, 1.5-2 cm long, upright on short stalks, elliptical and with woody scales. The empty catkins persist on the tree. Seed: light brown, circular, flat nut, with membra- nous wing.
Flowering and Fruiting Time – Flower from September to October, fruiting from November to December.
Usage – Firewood, interior utility wood, plywood, boxes, crates, and turned items.