သီးသီးပင်

အပင်သရုပ်
အခေါက်
အရွက်
ပန်းခိုင်နှင့် အပွင့်
အသီး
အစေ့

မြန်မာအမည် – သီးသီးပင်

အင်္ဂလိပ်အမည် – Wood-apple, elephant-apple

ရုက္ခဗေဒအမည် Limonia acidissima L.

မျိုးရင်း – Rutaceae

ပြန်နှံ့ပေါက်ရောက်ပုံ – မူရင်းဒေသအဖြစ် အိန္ဒိယခရိုင်နှင့် အရှေ့တောင်အာရှ အပူပိုင်းဒေသ တို့တွင်တွေ့ရသည်။ ခြောက်သွေ့သော သစ်တောများတွေ့ရှိနိုင်သည်။

အပင်သရုပ် – အမြင့်မှာ ၉ မှ ၁၅ မီတာ ထိရှိနိုင်ပြီး ကြီးထွားမှုနှေးသည်။ ရွက်အုပ် ကောင်းမွန်၍ ပင်စည် လုံးပတ်ကြီးသည်။

အခေါက် – အပင်ရင့်လာသည်နှင့်အမျှ ကြမ်းတမ်းပြီး အညိုရောင်ရှိ၍ အက်ကွဲလာ သည်။

အရွက် – ရွက်ပေါင်းအမျိုးအစားဖြစ်၍ ၅ – ၁၅ စင်တီမီတာခန့် အထိရှည်သည်။ ရွက်မွှာ များသည် လှံစွပ်ပုံသဏ္ဍာန် ရှိ ပြီးရွက်နားညီသည်။

ပန်းခိုင် – ထိပ်ထွက် ကြားထွက်သည့်ပန်းခိုင်ပေါင်းအမျိုးအစားဖြစ်သည်။

ပန်းပွင့် – လိင်စုံသော ပန်းပွင့်များဖြစ်ပြီး အရွယ်သေးငယ်ကာ စိမ်းဖျော့ဖျော့ အရောင်ရှိသည်။ ပွင့်ချပ် ၅ ခုပါရှိပြီး ရနံ့မွှေးသည်။

အသီးနှင့်အစေ့– လုံးဝန်း၍ အခွံမာကျောပြီး အချင်း ၅ မှ ၁၂ စင်တီမီတာအထိ ရှိနိုင်သည်။ အသီးခွံသည် ကြမ်းတမ်း ပြီး အထဲတွင်အဖြူရောင် အစေ့များစွာပါရှိပြီး စေးကပ် သော အညိုရောင်အဖတ်ဖုံးအုပ်ထားသည်။ အဖတ်သည် စားသုံးနိုင်ပြီး ချိုချဉ်အရသာရှိသည်။

ပွင့်သီးချိန် – မတ်လမှ မေလအထိ ပန်းပွင့်ပြီး အောက်တိုဘာလမှ ဒီဇင်ဘာလအထိ အသီးသီးချိန်ဖြစ်သည်။

အသုံးဝင်မှု – စားသုံးနိုင်ပြီး အဖျော်ယမကာများတွင် အသုံးပြုသည်။ ဆေးဖက်ဆိုင် ရာတွင် အစာခြေလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ အသက်ရှုလမ်း ကြောင်းဆိုင်ရာ ဝေဒနာများနှင့် ရောင်ရမ်းမှုကို ဆန့်ကျင်သည့်ဆေး အဖြစ်အသုံးပြုသည်။ သစ်သားကို ကိရိယာလက်ကိုင်များ ပြုလုပ် သည်။

Habit
Bark
Leaf
Inflorescence and flowers
Fruit
Seed

Myanmar Name – Thee-thee-pin

Common Name – Wood-apple, elephant-apple

Botanical Name – Limonia acidissima L.

Family Name – Rutaceae

Habitat – Native to the Indian subcontinent and Southeast Asia. It thrives in tropical and subtropical climates and is often found in dry and deciduous forests, as well as in cultivated lands and roadside areas.

Habit – a slow-growing tree that can reach heights of 9 to 15 meters (30 to 50 feet). The tree has a rounded crown with a dense canopy.

Bark – Rough and grayish-brown, often fissured and cracked as the tree matures.

Leaves – Compound, typically 5 to 15 cm long, and consist of several small leaflets. The leaflets are ovate to lanceolate, with a smooth margin and a leathery texture.

Inflorescence – Terminal or axillary panicle, which means it can grow at the ends of branches or from the axils of leaves.

Flower – Small, greenish-white, and bisexual, possessing both male and female reproductive organs. They typically have five petals and are aromatic.

Fruit And Seed – Hard-shelled berry, round to oval, and can be 5 to 12 cm in diameter. The rind is tough and woody, enclosing a sticky, brown pulp that contains numerous small, white seeds. The pulp is edible and has a sweet and sour flavor.

Flowering and Fruiting Time – Flowering from March to May. Fruiting October from to December.

Usage – Consumed fresh or used in beverages, jams, and chutneys. Medicinal: Traditionally used in Ayurveda and other herbal medicines for treating digestive disorders, respiratory ailments, and as an anti-inflammatory agent. The wood is used for making tool handles and other small wooden items.

FD-APFNet (IFEM) Project

Scroll to Top