




မြန်မာအမည် – ထင်းရှုးပဒေသာ
အင်္ဂလိပ်အမည် -Norfolk Island pine, star pine, Polynesian pine, triangle tree, living Christmas tree
ရုက္ခဗေဒအမည် – Araucaria heterophylla (Salisb.) Franco
မျိုးရင်း – Araucariaceae
ပြန်နှံ့ပေါက်ရောက်ပုံ -ပစိဖိတ်ဒေသ၊ Norfolk Island ရှိ စိုစွတ်သည့် အပူပိုင်းဒေသ သစ်တော များတွင် မူရင်းဒေသအဖြစ်ပေါက်ရောက်သည်။
အပင်သရုပ် – ကြီးထွားမှုနှေးသည့် အပင်ကြီးမျိုးဖြစ်ပြီး ဖြောင့်တန်းသောဒေါင်လိုက် ပင်စည်တွင် အချိုးကျသော ဘေးကိုင်းတက်များ အရပ်လေးမျက်နှာသို့ ရေပြင်ညီထွက်ကာ အမြင့် ၅၀-၆၅ မီတာထိ ရှိနိုင်သည်။
အခေါက် – အခေါက်သည် မီးခိုးရောင်ရှိကာ ကြမ်းတမ်းသည့် သေးငယ်သည့် အကြေး ခွံများရှိသည်။
အရွက် – အသက်ရင့်လာသောအပင်များတွင် အရွက်များသည် အပ်ပုံသဏ္ဍာန် အရွက်များရှိပြီး အစိမ်းရောင်ရှိသည်။ ပြောင်ချော၍ တောင့်တင်း မာကြောသည်။ ရွက်ထိပ်ချွန်သည်။
ပန်းခိုင်နှင့်ပန်းပွင့်– အဖိုပန်းများသည် သေးငယ်သော အညိုရောင် cones ပန်းခိုင်တွင် ပွင့်ကြပြီး၊ အမပန်းပွင့်များသည် ထင်းရှုးပွင့်နှင့်တူညီပြီး အရောင်မှာ အစိမ်းရောင်ရှိသည်။
အသီး– အသီးသည်လုံးဝိုင်းပုံရှိပြီး နုစဉ်အစိမ်းရောင်ရှိကာ ရင့်မှည့်လာပါက အညိုရောင်ပြောင်းသွားသည်။ အရွယ်အစားမှာ ၁၂-၁၅ စင်တီမီတာရှိ သည်။
အစေ့– သစ်စေ့သည် ပြားချပ်ပြီး အဖြူရောင်တောင်ပံပါရှိသည်။
အသုံးဝင်မှု – အလှစိုက်ပင်အဖြစ်စိုက်ပျိုးကြသည်။ အစေ့ကိုစားသုံးနိုင်သည်။





Myanmar Name – Htinshu-paday-tha
Common Name –Norfolk Island pine, star pine, Polynesian pine, triangle tree, living Christmas tree
Botanical Name – Araucaria heterophylla (Salisb.) Franco
Family Name – Araucariaceae
Habitat – It is native to the wet tropical forests of Norfolk Island in the Pacific Ocean.
Habit – The tree is slow growing and can reach a height of 50–65 m, with straight vertical trunks and symmetrical branches.
Bark – It is gray-brown, rough, and fissured. It exfoliates in fine scales, becoming darker and breaking into smaller plates with age.
Leaves – Juvenile leaves are needle-like and green, while adult leaves are scale-like and dark green.
Inflorescence and Flower – The flowers bloom in small brown cones. The female flowers are the same color as the pine flower.
Flower – Crinkled, crepe-like petals that come in a range of colors, including white, pink, red, lavender, and purple. Each flower has six petals.
Fruit – The fruit is round, light green, and turns brown when ripe. The size is 12-15 cm.
Seed – Seed are flattened with wing, white.
Usage – Cultivated as an ornamental plant. The seeds can be eaten.