



မြန်မာအမည် – မလေးစကား
အင်္ဂလိပ်အမည် – Desert rose, Sabi star, kudu, mock azalea, and impala lily.
ရုက္ခဗေဒအမည် – Adenium obedum (Forsk.) Roem. & Schult.
မျိုးရင်း – Apocynaceae
ပြန်နှံ့ပေါက်ရောက်ပုံ – ဆာဟာရ တောင်ဘက် Sahel ဒေသများ Mauritania နှင့် Senegal မှ Sudan အထိ၊ အပူပိုင်းနှင့် အပူပိုင်းအာဖရိက အရှေ့ပိုင်းနှင့် တောင်ပိုင်း နှင့် Arabian Peninsula တို့၏မူရင်းမျိုးဖြစ်သည်။
အပင်သရုပ် – အမြဲစိမ်း သို့မဟုတ် မိုးခေါင်ရေရှားဒဏ်ခံနိုင်သည့် ရွက်ကြွေ ချုံပင်မျိုး ဖြစ်ပြီး အအေးဒဏ်ကြောင့် သို့မဟုတ် မျိုးစိတ်ခွဲများကြောင့် သို့မဟုတ် မျိုးစိတ်အလိုက် အရွက်များ ဆုံးရှုံးနိုင်သည်။
ပင်စည် – အမြင့် ၀.၁၂-၅ မီတာ အချိုးအစားမမျှသောကြီးမားသော ပင်စည်များ နှင့် တောင့်တင်းပြီး ဖောင်းကားနေသော ပင်စည်အခြေဖြင့် ကြီးထွားနိုင် သည်။
အရွက် – အရွက်များသည် ရွက်ထီးတည်းအမျိုးအစားဖြစ်ပြီး၊ အပင်ထိပ်သို့ ခရုပတ်ပုံအစုလိုက်အပြုံလိုက်ထွက်သည်။ အရွက်သည်အသားထူပြီး ပြောင်ချောကာ အရွဘ်အားဖြင့် အလျား ၅-၁၅ စင်တီမီတာနှင့် ၁-၈ စင်တီမီတာ ကျယ်ပြန့်သည်။
ပန်းခိုင် – ပန်းခိုင်သည် အကိုင်အဖျားတွင်ထွက်ရှိပြီး အရွယ် ၁-၂.၅ စင်တီမီတာ ရှည်သည်။
ပန်းပွင့် – ပန်းပွင့်များသည် ခေါင်းလောင်းပုံရှိပြီး အရွယ် အချင်း ၂-၅ စင်တီမီတာ ရှည်ပြီး၊ အချင်း ၄-၆ စင်တီမီတာရှိသော ပန်းပွင့် ၅ ပွင့်ရှိသော Plumeria နှင့် Nerium ကဲ့သို့သော အခြားဆက်စပ်မျိုးနွယ်များနှင့် ဆင်တူသည်။ ပန်းပွင့်အောက်ခြေရှိ လည်ချောင်းပြွန်အပြင်ဘက်တွင် နီညိုရောင်နှင့် ပန်းရောင်သန်းနေတတ်သည်။
အသီး – အသီးများသည် ဆလင်ဒါပုံသေးသွယ်ရှည်သော အသီးတောင့်ဖြစ်ပြီး အသီးတစ်ခိုင်တွင် အသီးတောင့် ၂ ခု တွဲလျက်ရှိတတ်သည်။ အရောင် မှာနုစဉ်တွင်အစိမ်းရောင်ရှိပြီး၊ အရွယ်ရောက်သောအခါတွင် ရှည်လျား ကျဉ်းမြောင်း၍ ပိုချည်မျှင်ကဲ့သို့ အစေ့များစွာကို ခွဲထုတ်ပြီးကွဲထွက် လာသည်။
အစေ့ – အစေ့များသည် အရွယ်သေးငယ်ပြီး ပိုးချည်ကဲ့သို့ ပျော့အိအိ အမွေးများဖြင့်ပါရှိကာ အညိုရောင်ရှိသည်။
ပွင့်သီးချိန် – သဲကန္တာရနှင်းဆီတွင် မတူညီသော ပန်းပွင့်ချိန်နှစ်ခုရှိသည်။ နွေဦး ပေါက်ရာသီတွင် လုံလောက်သော နေရောင်ခြည်ရရှိသောအခါ ပန်းများ မှန်မှန်ပွင့်သည်။ အပူချိန် ၆၀ ဒီဂရီဖာရင်ဟိုက်အောက် ကျဆင်းသွား သောအခါ ဒုတိယအဆင့်သည် ဆောင်းဦးလများတွင် စတင်သည်။ ကိုင်းချိုင်ရန်အတွက် အပင်ကို အိမ်တွင်းသို့ရွှေ့ရန် လိုအပ်သည့် အချိန်ဖြစ်သည်။
အသုံးဝင်မှု – Adenium obesum သည် cardiac glycosides ပါဝင်သောကြောင့် ၎င်း၏အမြစ်များနှင့် ပင်စည်များတွင်အရည်ကို ထုတ်လုပ်ပေးသည်။ ဤအရည်ကို အာဖရိကတိုက်ရှိ အမဲလိုက်ခြင်းအတွက် မြှားအဆိပ် အဖြစ် အသုံးပြုပြီး၊ ငါးအဆိပ်အဖြစ်လည်း အသုံးပြုသည်။ လှပသည့် ပန်းပွင့်နှင့် အပူဒဏ်ကိုခံနိုင်သဖြင့် အလှစိုက်ပင်များအဖြစ် စိုက်ပျိုးကြ သည်။




Myanmar Name – Malay-saga
Common Name – Desert rose, Sabi star, kudu, mock azalea, and impala lily.
Botanical Name – Adenium obedum (Forsk.) Roem. & Schult.
Family Name – Apocynaceae
Habitat – It is native to the Sahel regions south of the Sahara (From Mauritania and Senegal to Sudan), tropical and sub-tropical eastern and southern Africa, as well as the Arabian Peninsula.
Habit – It is an evergreen or drought-decicuous succlent shrub (which can also lose its leaves during cold spells, or according to the subspecies or cultivar).
Stem – It can grow to 0.12–5 m (0.39–16.40 ft) in height, with pachycaul (disproportionately large) stems and a stout, swollen basal caudex.
Leaves – The leaves are spirally arranged, clustered toward the tips of the shoots, simple entire, leathery in texture, 5–15 cm (2.0–5.9 in) long and 1–8 cm (0.39–3.15 in) broad.
Inflorescence – Inflorescence 1–2.5 cm long.
Flower – The flowers are tubular, 2–5 cm (0.79–1.97 in) long, with the outer portion 4–6 cm (1.6–2.4 in) diameter with five petals, resembling those of other related genera such as Plumeria and Nerium. The flowers tend to be red and pink, often with a whitish blush outward of the throat.
Fruit – Fruit are slender, green, pod-like follicles up to 4 inches (10 cm) long; when mature they split open to release many long, narrow, silky seeds.
Seed – Seed are small and brown in color with pulpy hairs.
Flowering and Fruiting Time – The desert rose has two different blooming periods. In early spring, the flowers bloom steadily when getting sufficient sunlight. The second phase begins in the early fall months when the temperature drops from 60 degrees Fahrenheit. It is at the time when you need to move the plant indoors for pruning.
Usage – Adenium obesum produces a sap in its roots and stems that contains cardiac glycosides. This sap is used as arrow poison for hunting large game throughout much of Africa and as a fish toxin.Because of its beautiful flowers and heat tolerance, it is grown as an ornamental plant.