သော်ကကြီး

အပင်သရုပ်
ပန်းခိုင်
ပန်းပွင့်
အသီး
အစေ့ 

မြန်မာအမည် – သော်ကကြီး

အင်္ဂလိပ်အမည် – Pride of Burma, Orchid tree, Tree of heaven

ရုက္ခဗေဒအမည် – Amherstia nobilis Wall.

မျိုးရင်း – Fabaceae

ပြန်နှံ့ပေါက်ရောက်ပုံ – အပူပိုင်းအရှေ့တောင်အာရှ၊ အထူးသဖြင့် မြန်မာနိုင်ငံ ကရင်ပြည်နယ် သည်မူရင်းဒေသအဖြစ် လက်ခံထားကြသည့် အပင်ဖြစ်ပါသည်။

အပင်သရုပ် – အပင်အမြင့် ၃၀ မှ ၅၀ ပေအထိရှိသည့် အပင်လတ်မျိုး ဖြစ်ပြီး၊ ပင်စည် ဖြောင့်တန်းကာ ရွက်အုပ်ဝိုင်း၍၊ ၃ ပေခန့် ရှည်သော၊ အညိုရောင်ရှိသည့် ငှက်မွေးပုံရွက်ပေါင်း အရွက်နုများသည် တွဲလျားကျ လျက်ရှိသည်။

အခေါက် – အပင်ငယ်စဉ်တွင် အညိုရောင်သန်းသည့်မီးခိုးရောင်ရှိပြီး၊ အသက်ရင့် လာသည်နှင့်အမျှ အခေါက်သည် ထွန်သွားပုံ အကြေးခွံပုံသဏ္ဍာန် များဖြစ်လာပြီး အရောင်သည်လည်း နက်မှောင်လာသည်။

အရွက် – ရွက်လွှဲထွက်သည့် ငှက်မွေးရွက်ပေါင်း အမျိုးအစား ဖြစ်သည်။ ရွက်မွှာ ၅-၇ ရှိသည်။ အရွက်နုများသည် တွဲလျား ကျနေသည့် အညိုရောင် သန်းသည့် အစိမ်းရောင် အရွက်နုများသည် လှပမှုတစ်မျိုးအဖြစ် စွဲဆောင်သော ခံစားမှုကို ဖြစ်စေသည်။

ပန်းခိုင် – တွဲလျားကျ အဆုံးရှိပန်းခိုင်အမျိုးအစားဖြစ်သည်။ ပန်းခိုင်တွင်အပွင့် များစွာပါရှိပြီး ထူးခြားဆန်းပြားသည့် ပန်းခိုင် အနေအထားသည် သော်ကကြီးပင်၏ ထူးခြားသည့် လက္ခဏာတစ်ခုဖြစ်ပါသည်။

ပန်းပွင့် – ထိပ်တွင်အဝါရောင်ရှိသည့် အနီရောင်ပွင့်ချပ်များရှိသည့် ပန်းပွင်များ သည်ရှည်လျား၍ တွဲလောင်းကျနေသည့် ပန်းခိုင်များတွင် တစ်ပွင့်နှင့် တစ်ပွင့်လွှဲ၍ တည်ရှိပြီး၊ နှစ်ခြမ်းညီပန်းပွင့်များဖြစ်ပါသည်။

အသီးနှင့်အစေ့– အသီးတောင့်အမျိုးအစားဖြစ်ပါသည်။ .

ပွင့်သီးချိန် – ဇန်နဝါရီလမှ ဧပြီလအထိပန်းပွင့်ပြီး၊ ဧပြီလမှ ဇွန်လအထိ အသီးသီး ချိန်ဖြစ်ပါသည်။

အသုံးဝင်မှု – အရွက်၏လှပမှု၊ အပွင်၏ ထူးခြားလှပမှုကြောင့် အလှစိုက်ပင် အဖြစ် စိုက်ပျိုးကြသည်။

Habit
Inflorescence
Flower
Fruit
Seed

Myanmar Name – Thawkagyi

Common Name – Pride of Burma, Orchid tree, Tree of heaven

Botanical Name – Amherstia nobilis Wall.

Family Name – Fabaceae

Habitat – Tropical Southeast Asia; Especially Karen State of Myanmar is a plant that is accepted as the original region.

Habit – t is a medium-sized plant with a height of 30 to 50 feet. The trunk is straight and covered with leaves. About 3 feet long, The brown feather-shaped leaves are arranged horizontally.

Bark – When the plant is young, it has a brownish-gray color. As it ages, the bark becomes furrowed, scaly, and darkens in color.

Leaves – It is a type of pinnately compound leaf. There are 5-7 leflets and brownish-green foliage, which hangs together, creates an attractive sensation of beauty.

Inflorescence – Drooping terminal inflorescence and has many flowers, and the exotic position of the inflorescence is a unique characteristic of the Thawkagyi tree.

Flower – The flowers, with red petals tipped with yellow, are borne singly on long, drooping peduncles, zygomorphic.

Fruit And Seed – It is a fruit capsule type.

Flowering and Fruiting Time – Flowering from January to April; Fruiting From April to June respectively.

Usage – The beauty of the leaves Because of the unique beauty of the flower, it is cultivated as an ornamental plant.

FD-APFNet (IFEM) Project

Scroll to Top