





မြန်မာအမည် – ဖျောက်ဆိပ်
အင်္ဂလိပ်အမည် – Indian elm or jungle cork tree
ရုက္ခဗေဒအမည် – Holoptelea integrifolia (Roxb.) Planch
မျိုးရင်း – Ulmaceae
ပြန်နှံ့ပေါက်ရောက်ပုံ – မူရင်းဒေသအဖြစ် အိန္ဒိယတိုက်ငယ်၊ အင်ဒို-တရုတ်နှင့် မြန်မာနိုင်ငံတို့ ဖြစ်သည်။ ၁၁၀၀ မီတာအထိ မြင့်သောတောင်များတွင်လည်း တွေ့ရှိ ရသည်။
အပင်သရုပ် – အမြင့် ၃၀မီတာ ကျော်ခန့်ရှိသော အပင်ကြီး အမျိုးအစား ဖြစ်သည်။ ပင်စည်ဖြောင့်၍ ရွက်အုပ်ကြီးမားသည်။
အခေါက် – အပင်ငယ်စဉ်တွင် အညိုရောင်သန်း၍ အသက်ရင့်လာသည်နှင့်အမျှ မီးခိုးရောင်သန်း၍ အပ်ကွဲကြောင်းများ ဖြစ်ပေါ်ပြီး အကြေးခွံပုံသဏ္ဍန်ရှိ သည်။
အရွက် – ရွက်ထီးရွက်လွှဲထွက်ပြီး၊ ရွက်သားပြောင်လက်ပြီး ရွက်နားညီ၍ ထိပ်ချွန်သည်။ ရွက်စွယ်ပါရှိသည်။
ပန်းခိုင် – အဆုံးမရှိ ပန်းခိုင်အမျိုးအစားဖြစ်ပြီး၊ အရွက်မဲ့သောကိုင်းများမှ ပန်းခိုင် ထွက်ရှိ၍ အစုလိုက်ပန်းပွင့်ပြီး စိမ်းဝါရောင်ရှိသည်။
ပန်းပွင့် – လိင်မစုံ ပန်းပွင့်ဖြစ်၍ ပွင့်ဖတ် ၄ ခု ပါရှိပြီးအမွှေးများပါရှိသည်။ အဖို ပန်းပွင့်တွင် ဝတ်ဆံဖို ၈ခု ပါရှိသည်။
အသီးနှင့်အစေ့– တောင်ပံပါအသီးအမျိုးအစားဖြစ်သည်။
ပွင့်သီးချိန် – ဖေဖော်ဝါရီလမှ မတ်လအထိပန်းပွင့်၍ ဧပြီလမှဇွန်လအထိ အသီးသီး ချိန်ဖြစ်သည်။
အသုံးဝင်မှု – တိုင်းရင်းဆေးတွင် အခေါက်ကို အဆစ်အမြစ်ရောင်ရောဂါ ကုသရာမှာ အသုံးပြု၍ အစေ့နဲ့ အခေါက် ပင်စည်ရဲ့ အနှစ် များကို ဖောယောင်ခြင်း၊ ဆီးချို၊ နူနာရောဂါ ၊ အရေပြားရောဂါ နှင့် လိပ်ခေါင်း ရောဂါများကုသ ရာတွင်အသုံးပြုသည်။






Myanmar Name – Pyauk – seik
Common Name – Indian elm or jungle cork tree
Botanical Name – Haloptelea integrifolia Planch.
Family Name – Ulmaceae
Habitat – most of Indian sub-continent, China and Myanmar. It is found mostly on plains but also in mountains on elevations up to 1100 m.
Habit – a large deciduous tree, about 20–25 m tall (rarely over 30 m), with a broad crown featuring several ascending branches.
Bark – Bark is grey in colour, 6-8 mm thick, whitish-grey, smooth; blaze yellowish-grey, streaked with light brown; branchlets pubescent. covered with blisters, peeling in corky scales on old trees.
Leaves – Leaves simple, alternate; stipules lateral, scarious; petiole 5-10 mm, stout, pubescent; lamina 6-12.5 x 2.5-6.5 cm, ovate-oblong, ovate or elliptic-ovate, base rounded or subcordate, apex acuminate, margin entire, distantly serrate when young, coriaceous, glabrous above, appressed pubescent punctate below; lateral nerves 6-9 pairs, pinnate, prominent, intercostae reticulate, prominent.
Inflorescence – Flowers are small, Flowers polygamous, appear before leaves, 5-8 mm across, greenish-purple, in axillary fascicles; tepals 4 or 5, free, anthers pubescent; female
Flower – flowers with longer pedicels; ovary superior, compressed, long stipitate, 2-winged, 1-celled, ovule 1; style 2 fid.
Fruit & Seed -Fruit a samara, 3 cm across, orbicular, wings nerved, glabrous, seed one and flat seed.
Flowering and Fruiting Time – Flowering to February – March and Fruiting to April – June
Usage – In traditional medicine, the bark is used to treat rheumatism. diabetes leprosy It is used in the treatment of skin diseases and hemorrhoids.