ဆေးခါးကြီး

မြန်မာအမည် – ဆေးခါးကြီး

အင်္ဂလိပ်အမည် – King of bitter

ရုက္ခဗေဒအမည် Andrographis paniculata (Burm.f.) Wall. ex Nees.

မျိုးရင်း – Acanthaceae

ပြန်နှံ့ပေါက်ရောက်ပုံ – မူရင်းဒေသအဖြစ် အိန္ဒိယနှင့် သီရိလင်္ကာ၊ တောင်အာရှ နိုင်ငံများနှင့် ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံတို့ကဲ့သို့ အရှေ့တောင် အာရှနိုင်ငံများတွင် ပေါက်ရောက်သည်။

အပင်သရုပ် – တစ်နှစ်ခံပင်ပျော့ဖြစ်ပြီး ၂ ပေခန့် အမြင့်ရှိပြီး၊ အကိုင်းအခက် များ သေးသွယ်ပြီး လေးထောင့်ရှိ၍၊ သေးငယ်သောအဖြူရောင် အမွှေးလေးတွေ ဖုံးထားသည်။

အခေါက် – ကြမ်းတမ်းသောအသွင်အပြင်နှင့် နက်ရှိုင်းသောအစိမ်း မှအညို ရင့်ရောင်ရှိကာ အပင်ကြီးရင့်လာသည်နှင့်အမျှ ထွန်သွား ပုံသဏ္ဍာန် အက်ကွဲကြောင်းပေါ်သည်။

အရွက် – ရွက်စွယ်ကင်းမဲ့၍ ရွက်ဆိုင်ထွက်ရှိသော ပန်းခိုင်အမျိုးအစား ဖြစ်သည်။ သေးသွယ် သော အီလစ်ပုံစံ elliptic oblong ပုံစံရှိသည်။

ပန်းခိုင် – ကြားထွက် ထိပ်ထွက် ပန်းခိုင်ပေါင်းဖြစ်ပြီး၊ အဖြူရောင် ပန်းပွင့် သည် ၅ မီလီမီတာခန်အချင်းရှိပြီး၊ လိင်စုံပန်းခိုင် ဖြစ်သည်။

ပန်းပွင့် – သေးငယ်သောအကိုင်းအခက်များထိပ်တွင် ကျစ်လစ်သိပ်သည်း သော ပြွတ်များဖြင့် ဖွဲ့စည်းထားသည်။ ပန်းတစ်ပွင့်စီတွင် အစိမ်းရောင် ပွင့်ဖတ် နှင့် အဖြူရောင် ပွင့်ချပ် ပါ၀င်ပြီး အနည်း ငယ် အချိုးမညီသော အသွင်အပြင်ရှိသည်။

အသီးနှင့်အစေ့– အက်ကွဲသီးဖြစ်ပြီး အဝါရောင် ၇ မှ ၁၄ အစေ့အထိပါရှိသည်။

ပွင့်သီးချိန် – ဩဂုတ်လမှ အောက်တိုဘာလအထိပန်းပွင့်ပြီး၊ နိုဝင်ဘာလမှ ဇန်နဝါရီလအထိအသီးသီးချိန်ဖြစ်သည်။

အသုံးဝင်မှု – ပဉ္စငါးပါးကို အဖျားကျဆေး၊ အားတိုးဆေး၊ လေကြေဆေး အဖြစ် ဖော်စပ် အသုံးပြုသည်။

Myanmar Name – 

Common Name – King of bitter

Botanical Name – Andrographis paniculata (Burm.f.) Wall. ex Nees.

Family Name – Acanthaceae

Habitat –

Habit

Bark

Leaves –

Inflorescence

Flower –

Fruit – .

Seed

Flowering and Fruiting Time

Usage – 

FD-APFNet (IFEM) Project

Scroll to Top