သပြေ

အပင်သရုပ်
အခေါက်
အရွက်နှင့်ပန်းခိုင်
အပွင့်
အသီး
အစေ့

မြန်မာအမည် – သပြေ

အင်္ဂလိပ်အမည် – Java Plum, Jambolan, Jiwat, Salam, Kerian Duat

ရုက္ခဗေဒအမည် Syzygium cuminii (L.) Skeels.

မျိုးရင်း – Myrtaceae

ပြန်နှံ့ပေါက်ရောက်ပုံ – မြန်မာ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နှင့် ကပ္ပလီကျွန်းတို့ အပါအဝင် အိန္ဒိယတိုက်ငယ်နှင့် အရှေ့တောင်အာရှဒေသတို့မှ ဇာတိဖြစ်သည်။.

အပင်သရုပ် – အမြဲစိမ်းပင်လတ်အမျိုးအစားဖြစ်ပြီး အမြင့် ၆-၂၀ မီတာမြင့်သည်။ အကိုင်းအခက်များသည် ခြောက်သွေ့သောအခါတွင် ဖြူဖျော့၍ သေးငယ်သည်။

အခေါက် – အခေါက်ချောမွေ့ပြောင်ချောပြီး အညိုဖျော့ရောင်ရှိသည်။

အရွက် – အရွက်များသည် ရွက်ထီးတည်အမျိုးအစားဖြစ်ပြီး၊ ရွက်ဆိုင်ထွက်သည်။ ကျဉ်းမြောင်း၍ ဖောက်ထွင်းမြင်ရသော ရွက်နားသတ်ရှိသည်။ အရွက် သည် အရှည် ၇-၁၈ စင်တီမီတာရှည်၍ ဗျက် ၃-၉ စင်တီမီတာရှိပြီး ရွက်သားထူသည်။ ကျယ်ပြန့်သော ဘဲဥပုံရှိသည်။ အပေါ်မျက်နှာပြင် သည် အစိမ်းနုရောင်၊ အောက်မျက်နှာပြင်သည် အဝါရောင်ရှိပြီး မွဲခြောက် နေသည်။

ပန်းခိုင် – ပန်းခိုင်သည့် ထိပ်ထွက် အဆုံရှိပန်းခိုင်အမျိုးအစားဖြစ်ပြီး၊ ၁၁ စင်တီမီတာအရွယ်ရှိကာ ပင်စည်ထိပ်ဖျား၏ အကိုင်းအခက်များကြားတွင် ထွက်လေ့ရှိသည်။

ပန်းပွင့် – အပွင့်များသည် အချင်း ၅ မီလီမီတာခန့်အရွယ်ရှိပြီး၊ မွှေးကြိုင်သောရနံ့ရှိ သည်။

အသီး – အသီးသည် အနီရောင်မှ အနက်ရောင်ရှိပြီး၊ အိုးပုံသဏ္ဍာန်မှ အီလစ်ပုံရှိကာ အရွယ် ၁-၂ စင်တီမီတာရှိပြီး အစေ့တစ်စေ့ပါရှိသည်။ တည်မြဲသည့် ပွင်ဖတ်အုံကပ်ပါပြီး အရွယ် ၁-၁,၅ မီလီမီတညရှိသည်။

အစေ့ – အစေ့သည် အဖြူရောင်ဖြစ်ပြီး ရှည်သွယ်ပုံသဏ္ဍာန်ရှိသည်။

ပွင့်သီးချိန် – ပန်းပွင့်ချိန်မှာ ဖေဖော်ဝါရီ-မတ် (သို့) ဧပြီ-မေဖြစ်ပြီး၊ အသီးသီးချိန်မှာ ဇွန်-စက်တင်ဘာလများဖြစ်သည်။

အသုံးဝင်မှု – အပင်၏ အစိတ်အပိုင်းများစွာကို ဆေးဖက်အဖြစ် အသုံးပြုကြသည်။ အရွက်နှင့် အခေါက်ကို ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ဖျားနာခြင်းအတွက် အသုံးပြုသည်။ အရွက်၊ အခေါက်၊ အပွင့်၊ အသီးနှင့် အစေ့များသည် ဆီးချိုရောဂါကို ကုသရာတွင် ထိရောက်မှုရှိကြောင်း ဖော်ပြသည်။ အရွက်နှင့် အခေါက်ကို သွေးပေါင်ကျစေပြီး သွားဖုံးသွေးယိုခြင်းကို ကုသရန် အသုံးပြုသည်။

Habit
Bark
Flower
Inflorescence And Flower
Fruit
Seed

Myanmar Name – Thabye

Common Name – Java Plum, Jambolan, Jiwat, Salam, Kerian Duat

Botanical Name – Syzygium cuminii (L.) Skeels.

Family Name – Myrtaceae

Habitat – Native to the Indian subcontinent and Southeast Asia, including Myanmar, Sri Lanka, Bangladesh and the Andaman Island.

Habit – Trees, 6-20 m tall. Branchlets grayish white when dry, terete. Petiole 1-2 cm;

Bark – the bark smooth, whitish grey.

Leaves – Leaves are simple, opposite, entire with narrow transparent margin, 7-18 cm long, 3-9 cm broad, thick, broadly obovate, elliptic or elliptic-oblong, upper surface dark green, lower surface yellowish and dull.

Inflorescence – Inflorescences in branched clusters at stem tips. Inflorescences axillary on flowering branches or occasionally terminal, paniculate cymes, to 11 cm.

Flower – Flowers are fragrant and small, about 5 mm (0.2 in) in diameter.

Fruit – Fruit red to black, ellipsoid to pot-shaped, 1-2 cm, 1-seeded; persistent calyx tube 1-1.5 mm.

Seed – Seed is white in color and oblong in shape.

Flowering and Fruiting Time – Flowering- Feb-Mar or Apr-May, fruiting – Jun-Sep.

Usage – Many parts of plant used as remedies in traditional medicine. Leaves and bark used against diarrhoea, dysentery, digestive ailments and fever. Leaves, bark, flowers, fruits and seeds reported to be effective in treating diabetes. Leaves and bark used to reduce blood pressure and treat bleeding gums.

FD-APFNet (IFEM) Project

Scroll to Top