ပျဉ်းကတိုး

အပင်သရုပ်
အခေါက်
ပန်းပွင့်
အရွက်
အသီး
အစေ့

မြန်မာအမည် – ပျဉ်းကတိုး

အင်္ဂလိပ်အမည် – Burmese ironwood, Pyin, Pyin ka do

ရုက္ခဗေဒအမည် Xylia xylocarpa (Roxb.) Taub.

မျိုးရင်း – Fabaceae

ပြန်နှံ့ပေါက်ရောက်ပုံ – မြန်မာနှင့်အိန္ဒိယနိုင်ငံသည် မူရင်းဒေသများဖြစ်ပြီး ယင်းမှ အရှေ့ဘက် ကမ္ဘောဒီးယားနှင့်ထိုင်းနိုင်ငံများအထိ ပျံ့နှံ့ပေါက်ရောက်သည်။ အပူပိုင်း ဒေသ၏ အမြဲစိမ်းတော၊ ရွက်ကြွေရောနှောတော၏ အမြင့်ပေ ၈၅၀ မီတာ အထိ ပေါက်ရောက်နိုင်သည်။

အပင်သရုပ် – ရွက်အုပ်ကောင်းမွန်ပြီး အမြင့် ၂၀-၄၀ မီတာမြင့်သည့် ရွက်ကြွေအပင် ကြိးမျိုးဖြစ်သည်။ ပင်စည်ဖြောင့်တန်းပြီး ဆလင်ဒါပုံရှိကာ၊ ရံဖန်ရံခါ ပါးပျဉ်း များရှိသည်။ လုံးပတ်အချင်း ၄၀-၆၀ စင်တီမီတာရှိသည်။

အခေါက် – အခေါက်သည် ၁၀-၁၅ မီလီမီတာထူပြီး၊ နီညိုရောင်အကြေးခွံများရှိပြီး အကြေးခွံများကြား အဖြူရောင်အစင်းကြောင်းများရှိသည်။ အတွင်း အခေါက် ကြွတ်ဆတ်၍ ပန်းနုဝါရောင်ရှိသည်။

အရွက် – နှစ်ဆင့်ငှက်မွေးရွက်ပေါင်းအမျိုးအစားဖြစ်ပြီး၊ ရွက်ညှာသည် ၃-၆ စင်တီမီ တာရှိသည်။ ရွက်မွှာ ၂-၄ စုံရှိသည်။ အောက်ခြေရှိရွက်မွှာသည် ၃-၄ စင်တီမီတာအရှည်ရှိပြီး၊ ထိပ်ရွက်မွှာသည် ၇-၁၅ စင်တီမီတာ အရှည် အသီးသီးရှိသည်။

ပန်းခိုင် – ကြားထွက်ပန်းခိုင်အမျိုးအစားဖြစ်ပြီး ပန်းခိုင်တစ်ခုတွင် ၁-၂ စင်တီမီတာ အချင်းရှိသော လုံးဝိုင်းသည့် ပုံသဏ္ဍာန်ရှိ ဦးခေါင်းငယ် ပန်းခိုင် ၂ ခုရှိသည်။

ပန်းပွင့် – ပန်းပွင့်သည် လိင်စုံပန်းပွင့်ဖြစ်ပြီး ပွင့်ညှာမဲ့သည်။ ဆလင်ဒါပုံရှိသည်။ ဖြူဝါရောင်ရှိသည်။

အသီး – အက်ကွဲသီးအမျိုးအစားဖြစ်ပြီး ၁၀-၁၆ စင်တီမီတာရှည်၍ ၆ စင်တီမီ တာအကျယ်ရှိသည်၊ သစ်သားကဲ့သို့မာကြောပြီး အသီးခွံကွဲအက်ပါက နှစ်ခြမ်းကွဲ၍ တွန့်လိမ်သွားသည်။

အစေ့ – အစေ့သည် ကျောက်ကပ်ပုံရှိ၍ ပြားချပ်သည်။

ပွင့်သီးချိန် – မတ်လနှင့်ဧပြီလတွင် ပန်းပွင့်ပြီး မေလမှ ဇွန်လအထိအသီးသီးချိန်ဖြစ်သည်။

အသုံးဝင်မှု – သစ်သားကို အဆောက်အဦဆောက်လုပ်ခြင်းနှင့် ပရိဘောဂများတွင် အသုံးပြုသည်။

Habit
Bark
Inflorescence and flowers
Leaves
Fruits
Seeds

Myanmar Name –  Pyinkado

Common Name – Burmese ironwood, Pyin, Pyin ka do

Botanical Name – Xylia xylocarpa (Roxb.) Taub.

Family Name – Fabaceae

Habitat – It is distributed in Myanmar and India and extending eastward into Cambodia and Thailand. It can grow in evergreen forests, mixed deciduous forests and dry deciduous dipterocarp forests, up to 850 m of altitude.

Habit – A deciduous tree with a dense crown usually growing 20 – 40 meters tall. The bole is usually straight and cylindrical, sometimes with small buttress and around 40 – 60 cm in diameter.

Bark – Bark 10-15 mm thick, reddish-brown, mottled with white, rough, exfoliations irregular; brittle; blaze yellowish with pink tinge.

Leaves – Bi-pinnately compound, stalk 3-6 cm long. Leaflets 2-4 pairs- lowest leaflets are 3-4 cm long, with a pointed tip. End leaflet is 7-15 cm long.

Inflorescence – Axillary, fascicled or racemose inflorescence, in dense globose heads of 1-2 cm diameter.

Flower – Flowers bisexual, sessile, yellowish, slender in shape.

Fruit – Pod is 10-16 cm long, 6 cm wide, woody, rusty velvety, shaped like a boomerang, splitting into two twisted segments.

Seed – Kidney shape, flat and orbicular.

Flowering and Fruiting Time – Flowering from March to April and fruiting from May to February.

Usage – The wood is use in heavy construction and making furniture.

FD-APFNet (IFEM) Project

Scroll to Top