ဆီသပြေ 

အပင်သရုပ်
အခေါက်
အရွက်နှင့်ပန်းခိုင်
ပန်းပွင့်
အသီး
အစေ့

မြန်မာအမည် – ဆီသပြေ 

အင်္ဂလိပ်အမည် – paradise-tree, dysentery-bark, bitterwood

ရုက္ခဗေဒအမည် SimaroubaglaucaDC.

မျိုးရင်း – Simaroubaceae

ပြန်နှံ့ပေါက်ရောက်ပုံ – မူရင်းဒေသအဖြစ် တောင်အမေရိက၏ အပူပိုင်းသစ်တောများ တွင်ကြီးထွားသော အပင်ဖြစ်သည်။

အပင်သရုပ် – အလတ်စားအမြဲစိမ်းသစ်ပင်မျိုးစိတ်ဖြစ်ပြီး ၁၀- ၁၆မီတာခန့် ထိမြင့်နိုင်သည်။ ရွက်အုပ်သည် ၂ – ၆မီတာ ခန့်ရှိသည်။

အခေါက် – အသက်ရင့်လာသည်နှင့်အမျှ အခေါက်သည် အပ်ကွဲကြောင်း များဖြစ်ပေါ်ပြီး မီးခိုးရောင်ရှိသည်။

အရွက် – ရွက်လွှဲထွက်သည့် ငှက်မွှေးရွက်ပေါင်း အမျိုးအစားဖြစ်ပြီး ရွက်မွှာ ၁၀ မှ၂၀ အထိပါရှိသည်။

ပန်းခိုင် – ထိပ်ထွက် အဆုံးရှိပန်းခိုင်အမျိုးအစားဖြစ်သည်။

ပန်းပွင့် – ပွင့်ဖတ် ၅ ခု ၊ ပွင့်ချပ် ၅ ခုရှိ၍ အဝါရောင်သန်း၍ နှစ်ခြမ်း ညီပန်းပွင့်ဖြစ်သည်။

အသီးနှင့်အစေ့ – အတွင်းအခွံမာသီးဖြစ် အမျိုးအစားဖြစ်ပြီး အသီးလေးတွေက လုံးရှည်ပုံစံဖြစ်သည်။

ပွင့်သီးချိန် – ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအထိပန်းပွင့်ပြီး၊ ဧပြီလမှ မေလ အထိ အသီးသီးချိန်ဖြစ်သည်။

အသုံးဝင်မှု – အစေ့မှ ဇီဝဒီဇယ်၊ ဆပ်ပြာ၊ ဆပ်ပြာမှုန့်၊ ချောဆီ၊ အရောင် တင်ဆီ၊ အလှကုန်မျိုးစုံနှင့် ဆေးဝါးလုပ်ငန်းတွင် အသုံးပြု သည်။ ဝမ်းလျော၊ ငှက်ဖျား၊ ပွေးညှင်း၊ အစာအိမ်ဆေးအဖြစ် ထုတ်လုပ်ပြီး၊ သစ်အနေနဲ့အသုံးပြုရာတွင် ပိုးမွှားဒဏ်ခံနိုင်၍ ပရိဘောဂ၊စက္ကူပျော့ဖက်အဖြစ် အသုံးပြုသည်။ သွေးအားနည်း ရောဂါ၊ အဆစ်အဆစ်ရောင်ခြင်း၊အလွန်အမင်းသွေးထွက်ခြင်း၊ နာကျင်ခြင်း၊ သွေးဆုံးရောဂါကဲ့သို့သောမီးယပ်ဆိုင်ရာ ပြဿနာ များ အတွက်အသုံးပြုသည်။

Habit
Bark
Leaves And Inflorescence
Flowers
Fruits
Seeds

Myanmar Name –  Se – Thabye

Common Name – paradise-tree, dysentery-bark, bitterwood

Botanical Name – SimaroubaglaucaDC.

Family Name – Simaroubaceae

Habitat – Native : Bahamas, Costa Rica, Cuba, El Salvador, Guatemala, Haiti, Honduras, Jamaica, Mexico, Puerto Rico, United States of AmericaExotic : India, Sri Lanka.

Habit – It is a small to medium-sized evergreen tree with a straight cylindrical bole,  a circular crown (canopy) and shallow root system; up to 40 ft. height and a stem diameter of 40-50 cm, often with a clear, cylindrical bole to 9 m. The crown is narrow, with a width averaging 4-6 m, and a crown width-to-dbh ratio of 22:25. Crown shape is round, upright and density is moderate .

Bark – Outer bark is finely cracked, grey

Leaves – Leaves;  alternate, pinnately compound, leaflets 10 to 20, oblong; bluish green above, lighter below, margin entire, often notched at apex.

Inflorescence – Inflorescence a panicle (dichasial cyme), terminal.

Flower – Wide range of variations are observed in floral characteristics such as male, female and andro-monoecious forms  — having hermaphrodite flowers on several branches of the same tree; and therefore considered as polygamo-dioecious. Flowers inconspicuous; Calyx: sepals 5 free, green; Corolla: petals 5, free yellowish-white, overlapping; Male flowers with gynophores but without ovaries, stamens10; Female flowers with non-functional stamens; ovary 5 loculed, each with a single ovule. Occasionally perfect flowers are produced on staminate or carpellate trees.

Fruit – Fruit: drupe, in groups of 2-5, oval to oblong ovate

Seed – Seeds: up to  2 cm. Two varieties are recognised: Gauri (greenish white)  and  Kaali (violet) .

Flowering and Fruiting Time – Flowering begins during December and continues till February end; Fruits April/ May.

Usage – The seeds of the plant are a source of biodiesel, while its oil is used in cosmetics, pharmaceuticals, soap production, and as a colored sesame oil. The wood is resistant to insects, making it suitable for furniture and paper pulp.

FD-APFNet (IFEM) Project

Scroll to Top