





မြန်မာအမည် – သလဲသီး
အင်္ဂလိပ်အမည် – Pomegranate
ရုက္ခဗေဒအမည် – Punica granatum L.
မျိုးရင်း – Lythraceae
ပြန်နှံ့ပေါက်ရောက်ပုံ – မူရင်းဒေသအဖြစ် အီရန်နိုင်ငံမှ အိန္ဒိယမြောက်ပိုင်းအထိ ပေါက်ရောက် သည်။ ရှေးခေတ်ကတည်းက မြေထဲပင်လယ်ဒေသ တစ်လျှောက် စိုက်ပျိုးခဲ့ပြီး အမေရိကတိုက် နှင့် အခြားသော ပူနွေးခြောက်သွေ့သော ဒေသများတွင် လည်း တွင်ကျယ်စွာ စိုက်ပျိုးခဲ့သည်။
အပင်သရုပ် – ရွက်ကြွေချုံပင် သို့မဟုတ် အပင်ငယ်များဖြစ်ပြီး ၅ – ၁၀ မီတာမြင့် သည်။ ချုံပုတ်ပုံပန်းသဏ္ဌာန်ရှိနိုင်သည်။
အခေါက် – အပင်ငယ်စဉ်တွင် အချောမွတ်ပြီး နီညိုရောင်ရှိသော်လည်း အသက်ရင့် လာသည်နှင့် အမျှမီးခိုးရောင်ရှိ၍ အနည်းငယ် ကြမ်းတမ်းသည်။
အရွက် – ရွက်ဆိုင်ထွက်သည့် ရွက်ထီးတည်း အမျိုးအစားဖြစ်သည်။ လှံစွပ်ပုံ သဏ္ဍာန်ရှိ၍ အရှည် ၃ – ၇ စင်တီမီတာ နှင့် အနံ ၂စင်တီမီတာရှိသည်။
ပန်းခိုင် – အဆုံးရှိပန်းခိုင်အမျိုးအစားဖြစ်သည်။
ပန်းပွင့် – အနီရောင်ရှိပြီးတစ်ခါတစ်ရံ လိမ္မော်ရောင် သို့မဟုတ် အဖြူရှိသည်။ ပွင့်ဖတ် ပွင့်ချပ် ၅ – ၇ ခုပါရှိသော ပြွန်တစ်ခုပါရှိကာ အပွင့်များသည် အချင်း ၃ စင်တီမီတာခန့်ရှိသည်။ ၀တ်ဆံဖိုများသည် ထင်ရှား သည်။
အသီးနှင့်အစေ့– အဝိုင်းပုံဘယ်ရီသီးကဲ့သို့ဖြစ်ပြီး အချင်း 5-12 စင်တီမီတာရှိသည်။ အပြင်အခွံသည်ထူပြီး အနီရောင်မှ အဝါရောင်အထိရှိသည်။ အစေ့များ စွာပါဝင်ပြီး မာကျောသည်။
ပွင့်သီးချိန် – ပန်းပွင့်ချိန်သည် မေလမှ ဇွန်လအထိဖြစ်ပြီး သြဂုတ်လမှ အောက်တို ဘာလအထိ အသီးသီးချိန် ဖြစ်သည်။
အသုံးဝင်မှု – စားသုံးနိုင်ပြီး၊ ချက်ပြုတ်ရာတွင် အသုံးပြု၍ ဖျော်ရည်များတွင် အသုံး ပြုသည်။ အစေ့များကို မုန့်ဖုတ်ရာတွင် လည်းကောင်း၊ အလှဆင် ရာတွင်လည်းကောင်း အသုံးပြုနိုင်ပါသည်။ ရောင်ရမ်းမှု တိုက်ဖျက်ရေး၊ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းနှင့် ရောဂါပိုးမွှား တိုက်ဖျက်နိုင်သော ဂုဏ်သတ္တိများရှိသည်။






Myanmar Name – Thale-thi
Common Name – Pomegranate
Botanical Name – Punica granatum L.
Family Name – Lythraceae
Habitat – Native to the region stretching from Iran to northern India. It has been cultivated throughout the Mediterranean region since ancient times and is also widely grown in parts of the Americas and other warm, dry regions.
Habit – Deciduous shrub or small tree, typically growing to a height of 5-10 meters. It has multiple stems and can have a somewhat bushy appearance.
Bark – Smooth and reddish-brown but becomes grayish and slightly fissured with age.
Leaves – Leaves are simple,opposite , glossy, and lanceolate to oblong, 3-7 cm long and 2 cm wide.
Inflorescence – Cymose, borne on short branchlets, appear singly or in clusters of 2-3.
Flower – Bright red, sometimes orange or white, have a tubular calyx with 5-7 sepals and 5-7 petals, Flowers are about 3 cm in diameter. The stamens are numerous and prominent.
Fruit And Seed – A rounded berry, known as a pomegranate. Typically, 5-12 cm in diameter. Color: The outer skin is thick and leathery, ranging from red to yellowish-red. The seeds are angular and hard.
Flowering and Fruiting Time – Flowering time from May and June and fruiting time from August to October.
Usage – Eaten fresh, used in cooking, or processed into juice, sauces, and syrups. The seeds can be used in baking and as a garnish. Traditionally used in various cultures for its potential health benefits, including anti-inflammatory, antioxidant, and antimicrobial properties.