





မြန်မာအမည် – သင်္ဘောကုက္ကို
အင်္ဂလိပ်အမည် – Saman, Rain tree, Monkeypod
ရုက္ခဗေဒအမည် – Samanea saman (Jacq.) Merr.
မျိုးရင်း – Fabaceae
ပြန်နှံ့ပေါက်ရောက်ပုံ – မြောက်တောင်အမေရိက အပူပိုင်းဒေသ၊ အရှေ့တောင်အာရှ အပါ အဝင် အပူပိုင်းဒေသ အနှံ့အပြားတွင် စိုက်ပျိုးပြီး သဘာဝ အလျောက် ပေါက်ရောက်သည်။
အပင်သရုပ် – ရွက်ကြွေ အပင်ကြီးမျိုးဖြစ်ပြီး အမြင့် 25 မီတာအထိမြင့်သည်။ ရွက်အုပ်သည် ထီးပုံသဏ္ဍာန် ဖြန့်ကြက်ထားသော သရဖူပုံရှိသည်။ အချင်း သည် သစ်ပင်၏ အမြင့်ထက် ကျော်လွန်သည်။
အခေါက် – အခေါက်သည် အညိုရင့်ရောင်ရှိပြီး အသက်ကြီးလာသည်နှင့်အမျှ အခေါက်အကြေးခွံဖတ်များကွာကြလာသည်။
အရွက် – အရွက်သည် နှစ်ဆင့်ငှက်မွေးရွက်ပေါင်းအမျိုးအစားဖြစ်ပြီး ထပ်ဆင့် ငှက်မွေးရွက် ၂-၁၀ စုံပါရှိသည်။ ထပ်ဆင့်ငှက်မွေးရွက်တွင် ရွက်မွှာများ ၃-၉ စုံပါရှိပြီး၊ ဘဲဥနှစ်ခြမ်းပုံနှင့်ဆက်တူပြီး အရှည် ၁.၅-၆ စင်တီမီတာ၊ အကျယ် ၀.၇-၄ စင်တီမီတာရှိသည်။
ပန်းခိုင် – ပန်းခိုင်များသည် အကိုင်းအခက်ထိပ်အညွန့်များပေါ်ရှိ အရွက်များ၏ ဝင်ရိုးကြားမှ ထွက်သည့် ကြားထွက် ပန်းခိုင်များဖြစ်ပြီး ပန်းပွင့် ၁၂-၂၅ ပွင့်ပါရှိသော ဦးခေါင်းငယ်ပန်းခိုင်တစ်ခုဖြစ်သည်။
ပန်းပွင့် – ပန်းပွင့်များသည် အဖြူနှင့် အနီရောင် ၀တ်ဆံဖိုများပါရှိသော ပန်းနုရောင်အပွင့်များဖြစ်ပြီး ဦးခေါင်းငယ် ပန်းခိုင်တွင် ၁၂-၂၅ ပွင့် ခန့် ရှိသည်။
အသီး – အသီးသည် ကျယ်ပြန့်သော လှံသွားပုံရှိပြီး မအက်ကွဲသည့် အသီး တောင့်အမျိုးအစားဖြစ်သည်။ အသီးတောင့်သည် ပြာချပ်၍ အတွင်းသားသည် ပျော့အိသောအနှစ်ရှိကာ အစေ့ ၅-၂၀ စေ့ပါရှိသည်။
အစေ့ – အစေ့များသည် အီလစ်ပုံရှိကာ မျက်နှာပြင်နှစ်ဖက်ခုံးလျက်ရှိပြီး အရွယ်အစားမှ ၈-၁၁ မီလီမီတာရှည်၍ ၅-၇.၅ မီလီမီတာ ဗျက်ရှိသည်။
ပွင့်သီးချိန် – မတ်လမှ မေအထိ ပွင့်သီးခြင်းဖြစ်ပေါ်သည်။
အသုံးဝင်မှု – အစေ့များကို မွေးမြူရေးအတွက် အာဟာရဖြစ်စေသော အစာအဖြစ် အသုံးပြုသည်။ ကော်ဖီ၊ လက်ဖက်၊ ကိုကိုး ကဲ့သို့သောသီးနှံများ အတွက်အရိပ်ပေးရန်အတွက် စိုက်ခင်းများစိုက်ပျိုးကြသည်။






Myanmar Name – Thinbaw-Kokko
Common Name – Saman, Rain tree, Monkeypod
Botanical Name – Samanea saman (Jacq.) Merr.
Family Name – Fabaceae
Habitat – Northern tropical South America. It is now cultivated and naturalized throughout the tropics, including South-East Asia.
Habit – Deciduous to evergreen tree up to 25 m high with an umbrella-shaped spreading crown whose diameter surpasses the tree’s height.
Bark – Dark brown, becoming more fissured with age, and peeling off in long fibrous strips.
Leaves – leaves bipinnate with 3‒9 pairs of pinnae each with 2‒10 pairs of leaflets, oblique-ovate to elliptical or sub- rhomboid, 1.5‒6 cm long, 0.7‒4 cm wide.
Inflorescence – Inflorescence are an umbelliform head with 20-25 flower in group of 2-5 heads in the axils of leaves on actively growing shoots, with exposed.
Flower – Flowers are pinkish flowers with white and red stamens, set on heads with around 12–25 flowers per head.
Fruit – Fruit is a broadly liner, compressed, indehiscent pod, 10-22 cm long x 1.5-2.2 cm wide x 0.5-1 cm thick; the mesocarp is pulpy, sweetish; there are 5-20 seeds/pod.
Seed – Seeds are ellipsoid, strongly biconvex, 8-11 mm long x 5-7.5 mm wide, with a characteristic U-shaped.
Flowering and Fruiting Time – March to May
Usage – Nutritious seedpods used as fodder for livestock. Trees used in plantations to provide shade for crops like coffee, tea, cocoa, nutmeg and vanilla.