



မြန်မာအမည် – တွင်းနက်ကတိုး
အင်္ဂလိပ်အမည် – Black creeper
ရုက္ခဗေဒအမည် – Ichnocarpus frutescens (L.) W.T.Aiton
မျိုးရင်း – Apocynaceae
ပြန်နှံ့ပေါက်ရောက်ပုံ – မူရင်းဒေသအဖြစ် တရုတ်၊ အိန္ဒိယ၊ အရှေ့တောင် အာရှနှင့် သြစတြေးလျမြောက် ပိုင်း တွင်ပေါက်ရောက်သည်။
အပင်သရုပ် – သစ်ပင်များ၊ တိုင်များ၊ ထောက်တိုင်များပတ်ပတ်လည်တွင် ပတ်၍ပေါက်၍ အမြင့်ဆုံးအလျား ၃၃ ပေခန့်ရှိသော သစ်မာ နွယ်တက်ပင် ဖြစ်သည်။
အခေါက် – အပင်ငယ်စည်တွင် အခေါက်သည်ချောမွေ့ပြီး အညိုဖျော့ဖျော့ ဖြစ်ပြီး၊ အသက်ရင့်လာသည်နှင့်အမျှ အခေါက်သည် အညို ရောင် သို့မဟုတ် မီးခိုးရောင် အဆင်းအရောင်များ ဖြစ်ပေါ် လာပါသည်။
အရွက် – ရွက်ထီး ရွက်ဆိုင်အမျိုးအစားဖြစ်ပြီး ဘဲဉပုံသဏ္ဍာန်ရှိ၍ ၄ လက်မခန့်အထိရှည်သည်။
ပန်းခိုင် – အဆုံးမရှိပန်းခိုင်အမျိုးအစားဖြစ်ပြီး၊ ပွင့်ချပ်အုံပြွန်အတွင်းထဲ တွင် အမွှေးများပါရှိသည်။
ပန်းပွင့် – ပန်းပွင့် သေးငယ်ပြီး အဖြူရောင်မှ အဝါဖျော့ဖျော့အထိရှိပြီး ၁.၀ စီတီမီတာခန့်ရှိသည်။ မွှေးကြိုင် ပြီး ဝတ်မှုန်ကူးသူများကို ဆွဲဆောင်သည်။
အသီးနှင့်အစေ့– တမြောင်းကွဲအသီးတောင့် အမျိုးအစား ဖြစ်ပါသည်။
ပွင့်သီးချိန် – မေလမှ ဇူလှိုင်လ အထိ ပန်းပွင့်ပြီး၊ ဩဂုတ်လမှ နိုဝင်ဘာလအထိ အသီးသီးချိန်ဖြစ်ပါသည်။
အသုံးဝင်မှု – အဆစ်မြစ်ယောင်ရောဂါ၊ ပန်းနာရောဂါ၊ ကာလဝမ်းရောဂါ၊ အဖျားရောဂါ တို့ကို ကုသနိုင်ပြီး၊ လေရောဂါ၊ သွေး ဖောက်ပြန် ခြင်း ရောဂါများကို ပျောက်ကင်းနိုင်သည်။




Myanmar Name –
Common Name – Black creeper
Botanical Name – Ichnocarpus frutescens (L.) W.T.Aiton
Family Name – Apocynaceae
Habitat –
Habit –
Bark –
Leaves –
Inflorescence –
Flower –
Fruit –
Seed –
Flowering and Fruiting Time –
Usage –