ဥနှဲ

အပင်သရုပ်
အခေါက်
ပန်းခိုင်နှင့် အရွက်
ပန်းပွင့်
အသီး
အစေ့

မြန်မာအမည် – ဥနှဲ

အင်္ဂလိပ်အမည် – Toothbrush tree

ရုက္ခဗေဒအမည် Streblus asper Lour.

မျိုးရင်း – Moraceae

ပြန်နှံ့ပေါက်ရောက်ပုံ – ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံတို့ အပါအဝင် အရှေ့တောင်အာရှ၏ အပူပိုင်းနှင့် အပူပိုင်းဒေသများတွင် ပုံမှန် အားဖြင့် တွေ့ရှိရသည်။ မြေနိမ့်ပိုင်း မိုးသစ်တောများ၊ မြစ်ကမ်းပါးများ နှင့် ကမ်းရိုးတန်းဒေသများ အပါအဝင် နေရာမျိုးစုံတွင် ပေါက်ရောက် နိုင်သည်။

အပင်သရုပ် – အမြဲစိမ်းအပင်လတ်မျိုးဖြစ်ပြီး ၁၀ မီတာအထိမြင့်သည်။

အခေါက် – အခေါက်သည် ၁၀-၂၀ မီလီမီတာအထူရှိပြီး မီးခိုးရောင်ဖျော့ဖျော့ ရှိသည်။ အခေါက်ကို ထစ်ကြည့်ပါက ခရင်မ်နှစ်အဝါရောင်ရှိပြီး အဖြူရောင်အစေးများ ထွက်ရှိသည်။

အရွက် – အရွက်များသည် ရွက်ထီးတည်းအမျိုးအစားဖြစ်ပြီး ခရုပတ်ပုံထွက် သည်။ ရွက်ပြားသည် ၃-၁၀ x ၁.၂-၅ စင်တီမီတာအရွယ်ရှိပြီး ဘေးရွက်ကြော ၄-၁၀ စုံပါရှိသည်။ ရွက်နား ခွေးသွားစိပ်များရှိသည်။ ရွက်စွယ်ပါရှိပြီး အရွယ် ၂-၅ မီလီမီတာ ရှည်လျားပြီး လှံသွားပုံရှိကာ ကြွေလွယ်သည်။

ပန်းခိုင် – ပန်းခိုင်များတွင် သေးငယ်ပြီး မထင်ရှားသော ပန်းပွင့်များပါရှိသည်။ ပုံမှန်အားဖြင့် အစိမ်းရင့်ရောင် သို့မဟုတ် အဝါရောင်ရှိသည်။ ပန်းပွင့် များကို အစုလိုက်အပြုံလိုက် ဖွဲ့လေ့ရှိသည်။

ပန်းပွင့် – လိင်မစုံသော အစိမ်းဝါရောင်ရှိ ပန်းပွင့်များသည် အဖိုပွင့်၊ အမပွင့် သီးခြားရှိကြသည်။ အဖိုပွင့်သည် ကြားထွက် ဦးခေါင်းငယ်ပန်းခိုင်တွင် ပွင့်ကြပြီး ပွင့်ကိုင်းမှာ ၁၀ မီလီမီတာရှိသည်။ အမပွင့်များသည် အရွက်အောက်ခြေတွင် ထီးတည်း (သို့) ၂-၅ ပွင့်စု၍ ပွင့်ကြသည်။

အသီး – အသီးသည် ၆-၈ မီလီမီတာအရွယ်ရှိပြီး၊ လုံးဝိုင်းပြာချပ်သည်။ အသီးတွင် မထင်မရှား အရှိုက်၂ ခုပါရှိသည်။ အသီးအရောင်မှာ အဝါရောင်မှ လိမ္မော်ရောင်အထိရှိပြီး အောက်ခြေတွင် တည်မြဲသည့် ပွင့်ဖတ်ပါရှိသည်။

အစေ့ – အစေ့တစ်ခုသာရှိပြီး အလျား ၄-၅ မီလီမီတာ၊ လုံးဝိုင်း၍ မီးခိုးဖြူရောင် ရှိသည်။

ပွင့်သီးချိန် – မတ်လမှ ဧပြီလအထိ ပန်းပွင့်ပြီး ဇူလိုင်လမှ စက်တင်ဘာလအထိ အသီးများသည်။

အသုံးဝင်မှု – အပင်၏ အစိတ်အပိုင်းအားလုံး ဆေးဖက်ဝင်သည်။ ဝမ်းကိုက်ခြင်း၊ သွားကိုက်ခြင်း၊ သွားရောင်ရမ်းခြင်း၊ ခြေထောက်နာခြင်း၊ ဝက်ရူးပြန် ရောဂါ၊ အစာအိမ်နာရောဂါများကုသရာတွင် အသုံးပြုသည်။

Habit
Bark
Leaf And Inflorescence
Flower
Seed

Myanmar Name – Okhne

Common Name – Toothbrush tree

Botanical Name – Streblus asper Lour.

Family Name – Moraceae

Habitat – Typically found in tropical and subtropical regions of Southeast Asia, including countries like Thailand, Malaysia, Indonesia, Myanmar and the Philippines. It can grow in a variety of habitats, including lowland rainforests, riverbanks, and coastal areas.

Habit – Evergreen, dioecious or rarely monoecious trees, to 10 m high.

Bark – Bark 10-20 mm thick, light grey, smooth, lenticellate, fibrous; blaze creamy yellow; exudation milky white latex.

Leaves – Leaves are simple, dark green, alternate, spiral; stipules 2-5 mm long, lateral, lanceolate, adpressedly hairy, cauducous; petiole to 4 mm long; lamina 3-10 x 1.2-5 cm. Leaf margin serrate, lateral nerves 4-10 pairs

Inflorescence – Small, inconspicuous flowers that are typically greenish or yellowish in color. These flowers are often arranged in clusters.

Flower – Flowers unisexual, greenish-yellow; male in axillary heads, peduncle to 10 mm. female flowers axillary, solitary or 2-5 in a cluster.

Fruit – Fruit a drupe, 6-8 mm across, globose, obscurely 2-humped, yellow to orange, tepals persistent.

Seed – seed one, 4-5 mm across, globose, greyish-white.

Flowering and Fruiting Time – Flowering from March to April and fruiting from July to September.

Usage – All parts of the plant are used for medicinal purposes in folk medicines for the treatment of different diseases such as dysentery, relief of toothache, antigingivitis, filariasis, epilepsy, epistaxis, piles and stomachache.

FD-APFNet (IFEM) Project

Scroll to Top