



မြန်မာအမည် – ပိတ်ချင်း/ ငရုတ်ကောင်း
အင်္ဂလိပ်အမည် – Black pepper
ရုက္ခဗေဒအမည် – Piper nigrum L.
မျိုးရင်း – Piperaceae
ပြန်နှံ့ပေါက်ရောက်ပုံ – အိန္ဒိယတောင်ပိုင်းတွင် ပေါက်ရောက်သော ပန်းပွင့်နွယ်ပင် ဖြစ် ပြီး မူရင်းဒေသအဖြစ်လက်ခံထားသည့်အပင်ဖြစ်သည်။
အပင်သရုပ် – သစ်ပင်များ၊ တိုင်များ၊ ထောက်တိုင်များပတ်ပတ်လည်တွင် ပတ်၍ပေါက်သော နှစ်ရှည်ပင်တက်နွယ်ပင်ဖြစ်ပြီး အမြင့်ပေ ၂၅ ပေ ကျော်ခန့်အထိနွယ်တက်နိုင်ပါသည်။
အခေါက် – အပင်ငယ်စည်တွင် အခေါက်သည်ချောမွေ့ပြီး အညိုဖျော့ဖျော့ ဖြစ်ပြီး၊ အသက်ရင့်လာသည်နှင့်အမျှ အခေါက်သည် အညို ရောင် သို့မဟုတ် မီးခိုးရောင် အဆင်းအရောင်များ ဖြစ်ပေါ် လာပါသည်။
အရွက် – ရွက်ဆိုင်ထွက်သည့် ရွက်ထီး အမျိုးအစားဖြစ်ပြီး နှလုံးပုံ သဏ္ဍာန်ရှိပါသည်။
ပန်းခိုင် – တွဲလျားကျ အဆုံးမရှိပန်းခိုင်အမျိုးအစားဖြစ်သည်။ ပန်းခိုင် တွင်သွယ်လျသေးငယ်သော အပွင့်များစွာရှိသည်။
ပန်းပွင့် – သေးငယ်သော အဖြူရောင်ပွင့်များ ထူထပ်စွာဖွဲ့စည်းထားပြီး တွဲလျားကျနေသော ပွင့်ညှာမဲ့ပန်းပွင့်ဖြစ်သည်။
အသီးနှင့်အစေ့– အသီးနုစဉ်တွင် အစိမ်းရောင်ရှိပြီး ရင့်မှည့်သည့်အချိန်တွင် အဝါနုရောင်မှအညိုရောင်ရှိသည်။ အခွံမာကျောပြီး၊ အဝိုင်း အချင်း ၄ မှ ၆ မီလီမီတာခန့်ရှိသည်။
ပွင့်သီးချိန် – ဇွန်လမှ ဇူလှိုင်လအထိ ပန်းပွင့်ပြီး၊ စက်တင်ဘာလမှ အောက် တိုဘာလအထိ အသီးသီးချိန်ဖြစ်သည်။
အသုံးဝင်မှု – ငှက်ဖျားရောဂါတွင် ငရုပ်ကောင်းစေ့ နှင့် တမာခေါက်ပြုတ် ရော၍ သောက်က သက်သာစေသည်။ ငရုပ်ကောင်းစေ့ကို နနွင်း ၊ ရှိန်းခိုတို့ နှင့် ရော၍ သောက်ပါက နာတာရှည်ဝမ်းပျက် ရောဂါကို ပျောက်ကင်းစေသည်။




Myanmar Name –
Common Name – Black pepper
Botanical Name – Piper nigrum L.
Family Name – Piperaceae
Habitat –
Habit –
Bark –
Leaves –
Inflorescence –
Flower –
Fruit –
Seed –
Flowering and Fruiting Time –
Usage –